• Local Celebrity
    ဖြိုးမြတ်အောင်နဲ့ မောင်ချိုကို အားပေးစကားပြောခဲ့တဲ့ သားငယ်
Ei Ei Myat
[Unicode Version]

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပြင်းထန်နေတဲ့ Myanmar Idol Season 3 Grand Final ပွဲကြီးက မကြာခင် ရက်ပိုင်းမှာ ရောက်ရှိ လာ တော့မှာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲအတွက် ပြင်ဆင်နေတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို Myanmar Idol Season 2 ရဲ့Winner သားငယ်က သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားတွေ ပြောခဲ့ပါသေးတယ်။

38771781_2141158739485874_5845937268564426752_n.jpg

Photo : Myanmar Idol FB

 

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပြင်းထန်နေတဲ့ Myanmar Idol Season 3 Grand Final ပွဲကြီးက မကြာခင် ရက်ပိုင်းမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Grand Final ပြိုင်ပွဲမှာ နောက်ဆုံး ယှဉ်ပြိုင်ရမယ့် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ဦးဟာလည်း ပြိုင်ပွဲကြီးအတွက် အစွမ်းကုန် ပြင်ဆင်လျက်ရှိပါတယ်။

juhyu-720x405.jpg

Photo : Myanmar Idol FB

 

Grand Final အတွက် ပြင်ဆင်နေကြတဲ့ ပြိုင်ပွဲဝင်နှစ်ဦးကို Myanmar Idol Season 2 ရဲ့ Winner သားငယ်က ဒီနေ့(သြဂုတ်လ၈ ရက်)မှာ သူတို့နှစ်ယောက်နဲ့ တွေ့ဆုံပြီး အားပေးစကားတွေ ပြောခဲ့ပါသေးတယ်။ သားငယ်က သူရဲ့ ဖေ့စ်ဘွတ်မှာ Top Finalists ပြိုင်ပွဲဝင်နှစ်ယောက် အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားကာ ယခုလို ရေးသားထား ပါသေးတယ်။

"ံကြိုက်တဲ့သူကို Vote မကျေနပ်ရင် ကျွန်တော့်ကိုပါ ထပ် Vote လို့ရတယ်" ဆိုပြီး ဆိုပြီး ပြောထားပါတယ်။

38686106_304185487017424_7096120124360359936_n.jpg

Photo : မောင်ချို FB

ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 ရဲ့ Top Finalists နောက်ဆုံး ပြိုင်ပွဲကြီးမရောက်ခင် ပြိုင်ပွဲဝင်တွေဟာ ကိုယ်ရဲ့ ဇာတိမြေနဲ့ ကိုယ့်ကြီးပြင်းခဲ့တဲ့ နေရာတွေကို အချိန်လုသွားရောက်ခဲ့ပြီး မိဘဆရာပရိသတ်တွေကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ဖြိုးမြတ်အောင်ဆိုရင်လည်း သူနေထိုင်တဲ့ ဟင်္သာတမြို့သို့ ခဏတာ ပြန်သွားပြီး မွေးရပ်မြေက ပရိသတ်များနဲ့ သွားရောက်တွေ့ဆုံခဲ့သလို ချမ်းမြေ့မောင်ချိုဟာလည်း သူ့ရဲ့ ပရိသတ် တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ကိုယ့်ရဲ့ မွေးရပ်မြေကို အသီးသီးပြန်သွားခဲ့တဲ့ Myanmar Idol Season 3 - Top Finalists နှစ်ဦးဟာ အခုဆိုရင် Myanmar Idol Camp သို့ ပြန်လည် ရောက်ရှိလို့နေကြပါပြီ။

36776289_2090149107920171_3825105948356116480_n.jpg

Photo : Myanmar Idol FB

 

Myanmar Idol Season 3 ရဲ့ Grand Final အတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ ရင်ခုန်နေသလိုပဲ ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ပြိုင်ပွဲဝင် Winner ဖြစ်မလားဆိုတဲ့ ခံစားချက်တွေနဲ့ ရင်ခုန်နေကြပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final ပွဲကို သြဂုတ်လ(၁၁) ရက်နေ့ စနေ့ညမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

[Zawgyi Version]


Photo : Myanmar Idol FB

 


Photo : Myanmar Idol FB

 




Photo : မောင်ချို FB




Photo : Myanmar Idol FB

 




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs