Ei Ei Myat

ဖွေးဖွေးက သြဂုတ်လ(၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်(၃၀)ပြည့် မွေးနေ့လေးမှာ အရမ်းကို ပျော်ရွှင် ကြည်နူး ခဲ့ရတယ်လို့ ဆိုပါတယ်။မွေးနေ့မှာ အလှူအတန်းတွေလည်းပြုလုပ်ခဲ့သလို ပရိသတ်တွေနဲ့အတူ မွေးနေ့ကို ဖြတ်သန်းခဲ့ရတဲ့ ဖွေးဖွေးက သူ့ရဲ့ ခံစားချက် ကိုလည်း ပြောပြထားသေးတယ်နော်။

38827988_1587206824742322_8542946949702090752_n.jpg

Photo : ဖွေးဖွေး FB

 

ဖွေးဖွေးက သြဂုတ်လ(၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်(၃၀)ပြည့် မွေးနေ့လေးမှာ အရမ်းကို ပျော်ရွှင် ကြည်နူးခဲ့ရတယ်လို့ ဆိုပါတယ်။မွေးနေ့မှာ အလှူအတန်းတွေလည်းပြုလုပ်ခဲ့သလို ပရိသတ်တွေနဲ့အတူ မွေးနေ့ကို ဖြတ်သန်းခဲ့ရတဲ့ ဖွေးဖွေးရဲ့ ခံစားချက်ကိုလည်း ယခုလို ပြောထားပါသေးတယ်။

"29 နှစ်က အပူတွေ ကိုထားခဲ့ဖို့ မနေ့ညက ချစ်ဆုံးတွေ ဝိုင်းလုပ်ပေးတဲ့ Surprise Birthday Party မှာအကုန်ငိုချ ခဲ့တာ မွေးနေ့ မှာ မျက်စိကို အစ်လို့ ဟိ BUT မွေးနေ့မှာ အရမ်း ပျော်အရမ်းကြည်နူးပါတယ်.." ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ သြဂုတ်လ(၉) ရက်နေ့က ရေးသားထား ပါတယ်။

38797750_1587206924742312_5298040479730892800_n.jpg

Photo : ဖွေးဖွေး FB

 

သူမအတွက် မွေးနေ့မှာ နောက်ထပ် အမှတ်တရတစ်ခု ရှိခဲ့ပါတယ်တဲ့။ အဲ့ဒါကတော့ မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြားလေးစားထိုက်တဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေကိုပဲ ဓာတ်ပုံရိုက်နေကျ ဓာတ်ပုံဆရာက သူမရဲ့ မွေးနေ့လေးမှာ အမှတ်တရအဖြစ် ဓာတ်ပုံလာရိုက်ပေးတာကလည်း သူအတွက်အရမ်းကို အမှတ်တရဖြစ်စေတယ်လို့ ဆိုပါတယ်။

ဖွေးဖွေးဟာ သူမရဲ့ မွေးနေ့လေးမှာ  စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးအသင်းသို့အလှူငွေ (၁၁)သိန်းနဲ့အတူကလေးငယ်များအတွက် မုန့်မျိုးစုံကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

2.jpg

ထိပ်စီး ပြောင်းသွားပြီဖြစ်တဲ့ ဖွေးဖွေးရဲ့ မွေးနေ့အလှူ 

ညနေပိုင်းမှာလည်း မိသားစုနဲ့အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။ ဘုရားသွားတဲ့ အချိန်မှာတော့ ဖေဖေနဲ့ မေမေ မွေးနေ့လက်ဆောင်ပေးထားတဲ့ နားကပ်ကလေးကို ပန်သွားခဲ့ပါသေးတယ်။ အရမ်းကို လှပတဲ့ ဖွေးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

38808598_10155839647857712_1026783254335717376_n.jpg

Photo : Amazing Grace

 

ဖွေးဖွေးဟာ လက်ရှိမှာ "ကာဗွန်ဒိုင်အောက်ဆိုဒ်" အဖွဲ့သားတွေနဲ့အတူူ ပရိသတ်တွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖွေးဖွေးပါဝင် ထားတဲ့ "ကာဗွန်ဒိုင်အောက်ဆိုဒ်" ဟာ ယခုလက်ရှိမှာ ရုံတင်ပြသနေတာဖြစ်ပြီး အောင်မြင်မှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ သရဲကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ပြီး ကြည်ရှုချင်တဲ့ ပရိသတ်တွေတောင် ကြောထဲ စိမ့်ဝင်ပြီး တကယ်ကို ကြောက်စရာ၊ စိတ်လှုပ်ရှားစရာကောင်းနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

38855400_10155839650132712_3249170586517110784_n.jpg 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့သလို၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က