• Local Celebrity
    ခေတ်လေးသစ်လေးတို့နဲ့အတူ စင်ကာပူမှာ ပျော်နေတဲ့ ချစ်သုဝေ
Ei Ei Myat
[Unicode Version]
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက ပရိသတ်တွေရဲ့ အချစ်တော် သမီးလေးတွေနဲ့အတူ ခရီးတွေ ထွက်နေတာ တွေ့ရပါ တယ်။ အမြွှာသမီး လေးနှစ်ယောက်နဲ့အတူ မေမေချစ်သုဝေတစ်ယောက် စင်ကာပူမှာ ပျော်လို့နေပါတယ်။
41532841_1637812522990739_7692032169367044096_n.jpg
Photo : ချစ်သုဝေ FB
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက ပရိသတ်တွေရဲ့ အချစ်တော် သမီးလေးတွေနဲ့အတူ ခရီးတွေ ထွက်နေတာ တွေ့ရပါတယ်။ အမြွှာသမီး လေးနှစ်ယောက်နဲ့အတူ မေမေချစ်သုဝေတစ်ယောက် စင်ကာပူမှာ ပျော်လို့နေပါတယ်။ သမီးလေးတွေအတွက် သွားတဲ့ ခရီးမို့လို့ သူတို့လေးတွေ ပျော်ရင်လည်း ချစ်သုဝေတစ်ယောက် ပျော်ပါတယ်ဆိုပြီး စက်တင်ဘာ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
သမီးလေးတွေနဲ့အတူ ခရီးထွက်နေတဲ့ မေမေချစ်သုဝေက ပထမတစ်ရက်မှာတင် လျှာထွက်နေတယ်တဲ့။  စက်တင်ဘာ(၁၂) ရက်နေ့မှာတော့ သမီးလေးတွေန့အတူ  စင်ကာပူမှာရှိတဲ့ "Gardens by the Bay " ကို သွားလည်ခဲ့တာတွေ့ရပါတယ်။
41554428_1637812136324111_2186908080522919936_n.jpg
Photo : ချစ်သုဝေ FB
ဖခင်ရဲ့ ကျေးဇူးတွေကို ပြောပြရင်း ဖခင်အတွက် မွေးနေ့ဆုတောင်း စကားဆိုလာတဲ့ ချစ်သုဝေ 
သမီးလေးတွေအတူ ခရီးတွေ သွားနေတဲ့ မေမေချစ်သုဝေက သမီးလေးတွေပျော်နေတဲ့ ပုံလေးတွေကိုလည်း သူ့မရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။ ခေတ်နဲ့သစ်လေးကတော့ ခရီးတွေ သွားနေရလို့ တော်တော့်ကို ပျော်နေပုံပါ။
မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ မေမေ ဖြစ်တဲ့ ချစ်သုဝေက လက်ရှိပိုင်ဆိုင်ထားတဲ့ အမြွှာသမီးလေးတွေကြောင့် အရမ်းကို ပျော်ရွှင် နေရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကိုသာမက သမီးလေးတွေကိုလည်း ပရိသတ်အများကြီးက ချစ်ပေးကြလို့ ဝမ်းသာမဆုံး ဖြစ်ရတယ်လို့ ပြောပြပါသေးတယ်။
41576866_1637810636324261_8308457566589943808_n.jpg
Photo : ချစ်သုဝေ FB
'' မမက သားသမီးရ ကံကောင်းတယ်၊ မမ သားသမီးလေးတွေကို ချစ်ကြတယ်။ အဲ့ဒီအတွက် သူတို့ကို နွေးနွေးထွေးထွေး မေတ္တာလေးတွေနဲ့ ပဲ သူတို့ကို ရှင်သန်စေချင်တယ်။ အဲ့ဒီ ဆုတောင်းလေး မမပြည့်ခဲ့တယ်။ သူတို့ကို မမြင်ရသေးခင်ကတည်းက ချစ်ကြတာ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းကိုလည်း ခံရတယ်၊ ပရိသတ်တွေကလည်း သမီးလေးတွေကို ချစ်ပေးကြလိ့ု ဝမ်းသာတယ်'' လို့ သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ ဆိုပါတယ်။
41570487_1637811282990863_8240917513643229184_n.jpg
Photo : ချစ်သုဝေ FB
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။
မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။
[Zawgyi Version]
Photo : ချစ်သုဝေ FB
Photo : ချစ်သုဝေ FB
Photo : ချစ်သုဝေ FB
Photo : ချစ်သုဝေ FB
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs