• Local Celebrity
    စစ်တောင်းမြစ်ကမ်းဘေးက ကျေးရွာများကို သွားရောက်လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ
Ei Ei Myat
[Unicode Version]

ရေကြီးနေတဲ့ နေရာဒေသတချို့ထဲကမှ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ဘက်မှာ ရှိတဲ့ကျေးရွာတစ်ချို့ကို နာရေးကူညီမှု အသင်းနဲ့အတူ အနုပညာရှင်များက ဒီနေ့ (သြဂုတ်လ၁၀) ရက်နေ့မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

38806871_863565570514231_8383936475741290496_n.jpg

Photo : နာရေးကူညီမှုအသင်း FB

 

ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေကို ပရဟိတအသင်းအဖွဲ့တွေနဲ့ အနုပညာရှင်များက တတ်အားသ၍ ကူညီရေးတွေ လုပ် ဆောင်နေတာ တွေ့ရပါတယ်။ ရေကြီးနေတဲ့ နေရာဒေသတချို့ထဲကမှ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ဘက်မှာ ရှိတဲ့ကျေးရွာတစ်ချို့ကို နာရေးကူညီမှု အသင်းနဲ့အတူ အနုပညာရှင်များက ဒီနေ့ (သြဂုတ်လ၁၀) ရက်နေ့မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်းနဲ့အတူ အနုပညာရှင်တွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဝိုင်းလေး၊ပြည့်ဖြိုးတို့က သွားရောက် ကူညီလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

38808269_863614380509350_407408696344182784_n.jpg

Photo : နာရေးကူညီမှုအသင်း FB

ရေကြီးခဲ့တဲ့နေရာတွေကို ရေသန့်ဆေးပြားတွေ လှူနေတဲ့ နန္ဒာလှိုင် 

ယနေ့နံနက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်၊ နတ္တလင်းကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၁၁) စုနဲ့ ခြောက်တဲစု ကျေး ရွာ မှာရှိတဲ့ အိမ်ထောင်စု (၅၃) စုတို့ကို စားသောက်ကုန်များ၊ အဝတ်အထည်များနဲ့ လူသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြပါတယ်။

မနက်ပိုင်းမှာ လှူဒါန်းလို့အပြီးမှာလည်း နောက်ထပ် နေရာတစ်ခုဖြစ်တဲ့ စစ်တောင်းမြစ်ကမ်းဘေးနှစ်ဘက်ရှိ ကျေးရွားများဖြစ်တဲ့ ဒိုးတန်းရွာ၊ လိန်ပင်ကျေးရွာ၊တို့အပြင် ကျေးရွာများကို လိုအပ်တာများလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

38831462_863614723842649_6554008428841271296_n.jpg

Photo : နာရေးကူညီမှုအသင်း FB

 

"ဒိုးတန်းရွာ အိမ်ထောင်စု (၇၀) ၊ လိန်ပင်ကျေးရွာ အိမ်ထောင်စု (၃၇) ၊ ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာ အိမ်ထောင်စု (၅၀) ၊ ကျောက်စရစ်အနောက်ဘက်ကမ်းကျေးရွာ အိမ်ထောင်စု (၄၉) သို့ စားသောက်ကုန်များ၊ အဝတ်အထည် နှင့် လူသုံးကုန်ပစ္စည်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော ထွန်းကိုကို၊ ပြည့်ဖြိုး ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဝိုင်းလေး တို့နှင့် လုပ်အားပေးအသင်းသားများ သွားရောက်လှူဒါန်းနေကြစဉ် " ဆိုပြီး ပုံလေးတွေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

38842649_863614747175980_6192932143174254592_n.jpg

Photo : နာရေးကူညီမှုအသင်း FB

 

သရုပ်ဆောင် ထွန်းကိုကို၊ ခင်ဝင့်ဝါ၊ ဝိုင်းလေး၊ ထားထက်ထက်တို့ဟာ ရေဘေးအတွက် ကူညီရေးတွေ ဆက်တိုက်ဆိုသလို လုပ်နေတာ တွေ့ရပါတယ်။  သရုပ်ဆောင် ထွန်းကိုကို ဆိုရင်လည်း ကားရိုက်တွေ နားနေစဉ်မှာ ရေဘေးအတွက် တောက်လျှောက်ဆိုသလို ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရေဘေးအတွက် ကူညီရေးအတွက် အနုပညာရှင်တချို့ဟာ ပရဟိတအသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီး ကူညီရေးတွေ လုပ်နေကြပါတယ်။

39010681_863565077180947_4477449684629061632_n.jpg

Photo : နာရေးကူညီမှုအသင်း FB

 

တချို့အနုပညာရှင်များဆိုရင်လည်း ရေဘေးပြီးသွားပြီး နောက် ကြုံတွေ့ရမယ့် သောက်သုံးရေ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေသန့် ဆေးပြားများ လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် နန္ဒာလှိုင်ဆိုရင်လည်း သူမကိုယ်တိုင် ဦးဆောင်ပြီး ရေကြီးပြီးနောက် ဖြစ်ပေါ်တတ်တဲ့ ဝမ်းရောဂါများကို ဖြေရှင်းနိုင်ဖို့အတွက် ရေသန့်ဆေးပြား လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။

[Zawgyi Version]

ေရႀကီးေနတဲ့ ေနရာေဒသတခ်ိဳ႕ထဲကမွ ပဲခူးတိုင္း ၊ ေက်ာက္တံခါးၿမိဳ႕နယ္ဘက္မွာ ရွိတဲ့ေက်းရြာတစ္ခ်ိဳ႕ကို နာေရးကူညီမႈ အသင္းနဲ႕အတူ အႏုပညာရွင္မ်ားက ဒီေန႕ (ၾသဂုတ္လ၁၀) ရက္ေန႕မွာ လိုအပ္တာေတြ သြားေရာက္လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။

Photo : နာေရးကူညီမႈအသင္း FB

 

ေရေဘးေၾကာင့္ ဒုကၡေရာက္ေနတဲ့ ေက်းရြာေတြကို ပရဟိတအသင္းအဖြဲ႕ေတြနဲ႕ အႏုပညာရွင္မ်ားက တတ္အားသ၍ ကူညီေရးေတြ လုပ္ ေဆာင္ေနတာ ေတြ႕ရပါတယ္။ ေရႀကီးေနတဲ့ ေနရာေဒသတခ်ိဳ႕ထဲကမွ ပဲခူးတိုင္း ၊ ေက်ာက္တံခါးၿမိဳ႕နယ္ဘက္မွာ ရွိတဲ့ေက်းရြာတစ္ခ်ိဳ႕ကို နာေရးကူညီမႈ အသင္းနဲ႕အတူ အႏုပညာရွင္မ်ားက ဒီေန႕ (ၾသဂုတ္လ၁၀) ရက္ေန႕မွာ လိုအပ္တာေတြ သြားေရာက္လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။

နာေရးကူညီမႈအသင္းနဲ႕အတူ အႏုပညာရွင္ေတြ ျဖစ္ၾကတဲ့ ထြန္းကိုကို၊ ခင္ဝင့္ဝါ၊ ထားထက္ထက္၊ ဝိုင္းေလး၊ျပည့္ၿဖိဳးတို႕က သြားေရာက္ ကူညီလွဴဒါန္းခဲ့ၾကတာ ျဖစ္ပါတယ္။

Photo : နာေရးကူညီမႈအသင္း FB

ေရႀကီးခဲ့တဲ့ေနရာေတြကို ေရသန္႔ေဆးျပားေတြ လွဴေနတဲ့ နႏၵာလိႈင္ 

ယေန႕နံနက္ပိုင္းမွာ ပဲခူးတိုင္းေဒသႀကီး ၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ နတၱလင္းေက်းရြာရွိ ေရေဘးသင့္ အိမ္ေထာင္စု (၁၁) စုနဲ႕ ေျခာက္တဲစု ေက်း ရြာ မွာရွိတဲ့ အိမ္ေထာင္စု (၅၃) စုတို႕ကို စားေသာက္ကုန္မ်ား၊ အဝတ္အထည္မ်ားနဲ႕ လူသံုးကုန္ပစၥည္းမ်ား သြားေရာက္လွဴဒါနး္ ခဲ့ၾကပါတယ္။

မနက္ပိုင္းမွာ လွဴဒါန္းလို႕အၿပီးမွာလည္း ေနာက္ထပ္ ေနရာတစ္ခုျဖစ္တဲ့ စစ္ေတာင္းျမစ္ကမ္းေဘးႏွစ္ဘက္ရွိ ေက်းရြားမ်ားျဖစ္တဲ့ ဒိုးတန္းရြာ၊ လိန္ပင္ေက်းရြာ၊တို႕အျပင္ ေက်းရြာမ်ားကို လိုအပ္တာမ်ားလွဴဒါနး္ခဲ့ၾကတယ္လို႕ သိရပါတယ္။

Photo : နာေရးကူညီမႈအသင္း FB

 

"ဒိုးတန္းရြာ အိမ္ေထာင္စု (၇၀) ၊ လိန္ပင္ေက်းရြာ အိမ္ေထာင္စု (၃၇) ၊ ေက်ာက္စရစ္အေရွ႕ဘက္ကမ္းေက်းရြာ အိမ္ေထာင္စု (၅၀) ၊ ေက်ာက္စရစ္အေနာက္ဘက္ကမ္းေက်းရြာ အိမ္ေထာင္စု (၄၉) သို႔ စားေသာက္ကုန္မ်ား၊ အ၀တ္အထည္ ႏွင့္ လူသံုးကုန္ပစၥည္းမ်ားကို နာေရးကူညီမႈအသင္း(ရန္ကုန္) အသင္းသား ရုပ္ရွင္သရုပ္ေဆာင္မ်ားျဖစ္ေသာ ထြန္းကိုကို၊ ျပည့္ျဖိဳး ၊ ခင္၀င့္၀ါ၊ ထားထက္ထက္၊ ၀ိုင္းေလး တို႔ႏွင့္ လုပ္အားေပးအသင္းသားမ်ား သြားေရာက္လွဴဒါန္းေနၾကစဥ္ " ဆိုၿပီး ပံုေလးေတြနဲ႕ နာေရးကူညီမႈအသင္း(ရန္ကုန္)ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာေတြ႕ရပါတယ္။

Photo : နာေရးကူညီမႈအသင္း FB

 

သရုပ္ေဆာင္ ထြန္းကိုကို၊ ခင္ဝင့္ဝါ၊ ဝိုင္းေလး၊ ထားထက္ထက္တို႕ဟာ ေရေဘးအတြက္ ကူညီေရးေတြ ဆက္တုိက္ဆိုသလို လုပ္ေနတာ ေတြ႕ရပါတယ္။  သရုပ္ေဆာင္ ထြန္းကိုကို ဆိုရင္လည္း ကားရိုက္ေတြ နားေနစဥ္မွာ ေရေဘးအတြက္ ေတာက္ေလွ်ာက္ဆိုသလို ပါဝင္ကူညီ ေဆာင္ရြက္ေပးလ်က္ရွိပါတယ္။

ေရေဘးအတြက္ ကူညီေရးအတြက္ အႏုပညာရွင္တခ်ိဳ႕ဟာ ပရဟိတအသင္းအဖြဲ႕မ်ားနဲ႕ ပူးေပါင္းၿပီး ကူညီေရးေတြ လုပ္ေနၾကပါတယ္။

Photo : နာေရးကူညီမႈအသင္း FB

 

တခ်ိဳ႕အႏုပညာရွင္မ်ားဆုိရင္လည္း ေရေဘးၿပီးသြားၿပီး ေနာက္ ႀကံဳေတြ႕ရမယ့္ ေသာက္သံုးေရ ျပႆနာကို ေျဖရွင္းႏိုင္ဖို႕အတြက္ ေရသန္႕ ေဆးျပားမ်ား လွဴဒါန္းမႈေတြ ျပဳလုပ္ေနတာ ေတြ႕ရပါတယ္။ သရုပ္ေဆာင္ နႏၵာလိႈင္ဆိုရင္လည္း သူမကိုယ္တိုင္ ဦးေဆာင္ၿပီး ေရႀကီးၿပီးေနာက္ ျဖစ္ေပၚတတ္တဲ့ ဝမ္းေရာဂါမ်ားကို ေျဖရွင္းႏိုင္ဖို႕အတြက္ ေရသန္႕ေဆးျပား လွဴဒါန္းမႈေတြ ျပဳလုပ္ေနပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs