အလုပ်ကိုလည်း သေချာလုပ်တော့မယ်တဲ့။

ယုန်လေးက Night Out တွေ မထွက်၊ အရက်ဘီယာတွေလည်း မသောက်ပဲ အားကစားကို ပိုလုပ်မယ်လို့ ပြောပြလာပါတယ်။ အလုပ်ကိုလည်း သေသေချာချာလုပ်တော့မယ်လို့ ဆိုပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်



 

ယုန်လေး တစ်ယောက် Night Out တွေ မထွက်၊ အရက်ဘီယာတွေလည်း မသောက်မိအောင် ရှောင်တော့မယ်လို့ ဆိုလာပါတယ်။ သူ့အနေနဲ့ အရက်ဘီယာထက် အားကစားကို ပိုပြီး လုပ်တော့မယ်လို့ ပြောပြထားပါတယ်။ သူ့အနေနဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးနိုင်အောင် ကြိုးစားသွား မယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' ဒီနေ့ကစပြီး ညထွက်တာတွေလုံးဝမထွက်ဖြစ်အောင် အတက်နိုင်ဆုံးထိန်းပြီ။ အရက် ဘီယာလည်း အတက်နိုင်ဆုံးရှောင်ပြီ။ အားကစားပဲ လုပ်တော့မယ်။ ဘာမှမသောက်ပဲ လိုက်ထိုင်မှာကို အပေါင်းသင်းများ တစ်မျိုးမထင်ရ။ ဗိုက်နဲ့ မျက်တွင်းတွေလည်း တော်တော်ဖြစ်ပျက်နေပြီ'' လို့ ဆိုပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသူတစ်ဦး အမြန်ဆုံးလိုအပ်နေတဲ့ ယုန်လေး 

ယုန်လေးဟာ မကြာခင်က သူကိုယ်တိုင်ရိုက်ကူးထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အခု ဆိုရင်တော့ အလုပ်တွေ တစိုက်မတ်မတ် လုပ်သွားမယ့် အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

''လုပ်စရာရှိတဲ့အလုပ် နဲ့ ကိုယ်လုပ်ပေးမယ်ပြောထားတာတွေကို မပြီးပြီးအောင်အားစိုက်လုပ်တော့မယ် ။ ညီမလေး Thoon Poe Eain & La Hpai တို့ကိုလည်း အကြွေးတွေတင်နေပြီ'' ဆိုပြီးတော့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးတစ်ယောက် စိတ်တူကိုယ်တူ ဇာတ်လမ်း၊ ဇာတ်ညွှန်းသမား အသစ်တစ်ယောက် လိုနေတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ ဇာတ်ကားကောင်းတွေ ကို အများကြီး ဖန်တီးတတ်တဲ့ သူ့အနေနဲ့ ဇာတ်ကားတစ်ကားလုံးရဲ့ အစအဆုံးကို သူနဲ့အတူ အိုင်ဒီယာ ကောင်းကောင်း လုပ်ပေးနိုင်တဲ့ လူငယ် တစ်ယောက်ဖြစ်ရမယ်လို့လည်း သူကဆိုပါတယ်။

'' မရိုက်မချင်း ဒီတစ်ဇာတ်ထဲခေါင်းထဲထည့်ပြီး စဉ်းစားမယ့် ကျွန်တော့်ကိုဝိုင်းကူမယ့် အမြဲတွေးနေမယ့် ဇာတ်လမ်း ဇာတ်ညွန်းသမား အသစ် တစ်ဦး အလိုရှိပါသည်ခင်များ ။ ပိုက်ဆံ နဲ့တွက်လျင် အဆင်ပြေမည်မဟုတ်ပါ ။ တစ်ကားထဲကို အချိန်အများကြီးပေးရမည့် အတွက်။ အနု ပညာ အလုပ်လုပ်ဖို့ တွက်ကြွနေမည့် လူငယ်များကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါသည်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က