• Local Celebrity
    ဘားအံနဲ့သထုံကြားက ရေဘေးသင့်ကျေးရွာတွေဆီ သွားလှူမယ့် ခင်ဝင့်ဝါ
Sabal Thwin
[Unicode Version]

အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူ အတန်း တွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ သြဂုတ်လ ၇ ရက်နေ့မှာလည်း Online Donation Group ပရဟိတအဖွဲ့ နဲ့လက်တွဲ ပြီး သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

38207519_2188447848045615_7367282575355674624_n.jpg

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူအတန်းတွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီဘက်မှာလည်း ကယ်ဆယ်ရေးစခန်းပေါင်း ၉ ခုရှိပြီး အိမ်ထောင်စု ၁၅၀၀ ခန့် မှီခိုနေရတဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။

'' လက်ရှိ အခြေအနေအရ ဘားအံနဲ့ သထုံကြားက မြိုင်ကလေးမှာလည်း ကယ်ဆယ်ရေးစခန်း ပေါင်း ၉ စခန်းလောက်ရှိနေပြီး အိမ်ထောင်စု ၁၅၀၀ ခန့် ရေဘေးရှောင် မှီခို လျက်ရှိနေပြီး အတွင်းရွာတွေမှာ ခန့်မှန်းခြေ ရွာ ၃ရွာ အိမ်ထောင်စု ၇၀၀ခန့် ဆန် ဆီ ဆား အသင့်စား သုံးကုန်များ အခြောက်အခြမ်း လုံလောက်မှုမရှိဘူး'' လို့ သူကပြောပါတယ်။

38264019_2188447974712269_916778254143062016_n.jpg

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

ဝိုင်းလေးသတင်းကြောင့် ရူးမတက်စိတ်ပူခဲ့ရတဲ့ ခင်ဝင့်ဝါ 

အလှမယ်ခင်ဝင့်ဝါဟာ Online Donation Group ပရဟိတအဖွဲ့နဲ့လက်တွဲပြီး ရေဘေးဒဏ်သင့်နေတဲ့ ကျေးရွာတွင်းက ပြည်သူတွေအတွက် သြဂုတ်လ ၇ ရက်နေ့က စပြီးသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

''Online Donation Group မှ စေတနာရှင်များနှင့်လက်တွဲပြီး ၇ရက်နေ့တွင် သွားရောက်ခါ လိုအပ်သည့် ပစ္စည်းများသွားရောက် လှူဒါန်း မည်ဖြစ်ပါသောကြောင့် အလှူထည့်ဝင်လိုသော စေတနာရှင်များ ဆက်သွယ်လှူဒါန်းပေးစေလိုပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ခင်ဝင့်ဝါရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

38404654_2188447841378949_3508452754244763648_n.jpg

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

ဒီ အလှူနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက အလှူငွေ ၁ သိန်း၊ ပိုင်တံခွန်က အလှူငွေ ၁ သိန်း၊ ည မင်းသမီးချောလေး Nang Tracy  က ၅ သောင်း၊ အဆိုတော်နွေးနွေးချစ်ဖွယ်က ၅ သောင်းကျပ်စီလှူဒါန်းခဲ့ကြပြီး အခြားအနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများရဲ့ လှူဒါန်းငွေအဖြစ် ၂၅ သိန်း ၅ သောင်း၊ လှူဒါန်းငွေအားလုံး စုစုပေါင်း ၅၅သိန်း ကျပ် ရရှိထားတယ်လို့ သိရပါတယ်။

38391277_2188447861378947_7449021811657801728_n.jpg

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

ခင်ဝင့်ဝါဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်လို့လာပါတယ်။ လက်ရှိမှာလည်း Miss Myanmar Charity Group ဆိုတဲ့ ပရဟိတအဖွဲ့နဲ့အတူတူလည်း အလှူတွေလုပ်နေတာကို တွေ့ရပါတယ်။

[Zawgyi Version]

အလွမယ္ခင္ဝင့္ဝါတစ္ေယာက္ ဘားအံၿမိဳ႔နဲ႔ သထုံၿမိဳ႔ေတြၾကားမွာရွိတဲ့ ေရေဘးသင့္ေက်းရြာငယ္ေလးေတြအတြက္ အလွဴ အတန္း ေတြ သြား လုပ္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ ၾသဂုတ္လ ၇ ရက္ေန႔မွာလည္း Online Donation Group ပရဟိတအဖြဲ႕ နဲ႔လက္တြဲ ၿပီး သြားေရာက္လွဴဒါန္းမယ္လုိ႔ သိရပါတယ္။

Photo: ခင္ဝင့္ဝါေဖ့စ္ဘြတ္

 

အလွမယ္ခင္ဝင့္ဝါတစ္ေယာက္ ဘားအံၿမိဳ႔နဲ႔ သထုံၿမိဳ႔ေတြၾကားမွာရွိတဲ့ ေရေဘးသင့္ေက်းရြာငယ္ေလးေတြအတြက္ အလွဴအတန္းေတြ သြား လုပ္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ အဲ့ဒီဘက္မွာလည္း ကယ္ဆယ္ေရးစခန္းေပါင္း ၉ ခုရွိၿပီး အိမ္ေထာင္စု ၁၅၀၀ ခန္႔ မွီခုိေနရတဲ့အေၾကာင္းကုိ အခုလုိ ေျပာျပလာပါတယ္။

'' လက္​ရွိ အ​ေျခအ​ေနအရ ဘားအံနဲ႔ သထံုၾကားက ၿမိဳင္​က​ေလးမွာလည္​း ကယ္​ဆယ္​​ေရးစခန္​း ​ေပါင္​း ၉ စခန္​း​ေလာက္​ရွိေနၿပီး အိမ္​​ေထာင္​စု ၁၅၀၀ ​ခန္​႔ ​ေရ​ေဘး​ေရွာင္​ မွီခို လ်က္​ရွိေနၿပီး အတြင္​းရြာေတြမွာ ခန္​႔မွန္း​​ေျခ ရြာ ၃ရြာ အိမ္​​ေထာင္​စု ၇၀၀ခန္​႔ ဆန္​ ဆီ ဆား အသင္​့စား သံုးကုန္​မ်ား အ​ေျခာက္​အျခမ္​း လံု​ေလာက္​မႈမ႐ွိ​ဘူး'' လုိ႔ သူကေျပာပါတယ္။

Photo: ခင္ဝင့္ဝါေဖ့စ္ဘြတ္

ဝုိင္းေလးသတင္းေၾကာင့္ ရူးမတက္စိတ္ပူခဲ့ရတဲ့ ခင္ဝင့္ဝါ 

အလွမယ္ခင္ဝင့္ဝါဟာ Online Donation Group ပရဟိတအဖြဲ႕နဲ႔လက္တြဲၿပီး ေရေဘးဒဏ္သင့္ေနတဲ့ ေက်းရြာတြင္းက ျပည္သူေတြအတြက္ ၾသဂုတ္လ ၇ ရက္ေန႔က စၿပီးသြားေရာက္လွဴဒါန္းမွာျဖစ္ပါတယ္။

''Online Donation Group မွ ​ေစတနာ႐ွင္​မ်ားႏွင္​့လက္​တြဲၿပီး ၇ရက္​​ေန႔တြင္​ သြား​ေရာက္​ခါ လိုအပ္​သည္​့ ပစၥည္​းမ်ားသြား​ေရာက္​ လွဴဒါန္​း မည္​ျဖစ္​ပါ​ေသာ​ေၾကာင္​့ အလွဴထည္​့ဝင္​လို​ေသာ ​ေစတနာ႐ွင္​မ်ား ဆက္​သြယ္​လွဴဒါန္​း​ေပး​ေစလိုပါတယ္'' ဆုိၿပီးေတာ့ ၾသဂုတ္လ ၅ ရက္ေန႔ ေန႔လည္ ၁၂ နာရီေလာက္က ခင္ဝင့္ဝါရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။

Photo: ခင္ဝင့္ဝါေဖ့စ္ဘြတ္

 

ဒီ အလွဴနဲ႔ ပတ္သက္ၿပီး သရုပ္ေဆာင္နန္းျမတ္ျဖိဳးသင္းက အလွဴေငြ ၁ သိန္း၊ ပုိင္တံခြန္က အလွဴေငြ ၁ သိန္း၊ ည မင္းသမီးေခ်ာေလး Nang Tracy  က ၅ ေသာင္း၊ အဆုိေတာ္ေႏြးေႏြးခ်စ္ဖြယ္က ၅ ေသာင္းက်ပ္စီလွဴဒါန္းခဲ့ၾကၿပီး အျခားအႏုပညာအသုိင္းအဝိုင္းက မိတ္ေဆြမ်ားရဲ႕ လွဴဒါန္းေငြအျဖစ္ ၂၅ သိန္း ၅ ေသာင္း၊ လွဴဒါန္းေငြအားလုံး စုစုေပါင္း ၅၅သိန္း က်ပ္ ရရွိထားတယ္လုိ႔ သိရပါတယ္။

Photo: ခင္ဝင့္ဝါေဖ့စ္ဘြတ္

 

ခင္ဝင့္ဝါဟာ ၂၀၁၃ ခုႏွစ္က ျမန္မာႏိုင္ငံကိုယ္စားျပဳ Miss Supranational Myanmar တစ္ေယာက္ျဖစ္ခဲ့ၿပီး ပရိသတ္အားေပးမႈ ရရွိခဲ့ပါတယ္။ ယခုလက္ရွိအခ်ိန္မွာေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္လို႔လာပါတယ္။ လက္ရွိမွာလည္း Miss Myanmar Charity Group ဆုိတဲ့ ပရဟိတအဖြဲ႕နဲ႔အတူတူလည္း အလွဴေတြလုပ္ေနတာကုိ ေတြ႔ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs