• Local Celebrity
    လိုချင်တဲ့အိမ်လေးရဖို့ (၇)နှစ် ကြိုးစားခဲ့ရတယ်ဆိုတဲ့ ဇေရဲထက်
Sabal Thwin
[Unicode Version]

ဇေရဲထက်တစ်ယောက် သူလိုချင်တဲ့ အိမ်လေးပိုင်ဆိုင်ခွင့်ရဖို့အတွက် ၇ နှစ်လုံး ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ သပ်ရပ် လှပလွန်းတဲ့ အိမ်လေးကြောင့်လည်း ပရိသတ်တွေ အားကျလို့နေပါတယ်။

Z-3.jpg 

သရုပ်ဆောင် ဇေရဲထက်ကတော့ သူပိုင်ဆိုင်ချင်တဲ့ အိမ်လေးကို ပိုင်ဆိုင်ခွင့်ရပြီဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအိမ်လေး ပိုင်ဆိုင်ခွင့်ရဖို့အတွက် အနုပညာအလုပ်လုပ်ရင်း ၇ နှစ်ကြာအောင် ပိုက်ဆံစုခဲ့ရတယ်လို့ ဆိုပါတယ်။

'' လူတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ပါ။ ကျွန်တော်လေ ဒီတစ်လုံးလေးရဖို့ ၇နှစ်ကြာအောင်စုခဲ့ရတယ်။  ဖြူစင်စွာနဲ့ ကျွန်တော် ရှာခဲ့ပြီးရလာတဲ့အိမ်လေး ပြီးတော့ စိတ်ချမ်းသာမိတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးခဲ့တာဖြစ်ပါတယ်။

43426667_691012044616561_6363835643570683904_n.jpg

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

ဇေရဲထက်ရဲ့ ကိုယ်ပိုင်အိမ်လေးကတော့ အခုမှ ပြင်ဆင်တည်ဆောက်နေတုန်းဖြစ်ပါတယ်။ အိမ်ကို အချောသတ်ဖို့ သိပ်မလိုတော့ပါဘူး။ သူ့ရဲ့ အိမ်ခန်းလေးတွေကိုလည်း ပြသထားတာ ဖြစ်တဲ့အတွက် အရမ်းကို လှပ သန့်ရှင်းလို့နေပါတယ်။ ဇေရဲထက်ရဲ့ ကိုယ်ပိုင်အိမ်လေး အတွက် လည်း ပရိသတ်တွေက အားကျလို့နေပါတယ်။

ဟင်းချက်တာတော့ကျွမ်းပြီး ထမင်းတော့မချက်တတ်ဘူးဆိုတဲ့ ဇေရဲထက် 

43419021_691012167949882_1748945918842896384_n.jpg

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

39998550-669033303481102-96755159228481536-n.jpg

Photo: ဇေရဲထက်ဖေ့စ်ဘွတ်

 

သူ့အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အနုပညာအလုပ်တွေသာမက ဟင်းချက်တာလည်း ဝါသနာပါတာကြောင့် မကြာခဏဆိုသလို အနုပညာ မောင်နှမတွေ၊ ပရိသတ်တွေ၊ မိသားစုတွေကို ဟင်းချက်ကျွေးလေ့ရှိပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဟင်းချက်နည်းတွေကို လေ့လာမှုတွေ လုပ်ခဲ့ပြီး ထမင်း၊ ဟင်းဆိုင် ဖွင့်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

[Zawgyi Version]

ေဇရဲထက္တစ္ေယာက္ သူလုိခ်င္တဲ့ အိမ္ေလးပုိင္ဆိုင္ခြင့္ရဖုိ႔အတြက္ ၇ ႏွစ္လုံး ႀကိဳးစားရုန္းကန္ခဲ့ရတယ္လို႔ဆုိပါတယ္။ သပ္ရပ္ လွပလြန္းတဲ့ အိမ္ေလးေၾကာင့္လည္း ပရိသတ္ေတြ အားက်လုိ႔ေနပါတယ္။

သရုပ္ေဆာင္ ေဇရဲထက္ကေတာ့ သူပိုင္ဆုိင္ခ်င္တဲ့ အိမ္ေလးကုိ ပုိင္ဆုိင္ခြင့္ရၿပီျဖစ္တာေၾကာင့္ ဝမ္းသာပီတိျဖစ္လုိ႔ေနပါတယ္။ ဒီအိမ္ေလး ပုိင္ဆုိင္ခြင့္ရဖုိ႔အတြက္ အႏုပညာအလုပ္လုပ္ရင္း ၇ ႏွစ္ၾကာေအာင္ ပုိက္ဆံစုခဲ့ရတယ္လုိ႔ ဆုိပါတယ္။

'' လူတစ္ေယာက္အတြက္ အေရးႀကီးဆုံးက အိမ္ပါ။ ကၽြန္ေတာ္ေလ ဒီတစ္လုံးေလးရဖို႔ ၇ႏွစ္ၾကာေအာင္စုခဲ့ရတယ္။  ျဖဴစင္စြာနဲ႔ ကၽြန္ေတာ္ ရွာခဲ့ၿပီးရလာတဲ့အိမ္ေလး ၿပီးေတာ့ စိတ္ခ်မ္းသာမိတယ္'' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၉ ရက္ေန႔ ညေန ၆ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးခ့ဲတာျဖစ္ပါတယ္။

Photo: ေဇရဲထက္ေဖ့စ္ဘြတ္

 

ေဇရဲထက္ရဲ႕ ကုိယ္ပုိင္အိမ္ေလးကေတာ့ အခုမွ ျပင္ဆင္တည္ေဆာက္ေနတုန္းျဖစ္ပါတယ္။ အိမ္ကုိ အေခ်ာသတ္ဖုိ႔ သိပ္မလိုေတာ့ပါဘူး။ သူ႔ရဲ႕ အိမ္ခန္းေလးေတြကုိလည္း ျပသထားတာ ျဖစ္တဲ့အတြက္ အရမ္းကုိ လွပ သန္႔ရွင္းလုိ႔ေနပါတယ္။ ေဇရဲထက္ရဲ႕ ကုိယ္ပုိင္အိမ္ေလး အတြက္ လည္း ပရိသတ္ေတြက အားက်လုိ႔ေနပါတယ္။

ဟင္းခ်က္တာေတာ့ကၽြမ္းၿပီး ထမင္းေတာ့မခ်က္တတ္ဘူးဆိုတဲ့ ေဇရဲထက္ 

Photo: ေဇရဲထက္ေဖ့စ္ဘြတ္

 

ေဇရဲထက္ကုိေတာ့ ဗီဒီယုိ ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြ စလုပ္ ကတည္းက ပရိသတ္အားေပးမႈအရွိန္ေကာင္းခဲ့တာပါ။ အဲ့ဒီေနာက္ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းလာရင္းနဲ႔ ေဝဖန္တုိက္ ခုိက္မႈ၊ ခ်စ္ခင္အားေပးမႈေတြၾကားကေန အခုဆုိရင္ ေအာင္ျမင္တဲ့ အေနအထားတစ္ခုကုိ ပုိင္ဆုိင္ေနတာပဲ ျဖစ္ပါတယ္။

Photo: ေဇရဲထက္ေဖ့စ္ဘြတ္

 

သူ႔အေနနဲ႔ စီးပြားေရးနဲ႔ ပတ္သက္ၿပီး အႏုပညာအလုပ္ေတြသာမက ဟင္းခ်က္တာလည္း ဝါသနာပါတာေၾကာင့္ မၾကာခဏဆုိသလုိ အႏုပညာ ေမာင္ႏွမေတြ၊ ပရိသတ္ေတြ၊ မိသားစုေတြကုိ ဟင္းခ်က္ေကၽြးေလ့ရွိပါတယ္။ ဒီ့အတြက္ေၾကာင့္လည္း ဟင္းခ်က္နည္းေတြကုိ ေလ့လာမႈေတြ လုပ္ခဲ့ၿပီး ထမင္း၊ ဟင္းဆုိင္ ဖြင့္ခဲ့တယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာေျဖဆုိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs