• Local Celebrity
    ရင်ကိုထိရှစေတဲ့ မင်းသွေးရဲ့နောက်ဆုံးပုံရိပ်များ
Ei Ei Mar
[Unicode Version]

မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကို ထိရှကြေကွဲစေလွန်းပါတယ်။ အောက်တိုဘာ(၆) ရက်နေ့က ဒါရိုက်တာ ကိုပေါက် တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ နောက်ဆုံးအကြိမ် မင်းသွေးဆေးရုံတက်ရတဲ့ ပုံရိပ်လေးတွေပါ ပါဝင်ခဲ့ပါတယ်။

6.JPG

မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကို ထိရှကြေကွဲစေလွန်းပါတယ်။ အောက်တိုဘာ(၆) ရက်နေ့က ဒါရိုက်တာ ကိုပေါက် တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ နောက်ဆုံးအကြိမ် မင်းသွေးဆေးရုံတက်ရတဲ့ ပုံရိပ်လေးတွေပါ ပါဝင်ခဲ့ပါတယ်။ မင်းသွေးအတွက် သတိရခြင်းတွေနဲ့ ဖန်တီးခဲ့တဲ့ အဲ့ဒီဗီဒီယိုဖိုင်လေးဟာဆိုရင် နာရီပိုင်းအတွင်းကြည့်ရှုသူ (၃)သိန်းကျော် ရှိလို့နေပါတယ်။

ဒါရိုက်တာ ကိုပေါက် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးရဲ့ အစမှာ "မင်းသွေးအတွက် လွမ်းဆွတ်ခြင်းအမှတ်တရ"ဆိုတဲ့ စာသားလေးနဲ့ မင်းသွေးကို နောက်ဆုံးအကြိမ်သင်္ဃန်းကျွန်းဆေးရုံကို လိုက်ပို့တဲ့ ပုံရိပ်တွေက စတင်ခဲ့ပါတယ်။

4.JPG

အဲ့ဒီနောက်မှာ ဆေးရုံရောက်ချိန် မင်းသွေးကို လူနာတင်လှည်းပေါ်တင်ပြီး ဆရာဝန်မကြီးတွေက စစ်ဆေးခြင်းတွေ ပြုခဲ့ကြပါတယ်။ ဘာမှကိုယ် မသိတော့ဘဲ အိပ်ပျော်နေတယ်လို့တောင် ထင်ရတဲ့ မင်းသွေးရဲ့ ဘေးမှာတော့ စိုးရိမ်မှုတွေ၊ ပူပန်မှု၊ မျှော်လင့်ချက်အငွေ့ အသက်လေးတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နှလုံးသားကတော့ တဒိတ်ဒိတ်နဲ့ပေ့ါ။

အဲ့ဒီနောက်မှာ မင်းသွေးကို  အရေးပေါ်ဌာနထဲကို ခေါ်သွားခဲ့တာပုံရိပ်လေးတွေ ပါခဲ့ပါသေးတယ်။ဒါပေမယ့်လည်းနောက်ဆုံးမှာ မင်းသွေးတစ် ယောက် သူချစ်တဲ့သူတွေနဲ့ သူကိုချစ်တဲ့သူအားလုံးကို အောက်တိုဘာ(၃) ရက်နေ့ ည (၁၁း၂၀)မှာ အားလုံးကို နှုတ်ဆက်သွားခဲ့ပါတယ်။

၈.JPG 

အားလုံးရဲ့ ရင်ထဲမှာ မယုံကြည်မှုများစွာနဲ့ လက်မလွှွတ်ချင်သူကို နောက်ဆုံးမှာ လက်လွှတ်ပေးခဲ့ရပါတယ်။ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးမှာ မင်းသွေးရဲ့ နောက်ဆုံးပုံရိပ်လေးတွေအပြီးမှာ ကိုပေါက်နဲ့ မင်းသွေးတို့အတူခရီးသွားခဲ့တဲ့ ပုံရိပ်များ ၊ မင်းသွေးရဲ့အင်တာဗျူးများနဲ့ မင်းသွေး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတဲ့"သတ်ကွင်း" ထဲက ပုံရိပ်လေးတွေနဲ့ ဆက်လက်ပုံဖော်ထားပါသေးတယ်။

နောက်ဆုံးမှာ နေတိုးကိုယ်တိုင် သီဆိုထားတဲ့ "လရောင်ချော့တေး"သီချင်းလေးနဲ့ မင်းသွေးရဲ့ ပုံရိပ်လေးတွေကို ပုံဖော်ထားတာ ဟာကြည့်ရှုသူ ပရိသတ်တွေအတွက် ရင်ထဲမှာ စို့နစ်အောင်ခံစားလို့နေရပါတယ်။

 

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို မကြာခင် နာရီပိုင်းအတွင်း ရေဝေးသုဿန်မှာ မှာ သဂြိုလ်သွားမှာ ဖြစ်ပါတယ်။

IMG_4032-Recovered.jpg 

မင်းသွေးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ အောက်တိုဘာ(၆) ရက်နေ့ ညပိုင်းကတည်းက ရေဝေးသုဿန်ဝင်းထဲမှာ မင်းသွေးရဲ့ ရုပ်လောင်းကို မြင်ရဖို့အတွက် သွားရောက်နေကြတာဟာလည်း အရမ်းကို ဝမ်းနည်းဖို့ ကောင်းလှပါတယ်။

[Zawgyi Version]

မင္းေသြးရဲ႕ ေနာက္ဆံုးပံုရိပ္ဗီဒီယိုဖိုင္ေလးဟာ ပရိသတ္ေတြရဲ႕ ရင္ကို ထိရွေၾကကြဲေစလြန္းပါတယ္။ ေအာက္တိုဘာ(၆) ရက္ေန႕က ဒါရုိက္တာ ကိုေပါက္ တင္ထားတဲ့ ဗီဒီယုိဖိုင္ေလးမွာ ေနာက္ဆံုးအႀကိမ္ မင္းေသြးေဆးရံုတက္ရတဲ့ ပံုရိပ္ေလးေတြပါ ပါဝင္ခဲ့ပါတယ္။

မင္းေသြးရဲ႕ ေနာက္ဆံုးပံုရိပ္ဗီဒီယိုဖိုင္ေလးဟာ ပရိသတ္ေတြရဲ႕ ရင္ကို ထိရွေၾကကြဲေစလြန္းပါတယ္။ ေအာက္တိုဘာ(၆) ရက္ေန႕က ဒါရုိက္တာ ကိုေပါက္ တင္ထားတဲ့ ဗီဒီယုိဖိုင္ေလးမွာ ေနာက္ဆံုးအႀကိမ္ မင္းေသြးေဆးရံုတက္ရတဲ့ ပံုရိပ္ေလးေတြပါ ပါဝင္ခဲ့ပါတယ္။ မင္းေသြးအတြက္ သတိရျခင္းေတြနဲ႕ ဖန္တီးခဲ့တဲ့ အဲ့ဒီဗီဒီယိုဖိုင္ေလးဟာဆိုရင္ နာရီပိုင္းအတြင္းၾကည့္ရႈသူ (၃)သိန္းေက်ာ္ ရွိလို႕ေနပါတယ္။

ဒါရိုက္တာ ကိုေပါက္ တင္ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးရဲ႕ အစမွာ "မင္းေသြးအတြက္ လြမ္းဆြတ္ျခင္းအမွတ္တရ"ဆိုတဲ့ စာသားေလးနဲ႕ မင္းေသြးကို ေနာက္ဆံုးအႀကိမ္သဃၤန္းကၽြန္းေဆးရံုကို လိုက္ပို႕တဲ့ ပံုရိပ္ေတြက စတင္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ ေဆးရံုေရာက္ခ်ိန္ မင္းေသြးကို လူနာတင္လွည္းေပၚတင္ၿပီး ဆရာဝန္မႀကီးေတြက စစ္ေဆးျခင္းေတြ ျပဳခဲ့ၾကပါတယ္။ ဘာမွကိုယ္ မသိေတာ့ဘဲ အိပ္ေပ်ာ္ေနတယ္လို႕ေတာင္ ထင္ရတဲ့ မင္းေသြးရဲ႕ ေဘးမွာေတာ့ စိုးရိမ္မႈေတြ၊ ပူပန္မႈ၊ ေမွ်ာ္လင့္ခ်က္အေငြ႕ အသက္ေလးေတြနဲ႕ မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ႏွလံုးသားကေတာ့ တဒိတ္ဒိတ္နဲ႕ေပ့ါ။

အ့ဲဒီေနာက္မွာ မင္းေသြးကို  အေရးေပၚဌာနထဲကို ေခၚသြားခဲ့တာပံုရိပ္ေလးေတြ ပါခဲ့ပါေသးတယ္။ဒါေပမယ့္လည္းေနာက္ဆံုးမွာ မင္းေသြးတစ္ ေယာက္ သူခ်စ္တဲ့သူေတြနဲ႕ သူကိုခ်စ္တဲ့သူအားလံုးကို ေအာက္တိုဘာ(၃) ရက္ေန႕ ည (၁၁း၂၀)မွာ အားလံုးကို ႏႈတ္ဆက္သြားခဲ့ပါတယ္။

အားလံုးရဲ႕ ရင္ထဲမွာ မယံုၾကည္မႈမ်ားစြာနဲ႕ လက္မလႊြတ္ခ်င္သူကို ေနာက္ဆံုးမွာ လက္လႊတ္ေပးခဲ့ရပါတယ္။ ကိုေပါက္ရဲ႕ ဗီဒီယိုဖိုင္ေလးမွာ မင္းေသြးရဲ႕ ေနာက္ဆံုးပံုရိပ္ေလးေတြအၿပီးမွာ ကိုေပါက္နဲ႕ မင္းေသြးတို႕အတူခရီးသြားခဲ့တဲ့ ပံုရိပ္မ်ား ၊ မင္းေသြးရဲ႕အင္တာဗ်ဴးမ်ားနဲ႕ မင္းေသြး ကိုယ္တိုင္ပံုေဖာ္ရိုက္ကူးထားတဲ့"သတ္ကြင္း" ထဲက ပံုရိပ္ေလးေတြနဲ႕ ဆက္လက္ပံုေဖာ္ထားပါေသးတယ္။

ေနာက္ဆံုးမွာ ေနတိုးကိုယ္တိုင္ သီဆိုထားတဲ့ "လေရာင္ေခ်ာ့ေတး"သီခ်င္းေလးနဲ႕ မင္းေသြးရဲ႕ ပံုရိပ္ေလးေတြကို ပံုေဖာ္ထားတာ ဟာၾကည့္ရႈသူ ပရိသတ္ေတြအတြက္ ရင္ထဲမွာ စို႕နစ္ေအာင္ခံစားလို႕ေနရပါတယ္။

 

မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။မင္းေသြးဟာသူခ်င္းေတြနဲ႕အတူ ေဘာလံုးကန္ရင္းကေန ေမာလို႕ ခဏနားၿပီး ေရေသာက္လိုက္တဲ့အခ်ိန္ ရုတ္တရက္ လဲက်သြားရာက အေရးေပၚသို႕ ပို႕လိုက္ရာက သတိျပန္ မလည္လာေတာ့တာ ျဖစ္ပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို မၾကာခင္ နာရီပိုင္းအတြင္း ေရေဝးသုႆန္မွာ မွာ သၿဂိဳလ္သြားမွာ ျဖစ္ပါတယ္။

မင္းေသြးကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကေတာ့ ေအာက္တိုဘာ(၆) ရက္ေန႕ ညပိုင္းကတည္းက ေရေဝးသုႆန္ဝင္းထဲမွာ မင္းေသြးရဲ႕ ရုပ္ေလာင္းကို ျမင္ရဖို႕အတြက္ သြားေရာက္ေနၾကတာဟာလည္း အရမ္းကို ဝမ္းနည္းဖို႕ ေကာင္းလွပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs