• Local Celebrity
    ကွယ်လွန်သွားတဲ့ မင်းသွေးအတွက် ရင်ဖွင့်စကားဆိုလာတဲ့ ဖွေးဖွေး
Sabal Thwin
[Unicode Version]

ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးအတွက် ဖွေးဖွေးကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူတို့နှစ်ယောက် ပါဝင် သရုပ်ဆောင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ ရောက်လာတော့မှာပါ။

43155477_1982622615159009_854830446184235008_n.jpg

Photo: ဖွေးဖွေးဖေ့စ်ဘွတ်

 

ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးအတွက် သရုပ်ဆောင်မင်းသမီး ဖွေးဖွေးက စိတ်မကောင်းဖြစ်လို့ နေပါတယ်။ အနုပညာအလုပ်တွေ အတူတူလုပ်ခဲ့ကြတဲ့ မောင်နှမ တစ်ဦးအနေနဲ့ မင်းသွေးအတွက် ဖွေးဖွေးရဲ့ ခံစားချက်တွေကို အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' ကိုမင်းသွေး အတွက် စိတ်မကောင်းဖြစ်ရပါတယ်။  ကောင်းရာမွန်ရာ ရောက်ပါစေ အကိုရေ။ စိတ်ထား အရမ်းကောင်းတဲ့မိသားစု အစ်ကို တို့မိသားစု နဲ့ထပ်တူ ဝမ်းနည်းပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၁၀ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

1012653_538628836191578_1889382281_n.jpg

Photo: ဖေ့စ်ဘွတ်

မင်းသွေးသတင်းကြောင့် ဝမ်းနည်းကြေကွဲနေကြတဲ့ အနုပညာမောင်နှမများ 

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်က ကွယ်လွန်သွားခဲ့တာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်နေ ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေ နဲ့ ပရိသတ်တွေက အများကြီးရှိပါတယ်။ မင်းသွေးဟာ မကြာသေးခင်က စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၃ ရက်နေ့ မနက်မှာ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

22814533_1477711498983561_2912501256267560841_n.jpg

Photo:မုန်းစွဲဖေ့စ်ဘွတ်

 

မင်းသွေးနဲ့ ဖွေးဖွေးတို့ဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြပါတယ်။ မကြာခင် ရုံတင် ပြသ တော့မယ့် ဒါရိုက်တာ သြရသ ရိုက်ကူးထားတဲ့  '' မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူတွဲ သရုပ်ဆောင်ထားကြပါတယ်။ လက်ရှိ မှာ လည်း ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပါတယ်။

23379840_2034531300110932_3481157829905649555_n.jpg

Photo:မုန်းစွဲဖေ့စ်ဘွတ်

 

မင်းသွေး ပါဝင်သရုပ်ဆောင်ထားတဲ့ သတ်ကွင်း ရုပ်ရှင် ဇာတ်ကားကြီးကို 2018 ခုနှစ်အတွင်းမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ ရောက်လာတော့မှာဖြစ်ပါတယ်။ မင်းသွေးဟာ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ဖြစ်တဲ့ ''ထိုးစစ်'' MTV ကိုလည်း မကြာခင် ထွက်ရှိနိုင်ဖို့ ပြင်ဆင်ထားခဲ့ပါသေးတယ်။

[Zawgyi Version]

ကြယ္လြန္သြားၿပီျဖစ္တဲ့ သရုပ္ေဆာင္မင္းေသြးအတြက္ ေဖြးေဖြးကလည္း စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ သူတုိ႔ႏွစ္ေယာက္ ပါဝင္ သရုပ္ေဆာင္ထားတဲ့ မုန္းစြဲ ရုပ္ရွင္ဇာတ္ကားကလည္း ပရိသတ္အေရွ႕ ေရာက္လာေတာ့မွာပါ။

Photo: ေဖြးေဖြးေဖ့စ္ဘြတ္

 

ရုတ္တရက္ ကြယ္လြန္သြားၿပီျဖစ္တဲ့ သရုပ္ေဆာင္ မင္းေသြးအတြက္ သရုပ္ေဆာင္မင္းသမီး ေဖြးေဖြးက စိတ္မေကာင္းျဖစ္လုိ႔ ေနပါတယ္။ အႏုပညာအလုပ္ေတြ အတူတူလုပ္ခဲ့ၾကတဲ့ ေမာင္ႏွမ တစ္ဦးအေနနဲ႔ မင္းေသြးအတြက္ ေဖြးေဖြးရဲ႕ ခံစားခ်က္ေတြကုိ အခုလုိ ေျပာျပထားတာ ေတြ႔ရပါတယ္။

'' ကိုမင္းေသြး အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။  ေကာင္းရာမြန္ရာ ေရာက္ပါေစ အကိုေရ။ စိတ္ထား အရမ္းေကာင္းတဲ့မိသားစု အစ္ကို တို႔မိသားစု နဲ႔ထပ္တူ ဝမ္းနည္းပါတယ္'' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၄ ရက္ေန႔ မနက္ ၁၀ နာရီ ေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာ မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: ေဖ့စ္ဘြတ္

မင္းေသြးသတင္းေၾကာင့္ ဝမ္းနည္းေၾကကြဲေနၾကတဲ့ အႏုပညာေမာင္ႏွမမ်ား 

မင္းေသြးဟာ ေအာက္တုိဘာလ ၃ ရက္ေန႔ ည ၁၁ နာရီ မိနစ္ ၂၀ အခ်ိန္က ကြယ္လြန္သြားခဲ့တာပါ။ သူ႔အတြက္ စိတ္မေကာင္းျဖစ္ေန ၾကတဲ့ မိသားစုဝင္ေတြ၊ အႏုပညာရွင္ေတြ နဲ႔ ပရိသတ္ေတြက အမ်ားႀကီးရွိပါတယ္။ မင္းေသြးဟာ မၾကာေသးခင္က စင္ကာပူႏုိင္ငံကုိ အလည္အပတ္ သြားေရာက္ခဲ့ရာမွ ေအာက္တုိဘာလ ၃ ရက္ေန႔ မနက္မွာ ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။

Photo:မုန္းစြဲေဖ့စ္ဘြတ္

 

မင္းေသြးနဲ႔ ေဖြးေဖြးတုိ႔ဟာ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာ အတူတြဲသရုပ္ေဆာင္ခ့ဲၾကပါတယ္။ မၾကာခင္ ရုံတင္ ျပသ ေတာ့မယ့္ ဒါရုိက္တာ ၾသရသ ရုိက္ကူးထားတဲ့  '' မုန္းစြဲ'' ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း အတူတဲြ သရုပ္ေဆာင္ထားၾကပါတယ္။ လက္ရွိ မွာ လည္း ေဖြးေဖြးက ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ ရုိက္ကူးေနရတာျဖစ္ပါတယ္။

Photo:မုန္းစြဲေဖ့စ္ဘြတ္

 

မင္းေသြး ပါဝင္သရုပ္ေဆာင္ထားတဲ့ သတ္ကြင္း ရုပ္ရွင္ ဇာတ္ကားႀကီးကုိ 2018 ခုႏွစ္အတြင္းမွာ ရုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ မုန္းစြဲ ရုပ္ရွင္ဇာတ္ကားကလည္း ပရိသတ္အေရွ႕ ေရာက္လာေတာ့မွာျဖစ္ပါတယ္။ မင္းေသြးဟာ သူ႔ရဲ႕ ပထမဆံုး တစ္ကုိယ္ေတာ္ ေတးစီးရီး ျဖစ္တဲ့ ''ထိုးစစ္'' MTV ကုိလည္း မၾကာခင္ ထြက္ရွိႏုိင္ဖုိ႔ ျပင္ဆင္ထားခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs