• Local Celebrity
    အင်းစိန်ကိုချစ်တဲ့ မြင့်မြတ် အကြောင်းပြောလာတဲ့ ယုန်လေး
Sabal Thwin
[Unicode Version]
အင်းစိန်သားမြင့်မြတ်က အင်းစိန်ကိုချစ်တယ်။ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာရော၊ သူတက်ရောက်ပညာသင်ကြားခဲ့တဲ့ ကျောင်းမှာပါ အလှူတွေ လုပ်ခဲ့တယ်လို့ ယုန်လေးက ပြောပါတယ်။ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းလှူပြီး စာသင်ကျောင်း မှာရော ပညာသင်စားရိတ်တွေ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။
38725350_1941019345958969_7701386371914530816_n.jpg
Photo: Kyaw Phone Aung Facebook
သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်က သြဂုတ်လ ၈ ရက်နေ့က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာရော၊ သူတက်ရောက်ပညာသင်ကြားခဲ့တဲ့ ကျောင်းမှာပါ သူ့ရဲ့ မွေးနေ့ အမှတ်တရ အဖြစ် နဲ့ရော ပထမဦးဆုံးရင်သွေးလေးရဲ့ မွေးနေ့အမှတ်တရအဖြစ်အလှူအတန်းတွေလုပ်ခဲ့တယ် ဆိုတာကို သူငယ်ချင်းဖြစ်တဲ့ ယုန်လေးက အခုလို ပြောပြခဲ့ပါတယ်။
''အင်းစိန်သားမြင့်မြတ်က အင်းစိန်ကိုချစ်တယ်။ အဲ့ဒါကြောင့် အင်းစိန် ရွာမ ဘုန်းကြီးကျောင်းမှာ သံဃာ အပါး ၄၀၀ နေ့ဆွမ်း ဘုန်းဘုန်း (၃၄)ပါးကို ပညာသင်စရိတ်အလှူ အင်းစိန် အ.ထ.က (၁)နဲ့ အင်းစိန်ရွာမ မူလတန်းကျောင်း မှာ သူသင်ခဲ့တဲ့ဆရာမ တွေကို အန်တီ နဲ့ ဦး နဲ့ ကျွန် တော် နဲ့ တစ်ရက်ကျောင်းကိုသွားပြီး ဆရာမတွေကိုဖိတ်ခဲ့တယ် ဒီနေ့ဆုံပေးပြီး ကန်တော့ဖြစ်ခဲ့ပါတယ်'' လို့ ဆိုပါတယ်။
38649365_1663357887125663_2721295303129956352_n.jpg
Photo: Kyaw Phone Aung Facebook
သေဆုံးသွားတဲ့ ကျောင်းသားလေးအတွက် ကျန်ရစ်သူ မိသားစုကို ထောက်ပံ့မယ် မြင့်မြတ်နဲ့ ယုန်လေး 
သရုပ်ဆောင်မြင့်မြတ်ရဲ့ မွေးနေ့အမှတ်တရအလှူကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုဖိုးဝ မမူ (New Phoe Wa & Shwe မြန်မာ )၊ ကိုအုန်းဝင်း ( Lucky Seven )၊ Ma Sandar ( Power King )၊ ကိုရွှေမန်း ( Media 7 & 7 Scene ) မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ယုန်လေးက သြဂုတ်လ ၈ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
38653250_1941019699292267_488124699637710848_n.jpg
Photo: Kyaw Phone Aung Facebook
ယုန်လေးနဲ့ သရုပ်ဆောင်မြင့်မြတ်တို့ဟာ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေအတူတူ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူတို့ နှစ်ဦးဟာ အော်ရယ်ဂျင်နယ်ဂန်းစတား ၁ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အတူလက်တွဲအလုပ်လုပ် လာကြ သူတွေဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အက်ရှင်ဇာတ်ကားကောင်းတွေကို အတူတွဲသရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
38666815_1941019405958963_6758864813943685120_n.jpg
Photo: Kyaw Phone Aung Facebook
ယုန်လေးဟာ အခုလက်ရှိမှာတော့ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများရှိခဲ့ပါတယ်။ မကြာခင်မှာတော့ သူရိုက်ကူးထားတဲ့ Speical 9 ရုပ်ရှင်ဇာတ်ကားကို ပရိသတ်အရှေ့ အရောက် ပု့ိပေးတော့မှာပါ။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs