• Local Celebrity

    သားလေးတစ်ယောက် ထပ်ရလို့ ပျော်နေတဲ့ ထူးအယ်လင်း

Ei Ei Myat
[Unicode Version]

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဘဝထဲကို နောက်ထပ်သားလေးတစ်ယောက် ရောက်ရှိလာတဲ့အတွက် ပျော်နေပါတယ်။ အခုဆိုရင် အဆိုတော် ထူးအယ်လင်းက ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။

38846419_1763604340341446_6475326582188670976_n.jpg

Photo : ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဘဝထဲကို နောက်ထပ် သားလေးတစ်ယောက် ရောက်ရှိလာတဲ့အတွက် ပျော်လို့နေပါတယ်။ သားလေးကို ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ယနေ့(သြဂုတ်လ၉ရက်)မနက် (၂)နာရီ (၅၉)မိနစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေးက ကြာသပတေး သား လေးဖြစ်ပြီး (၇)ပေါင်ရှိတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

38705738_1764172286951318_4943837425932697600_n.jpg

Photo : ထူးအယ်လင်း FB

 

ယခုလက်ရှိမှာ မိခင်ကော ကလေးကော ကျန်းမာတယ်လို့ သိရပါတယ်။

"OG က မနက် ခုနှစ်နာရီခွဲမွေးပေးမယ်ဆိုတာ မစောင့်နိုင်ဘူး မိခင်ဗိုက်နာပြီး ခွဲခန်းစောစောဝင်သွားရတယ် ။မဆိုးဘူး ငါ့သားအငယ် ကောင်စီမံမှုကို နာခံအားကောင်းတာငါ့အတိုင်းပဲကြိုက် သကွာ" ဆိုုပြီး သြဂုတ် (၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သားလေးက ကြာသပတေးသားလေး ဖြစ်တာကြောင့် နာမည်ကို မင်းဇင်လင်းဆိုပြီး ပေးထားတာလည်း တွေ့ရပါတယ်။ထူးအယ်လင်းအတွက် အနုပညာမောင်နှမတွေ ပရိသတ်တွေကဂုဏ်ယူလို့ နေပါတယ်။

38789100_1763602930341587_3573297242766835712_n.jpg

Photo : ထူးအယ်လင်း FB

အခြေအနေဆိုးနေတဲ့ ကျေးရွာတွေအကြောင်းပြောလာတဲ့ ထူးအယ်လင်း 

အခုုဆိုရင် အဆိုတော် ထူးအယ်လင်းက ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။အဆိုတော် ထူးအယ်လင်းဟာ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

18839117_1336738799694671_4979295467466829467_n.jpg

Photo : ထူးအယ်လင်း FB

 

အဲ့ဒီနောက် လှည်းကူးမြို့ နယ်၊ ပဒဲကော ကျောက်အိုင်ကျေးရွာမှာရှိတဲ့ ကျိုက်ငွေနှောင်းစေတီတော်မြတ်ကြီးရဲ့ ဘုရားဝင်းအတွင်း သိမ်ကျောင်း ဆောက် လုပ်လှူဒါန်းမှုအတွက်လည်း အလှူငွေတွေ ကောက်ခံ နေသေးတယ်လို့ သိရပါတယ်။

အဆိုတော် ထူးအယ်လင်းဟာ  တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

[Zawgyi Version]

အဆိုေတာ္ ထူးအယ္လင္းက သူ႕ရဲ႕ ဘဝထဲကို ေနာက္ထပ္သားေလးတစ္ေယာက္ ေရာက္ရွိလာတဲ့အတြက္ ေပ်ာ္ေနပါတယ္။ အခုဆိုရင္ အဆုိေတာ္ ထူးအယ္လင္းက ကေလးသံုးေယာက္ရဲ႕ ဖခင္ျဖစ္လို႕ေနပါၿပီ။

Photo : ထူးအယ္လင္း FB

 

အဆိုေတာ္ ထူးအယ္လင္းက သူ႕ရဲ႕ ဘဝထဲကို ေနာက္ထပ္ သားေလးတစ္ေယာက္ ေရာက္ရွိလာတဲ့အတြက္ ေပ်ာ္လို႕ေနပါတယ္။ သားေလးကို ရန္ကုန္ၿမိဳ႕ ပင္လံုေဆးရံုမွာ ယေန႕(ၾသဂုတ္လ၉ရက္)မနက္ (၂)နာရီ (၅၉)မိနစ္မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သားေလးက ၾကာသပေတး သား ေလးျဖစ္ၿပီး (၇)ေပါင္ရွိတယ္လို႕ ထူးအယ္လင္းက ဆုိပါတယ္။

Photo : ထူးအယ္လင္း FB

 

ယခုလက္ရွိမွာ မိခင္ေကာ ကေလးေကာ က်န္းမာတယ္လို႕ သိရပါတယ္။

"OG က မနက္ ခုႏွစ္နာရီခဲြေမြးေပးမယ္ဆိုတာ မေစာင့္ႏိုင္ဘူး မိခင္ဗိုက္နာၿပီး ခြဲခန္းေစာေစာဝင္သြားရတယ္ ။မဆိုးဘူး ငါ့သားအငယ္ ေကာင္စီမံမႈကို နာခံအားေကာင္းတာငါ့အတိုင္းပဲႀကိဳက္ သကြာ" ဆိုုၿပီး ၾသဂုတ္ (၉) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

သားေလးက ၾကာသပေတးသားေလး ျဖစ္တာေၾကာင့္ နာမည္ကို မင္းဇင္လင္းဆိုၿပီး ေပးထားတာလည္း ေတြ႕ရပါတယ္။ထူးအယ္လင္းအတြက္ အႏုပညာေမာင္ႏွမေတြ ပရိသတ္ေတြကဂုဏ္ယူလို႕ ေနပါတယ္။

Photo : ထူးအယ္လင္း FB

အေျခအေနဆုိးေနတဲ့ ေက်းရြာေတြအေၾကာင္းေျပာလာတဲ့ ထူးအယ္လင္း 

အခုုဆိုရင္ အဆုိေတာ္ ထူးအယ္လင္းက ကေလးသံုးေယာက္ရဲ႕ ဖခင္ျဖစ္လို႕ေနပါၿပီ။အဆိုေတာ္ ထူးအယ္လင္းဟာ လက္ရွိမွာ ပရဟိလုပ္ငန္း ေတြ ေတာ္ေတာ္မ်ားမ်ားကို ေဆာင္ရြက္ေနတာလည္း ေတြ႕ရပါတယ္။သူကိုယ္တိုင္ဦးေဆာင္ၿပီး မီးသၿဂိဳလ္စက္ေတြ လွဴဒါန္းခဲ့သလုိ နာေရး ကူညီမႈ အသင္းအတြက္ လူနာတင္ကားေတြလည္း လွဴဒါန္းခဲ့ပါေသးတယ္။

Photo : ထူးအယ္လင္း FB

 

အဲ့ဒီေနာက္ လွည္းကူးၿမိဳ႕ နယ္၊ ပဒဲေကာ ေက်ာက္အုိင္ေက်းရြာမွာရွိတဲ့ က်ဳိက္ေငြေႏွာင္းေစတီေတာ္ျမတ္ႀကီးရဲ႕ ဘုရားဝင္းအတြင္း သိမ္ေက်ာင္း ေဆာက္ လုပ္လွဴဒါန္းမႈအတြက္လည္း အလွဴေငြေတြ ေကာက္ခံ ေနေသးတယ္လုိ႔ သိရပါတယ္။

အဆုိေတာ္ ထူးအယ္လင္းဟာ  တကယ္လိုအပ္တဲ့ ေနရာေဒသေတြမွာ မၾကာခဏဆုိသလုိ သြားေရာက္ လွဴဒါန္းမႈေတြ ျပဳလုပ္ေလ့ရွိပါတယ္။ အခုခ်ိန္မွာလည္း အမ်ားအက်ဳိးအတြက္ သယ္ေဆာင္ရန္ ရည္ရြယ္ခ်က္နဲ႔ အမ်ားအက်ိဳးအတြက္လႉဒါန္းဖို႔ ဂီတသစ္ပင္ လုိ႔ အမည္ေပးထားတဲ့ ေတးစီးရီးလည္း ထုတ္ဖို႔ ႀကိဳးစားေနတယ္လုိ႔ သိိရပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs