• Local Celebrity
    Let's Go အဖွဲ့နဲ့ ဗီယက်နမ်ရောက်နေတဲ့ နန်းမြတ်ဖြိုးသင်း
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက Let's Go အဖွဲ့နဲ့အတူ ဗီယက်နမ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမ သူငယ်ချင်းတွေ အများကြီးနဲ့ ခရီးတွေ သွားနေတဲ့ သူမက ဘယ်လိုတွေတောင် ပျော်နေမလဲနော်။

38790773_2258128237535875_8843601244606955520_n.jpg

Photo : နန်းမြတ်ဖြိုးသင်း FB

 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ လက်ရှိမှာ Let's Go အစီအစဉ်နဲ့ ခရီးတွေ သွားနေတာ တွေ့ရပါတယ်။ ယခုလက်ရှိ ဗီယက်နမ်သို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ဗီယက်နမ်ကို ရောက်ရှိနေတဲ့ သူမက ခရီးသွားပုံရိပ်အသစ်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့ ဖေစ့်ဘွတ်ကနေ တင်ပေးထားတာကိုလည်း တွေ့ရပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေ သိရှိနိုင်အောင် အမြဲတမ်း ပြောပြတတ်သူလည်း ဖြစ်ပါတယ်။

38774890_2256847370997295_5882222857383051264_n.jpg

Photo : နန်းမြတ်ဖြိုးသင်း FB

Let's Go အစီအစဉ်နဲ့ ဗီယက်နမ်ကို သွားနေတဲ့အထဲမှာ သူမနဲ့ အတူ စံရတီမိုးမြင့်၊ Bobby Soxer ၊ နန်းသူဇာ၊ လွှမ်းပိုင်၊ကျော်ထွဋ်ဆွေ၊ အလင်းရောင်၊ တိုင်ရွန်၊ မိုးယံဇွန်တို့အပြင် အခြားသော အနုပညာရှင်တွေလည်း ပါဝင်ကြပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ Let's Go အစီအ စဉ်မှာ ယခင်ကတည်းက ပါဝင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဒီတစ်ခေါက် Let's Go အစီအစဉ်မှာတော့ ခင်ပွန်းနဲ့အတူ ပထမဆုံး ခရီးတွေ သွားဖြစ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

38734824_1789730854448289_8335718084794908672_n.jpg

Photo : နန်းမြတ်ဖြိုးသင်း FB

မွေးနေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း  

နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ မွေးနေ့ဖြစ်တဲ့ (ဇွန်လ၂)ရက်နေ့မှာ ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့ပါသေးတယ်။ သူငယ်ချင်း ဖြစ်သူ နန်းသူဇာလည်း သူမနဲ့အတူ သီလရှင်ဝတ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ပယ် တစ်ခုစီမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

နန်းသူဇာ ဟာ ဂီတဘက်မှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ် အား ပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူတို့နှစ်ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီချင်းခွေဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းခွေဖြစ်ပါတယ်။

38723439_2256847747663924_7981203276500566016_n.jpg

Photo : နန်းမြတ်ဖြိုးသင်း FB

 

သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းက Let's Go အဖြဲ႕နဲ႕အတူ ဗီယက္နမ္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ အႏုပညာေမာင္ႏွမ သူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႕ ခရီးေတြ သြားေနတဲ့ သူမက ဘယ္လိုေတြေတာင္ ေပ်ာ္ေနမလဲေနာ္။

Photo : နန္းျမတ္ၿဖိဳးသင္း FB

 

သရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ လက္ရွိမွာ Let's Go အစီအစဥ္နဲ႕ ခရီးေတြ သြားေနတာ ေတြ႕ရပါတယ္။ ယခုလက္ရွိ ဗီယက္နမ္သို႕ ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ဗီယက္နမ္ကို ေရာက္ရွိေနတဲ့ သူမက ခရီးသြားပံုရိပ္အသစ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ သူမရဲ႕ ေဖစ့္ဘြတ္ကေန တင္ေပးထားတာကိုလည္း ေတြ႕ရပါတယ္။

နန္းျမတ္ၿဖိဳးသင္းဟာ သူမရဲ႕ လႈပ္ရွားမႈတိုင္းကို ပရိသတ္ေတြ သိရွိႏိုင္ေအာင္ အၿမဲတမ္း ေျပာျပတတ္သူလည္း ျဖစ္ပါတယ္။

Photo : နန္းျမတ္ၿဖိဳးသင္း FB

Let's Go အစီအစဥ္နဲ႕ ဗီယက္နမ္ကို သြားေနတဲ့အထဲမွာ သူမနဲ႕ အတူ စံရတီမိုးျမင့္၊ Bobby Soxer ၊ နန္းသူဇာ၊ လႊမ္းပိုင္၊ေက်ာ္ထြဋ္ေဆြ၊ အလင္းေရာင္၊ တိုင္ရြန္၊ မိုးယံဇြန္တို႕အျပင္ အျခားေသာ အနုပညာရွင္ေတြလည္း ပါဝင္ၾကပါတယ္။ နန္းျမတ္ၿဖိဳးသင္းဟာ Let's Go အစီအ စဥ္မွာ ယခင္ကတည္းက ပါဝင္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

ဒီတစ္ေခါက္ Let's Go အစီအစဥ္မွာေတာ့ ခင္ပြန္းနဲ႕အတူ ပထမဆံုး ခရီးေတြ သြားျဖစ္တာျဖစ္တယ္လို႕လည္း သိရပါတယ္။

Photo : နန္းျမတ္ၿဖိဳးသင္း FB

ေမြးေန႔မွာ ခင္ပြန္းနဲ႔အတူ သာသနာ့ေဘာင္ဝင္ခဲ့တဲ့ နန္းျမတ္ၿဖဳိးသင္း  

နန္းျမတ္ၿဖိဳးသင္းဟာ သူမရဲ႕ ေမြးေန႕ျဖစ္တဲ့ (ဇြန္လ၂)ရက္ေန႕မွာ ခင္ပြန္းနဲ႕အတူ သာသနာ့ေဘာင္ထဲကို ဝင္ေရာက္ခဲ့ပါေသးတယ္။ သူငယ္ခ်င္း ျဖစ္သူ နန္းသူဇာလည္း သူမနဲ႕အတူ သီလရွင္ဝတ္ခဲ့ပါတယ္။ နန္းျမတ္ၿဖိဳးသင္းနဲ႕ နန္းသူဇာတို႕ သူငယ္ခ်င္းႏွစ္ေယာက္ဟာ နယ္ပယ္ တစ္ခုစီမွာ ေအာင္ျမင္ေနၾကတဲ့ အႏုပညာရွင္ေတြ ျဖစ္ပါတယ္။

နန္းသူဇာ ဟာ ဂီတဘက္မွာ ပရိသတ္အားေပးမႈ ရရွိေနသူ တစ္ဦးျဖစ္ၿပီး နန္းျမတ္ၿဖိဳးသင္းက ဂီတပိုင္းနဲ႕စတင္ခဲ့ေပမဲ့ အခုဆိုရင္ ပရိသတ္ အား ေပးမႈ အခိုင္အမာရရွိေနတဲ့ သရုပ္ေဆာင္တစ္ဦး ျဖစ္လို႕ေနပါၿပီ။ သူတို႕ႏွစ္ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီခ်င္းေခြဟာ လည္း ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ သီခ်င္းေခြျဖစ္ပါတယ္။

Photo : နန္းျမတ္ၿဖိဳးသင္း FB

 

သာယာတဲ့ အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ထားတဲ့ နန္းျမတ္ၿဖိဳးသင္းဟာ  ခ်စ္သူသက္တမ္းသံုးႏွစ္ ခြဲေလာက္မွာ ေရႊလက္တြဲခဲ့ၾကတာ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူက နန္းျမတ္ထက္ ေလးႏွစ္ႀကီးတယ္လို႕လည္း သိရပါတယ္။

နန္းျမတ္ၿဖိဳးသင္းတို႕ရဲ႕ မဂၤလာလက္မွတ္ေရးထိုးပြဲကိုေတာ့ ႏိုဝင္ဘာ(၉)ရက္ေန႕က ေငြေဆာင္ကမ္းေျခမွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး နိုဝင္ဘာ(၁၈)ရက္ေန႕ မနက္ပိုင္းက သကၤန္းကၽြန္းၿမိဳ႕နယ္မွာရွိတဲ့ ကံေကာ္ၿမိဳင္သာသနာ့ ရိပ္ သာ ဘုန္းႀကီးေက်ာင္းမွာ မဂၤလာဦးဆြမ္းေကၽြး အလွဴကို ျပဳလုပ္ခဲ့ပါတယ္။ မဂၤလာပြဲကိုေတာ့ ႏိုဝင္ဘာ၂၆ရက္ က ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ၾကတာ ျဖစ္ၿပီး မဂၤလာညစာစားပြဲ ကိုေတာ့ ရန္ကုန္ၿမိဳ႕ အင္းလ်ားလိတ္ဟိုတယ္မွာ ႏိုဝင္ဘာ(၂၇)ရက္ေန႕ညက က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs