• Local Celebrity
    သမီးလေးရဲ့ လုပ်ရပ်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းလ်
Ei Ei Myat
[Unicode Version]

စမိုင်းလ်ဟာ သမီးလေးရဲ့ လုပ်ရပ်တစ်ခုကြောင့် ပီတိမျက်ရည်တွေ ကျခဲ့ရပါတယ်။ သမီးငယ်လေးဟာ ရင်သားကင်ဆာ ခံစားရတဲ့ သူတွေအတွက် သူ့ရဲ့ ဆံပင်အရှည်လေးကို ဖြတ်ပြီး လှူဒါန်းခဲ့တာတဲ့။

38085028_2025320240835824_5321614674750341120_n.jpg

Photo : စမိုင်း FB

 

မိသားစုနဲ့အတူ သရုပ်ဆောင် စမိုင်းလ်ဟာ ခရီးတွေ ဆက်တိုက်သွားနေပါတယ်။ ခရီးသွားနေရင်းနဲ့ သမီးငယ်လေးရဲ့ လုပ်ရပ်တစ်ခုကြောင့် စမိုင်းလ်မှာ မျက်ရည်မှာ ပီတိမျက်ရည်တွေ ကျခဲ့ရပါသေးတယ်။သမီးငယ်လေးဟာ သူ့ရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး ရင်သားကင်ဆာဖြစ်ခဲ့တဲ့ အဖွားအတွက် ရည်ရွယ်ပြီး ကင်ဆာဖြစ်နေတဲ့ သူတွေအတွက် ဆံပင်အတု ချုပ်ဖို့ အလှူလုပ်ခဲ့တာပါ။

38149355_2025320444169137_4951611084810223616_n.jpg

Photo : စမိုင်း FB

ခင်ပွန်းဖြစ်သူ လိမ္မာလို့ စိတ်ရောလူရော ချမ်းသာနေရတဲ့ စမိုင်းလ် 

အဲ့ဒါနဲ့ ပတ်သက်ပြီး စမိုင်းလ်က ယခုလို ရေးသားထားပါသေးတယ်။

"လိမ္မာတဲ့သမီးလေးအတွက်ကျရတဲ့ပီတိမျက်ရည်.. breast cancer ဖြစ်ခဲ့တဲ့အဖွားအတွက်ရည်ရွယ်ပြီး သူအမြတ်တနိုးထားတဲ့ဆံပင်ကိုဖြတ်ပြီး cancer သမားတွေအတွက် ဆံပင်တုချုပ်ဖို့လှူပေးခဲ့တယ်.. မေကြီးရောက်ရာဘုံဘဝကနေမြင်နိုင်မယ်ဆိုကျေနပ်မှာပါ..လိမ္မာတဲ့ အမေ့ရဲ့ မြေးလေးအတွက် " ဆိုပြီး သြဂုတ်လ(၁) ရက်နေ့ စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

38135249_2025320214169160_4072167757305610240_n.jpg

Photo : စမိုင်း FB

 

သမီးလေးရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း ချီးကျူးလို့ မဆုံး ဖြစ်နေကြပါတယ်။ စိတ်ထားကောင်းလှတဲ့ သမီးလေးအတွက် ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်နေကြပါတယ်။

စမိုင်းတို့မိသားစုဟာ လက်ရှိမှာ ခရီးတွေ ဆက်တိုက်ဆိုသလို သွားနေတာ တွေ့ရပါတယ်။ အလှူအတန်းတွေမှာ ရက်ရောလှတဲ့ သူတို့မိသား စုလေးဟာ ရေဘေးသင့်ပြည်သူများအတွက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်မလှူတန်းနိုင်ပေမယ့် သစ်တံခါး ဆရာတော် ဖောင်ဒေး ရှင်း ကနေ အလှူငွေ လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

35802212-1956939921007190-247050148113285120-n.jpg

Photo : စမိုင်း FB

 

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင် ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

34559164-1938753172825865-1746959968914898944-n.jpg

Photo : စမိုင်း FB

 

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်း တစ် ယောက်ဖြစ်လို့နေပါပြီ။

[Zawgyi Version]

စမိုင္းလ္ဟာ သမီးေလးရဲ႕ လုပ္ရပ္တစ္ခုေၾကာင့္ ပီတိမ်က္ရည္ေတြ က်ခဲ့ရပါတယ္။ သမီးငယ္ေလးဟာ ရင္သားကင္ဆာ ခံစားရတဲ့ သူေတြအတြက္ သူ႕ရဲ႕ ဆံပင္အရွည္ေလးကို ျဖတ္ၿပီး လွဴဒါန္းခဲ့တာတဲ့။

Photo : စမိုင္း FB

 

မိသားစုနဲ႕အတူ သရုပ္ေဆာင္ စမိုင္းလ္ဟာ ခရီးေတြ ဆက္တုိက္သြားေနပါတယ္။ ခရီးသြားေနရင္းနဲ႕ သမီးငယ္ေလးရဲ႕ လုပ္ရပ္တစ္ခုေၾကာင့္ စမိုင္းလ္မွာ မ်က္ရည္မွာ ပီတိမ်က္ရည္ေတြ က်ခဲ့ရပါေသးတယ္။သမီးငယ္ေလးဟာ သူ႕ရဲ႕ ဆံပင္အရွည္ကို ျဖတ္ၿပီး ရင္သားကင္ဆာျဖစ္ခဲ့တဲ့ အဖြားအတြက္ ရည္ရြယ္ၿပီး ကင္ဆာျဖစ္ေနတဲ့ သူေတြအတြက္ ဆံပင္အတု ခ်ဳပ္ဖို႕ အလွဴလုပ္ခဲ့တာပါ။

Photo : စမိုင္း FB

ခင္ပြန္းျဖစ္သူ လိမၼာလို႔ စိတ္ေရာလူေရာ ခ်မ္းသာေနရတဲ့ စမိုင္းလ္ 

အဲ့ဒါနဲ႕ ပတ္သက္ၿပီး စမိုင္းလ္က ယခုလုိ ေရးသားထားပါေသးတယ္။

"လိမၼာတဲ့သမီးေလးအတြက္က်ရတဲ့ပီတိမ်က္ရည္.. breast cancer ျဖစ္ခဲ့တဲ့အဖြားအတြက္ရည္ရြယ္ၿပီး သူအျမတ္တႏိုးထားတဲ့ဆံပင္ကိုျဖတ္ၿပီး cancer သမားေတြအတြက္ ဆံပင္တုခ်ဳပ္ဖို႔လွဴေပးခဲ့တယ္.. ေမႀကီးေရာက္ရာဘုံဘဝကေနျမင္ႏိုင္မယ္ဆိုေက်နပ္မွာပါ..လိမၼာတဲ့ အေမ့ရဲ႕ ေျမးေလးအတြက္ " ဆိုၿပီး ၾသဂုတ္လ(၁) ရက္ေန႕ စမိုင္းလ္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo : စမိုင္း FB

 

သမီးေလးရဲ႕ အလွဴေလးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြလည္း ခ်ီးက်ဴးလို႕ မဆံုး ျဖစ္ေနၾကပါတယ္။ စိတ္ထားေကာင္းလွတဲ့ သမီးေလးအတြက္ ပရိသတ္ေတြအားလံုးကလည္း သာဓုေခၚေနၾကပါတယ္။

စမိုင္းတို႕မိသားစုဟာ လက္ရွိမွာ ခရီးေတြ ဆက္တိုက္ဆိုသလို သြားေနတာ ေတြ႕ရပါတယ္။ အလွဴအတန္းေတြမွာ ရက္ေရာလွတဲ့ သူတို႕မိသား စုေလးဟာ ေရေဘးသင့္ျပည္သူမ်ားအတြက္လည္း ကိုယ္တိုင္ကိုယ္က် သြားေရာက္မလွဴတန္းႏိုင္ေပမယ့္ သစ္တံခါး ဆရာေတာ္ ေဖာင္ေဒး ရွင္း ကေန အလွဴေငြ လွဴဒါန္းျဖစ္တယ္လို႕ သိရပါတယ္။

Photo : စမိုင္း FB

 

သရုပ္ေဆာင္ စမုိင္းလ္တုိ႔ ဇနီးေမာင္ႏွံဟာ ကိုယ္ပုိင္စီးပြားေရးေတြလည္း အမ်ားႀကီးပုိင္ဆုိင္ထားသလုိ ကုိယ္ပုိင္ရုပ္ရွင္ ထုတ္လုပ္ေရး ကုိလည္း စီစဥ္ေဆာင္ရြက္ေနသူတစ္ဦးပါ။ ဒီလုိပုိင္ဆုိင္မႈေတြ ရွိလာႏုိင္ေအာင္လည္း ခင္ပြန္းျဖစ္သူက အလုပ္ႀကိဳးစားသလုိ သူကုိယ္တုိင္ ကလည္း အိမ္ေထာင္မႈကုိ စနစ္တက်ထိန္းသိမ္းခဲ့ရတယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

Photo : စမိုင္း FB

 

စမုိင္းလ္ဟာ အခုဆုိရင္ေတာ့ အားကုိးရတဲ့ ခင္ပြန္းရယ္၊ ခ်စ္စရာေကာင္းတဲ့ သမီးေလး ၂ ေယာက္ရယ္ကုိ ပုိင္ဆုိင္ထား တဲ့ အိမ္ရွင္မေကာင္း တစ္ ေယာက္ျဖစ္လုိ႔ေနပါၿပီ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs