• Local Celebrity
    ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်တွေ ထပ်ရလိုက်တဲ့ နေဒွေး
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် နေဒွေးရဲ့ မွေးနေ့က အောက်တိုဘာ(၉) ရက်နေ့ကပါ။ မွေးနေ့ပြီးသွားပေမယ့်လည်း နေဒွေးတစ်ယောက် မွေးနေ့လက် ဆောင်တွေ ရနေတုန်းကပဲ။ ဒီနေ့မှာလည်း ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်ထပ်ရလို့ ပျော်လို့ နေပါတယ်။

43582818_2026418774080950_8988745223379091456_n.jpg

ပရိသတ်တွေပေးတဲ့ လက်ဆောင်

 

သရုပ်ဆောင် နေဒွေးရဲ့ မွေးနေ့က အောက်တိုဘာ(၉) ရက်နေ့ကပါ။ သူ့ရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ We Love တွေက ရှုတင်အထိ လိုုက်ပြီး မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။နေဒွေးဟာ We  Love တွေနဲ့အတူ မွေးနေ့အကြိုလေးကို ရှုတင်မှာပဲ ဖြတ်သန်းခဲ့ပြီး ရှုတင်မှာရှိတဲ့ စက်အဖွဲ့သားတွေကိုလည်း မွေးနေ့အလှူလေးပြန်ပြီး ပြုလုပ်ပေးခဲ့ပါသေးတယ်။

43703444_2025287530860741_1413161694854643712_n.jpg

Photo : မင်းသွေး FB

 

ဒီနေ့(အောက်တိုဘာ၁၀ရက်)မှာလည်း သူ့ရဲ့ ချစ်ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်တွေ ထပ်ရနေတာကြောင့် နေဒွေးတစ်ယောက် ပျော်လို့နေပါတယ်။

"အိမ်ပြန်ရောက်ရောက်ခြင်း နယ်ကချစ်ပရိသတ်တွေပို့ထားတဲ့မွေးနေ့လက်ဆောင်တွေ အများကြီးတွေ့ လိုက်ရတော့။ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ တန်ဖိုးထားပြီးသုံးပါ့မယ်ခင်ဗျ"ဆိုပြီး အောက်တိုဘာ(၁၀) ရက်နေ့ ညနေ(၅း၁၃)မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားတာပါ။

43410116_2024716187584542_993148218684473344_n.jpg

Photo : မင်းသွေး FB

 

နေဒွေးဟာ သူ့ရဲ့ မွေးနေ့မှာ မိခင်နဲ့အတူတူ ရှိမနေနိုင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေရတာ ဖြစ်တဲ့ အတွက် အဝေးရောက်နေတယ်လို့ သိရပါတယ်။ သူ့ မေမေကို ချစ်တဲ့အကြောင်းတွေ အခုလို ရေးသားထားပါတယ်။

'' ဒီနေ့ မှာ ကျွန်တော့်ကိုလူလားမြောက်အောင်မွေးထုတ်ပေးခဲ့တဲ့ ချစ်မေမေ ကိုကျေးဇူးအထူးတင်ရှိပါတယ်။ ဒီထက်ပိုလိမ္မာပြီး မေမေ့ကို မွေးကျေးဇူး၊ ကျွေးကျေးဇူး ဆပ်ပါမယ်။ မွေးနေ့မှာ မေမေ့ဘေးနားနေမပေးနိုင်တာနားလည်ခွင့်လွှတ်ပေးပါ့နော်'' ဆိုပြီးတော့ အောက်တို ဘာလ ၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

42835830_2014196941969800_8671457383425245184_n.jpg

Photo : မင်းသွေး FB

မေမေ့ကို မွေးကျေးဇူး၊ ကျွေးကျေးဇူး ဆပ်မယ်ဆိုတဲ့ နေဒွေး 

သရုပ်ဆောင် နေဒွေးဟာ အမေချစ်တဲ့ သားဖြစ်ပါတယ်။ သူ ဘယ်နေရာသွားသွား၊ ဘာဇာတ်ကားရိုက်ရိုက် ဘေးနားမှာ မိခင်ကို အမြဲထား တတ် သူတစ်ယောက်ပါ။ တစ်ဦးတည်းသော သားလည်းဖြစ်သလို မိခင်ကိုလည်း စိတ်ချမ်းသာအောင် ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးက တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့သိရပါတယ်။

နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

42953232_2014196905303137_7389269479311540224_n.jpg

Photo : မင်းသွေး FB

နေဒွေး ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ ေနေဒြးရဲ႕ ေမြးေန႕က ေအာက္တုိဘာ(၉) ရက္ေန႕ကပါ။ ေမြးေန႕ၿပီးသြားေပမယ့္လည္း ေနေဒြးတစ္ေယာက္ ေမြးေန႕လက္ ေဆာင္ေတြ ရေနတုန္းကပဲ။ ဒီေန႕မွာလည္း ပရိသတ္ေတြဆီက ေမြးေန႕လက္ေဆာင္ထပ္ရလို႕ ေပ်ာ္လို႕ ေနပါတယ္။

ပရိသတ္ေတြေပးတဲ့ လက္ေဆာင္

 

သရုပ္ေဆာင္ ေနေဒြးရဲ႕ ေမြးေန႕က ေအာက္တုိဘာ(၉) ရက္ေန႕ကပါ။ သူ႕ရဲ႕ ေမြးေန႕ေလးမွာ ခ်စ္ရတဲ့ We Love ေတြက ရႈတင္အထိ လိုုက္ၿပီး ေမြးေန႕အႀကိဳပြဲေလး ျပဳလုပ္ေပးခဲ့တယ္လို႕ သိရပါတယ္။ေနေဒြးဟာ We  Love ေတြနဲ႕အတူ ေမြးေန႕အႀကိဳေလးကို ရႈတင္မွာပဲ ျဖတ္္သန္းခဲ့ၿပီး ရႈတင္မွာရွိတဲ့ စက္အဖြဲ႕သားေတြကိုလည္း ေမြးေန႕အလွဴေလးျပန္ၿပီး ျပဳလုပ္ေပးခဲ့ပါေသးတယ္။

Photo : မင္းေသြး FB

 

ဒီေန႕(ေအာက္တိုဘာ၁၀ရက္)မွာလည္း သူ႕ရဲ႕ ခ်စ္ပရိသတ္ေတြဆီက ေမြးေန႕လက္ေဆာင္ေတြ ထပ္ရေနတာေၾကာင့္ ေနေဒြးတစ္ေယာက္ ေပ်ာ္လို႕ေနပါတယ္။

"အိမ္ျပန္ေရာက္ေရာက္ျခင္း နယ္ကခ်စ္ပရိသတ္ေတြပို႔ထားတဲ့ေမြးေန႔လက္ေဆာင္ေတြ အမ်ားႀကီးေတြ႕ လိုက္ရေတာ့။ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ခင္ဗ် တန္ဖိုးထားၿပီးသုံးပါ့မယ္ခင္ဗ်"ဆိုၿပီး ေအာက္တိုဘာ(၁၀) ရက္ေန႕ ညေန(၅း၁၃)မိနစ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသား ထားတာပါ။

Photo : မင္းေသြး FB

 

ေနေဒြးဟာ သူ႕ရဲ႕ ေမြးေန႕မွာ မိခင္နဲ႕အတူတူ ရွိမေနႏိုင္ခဲ့ဘူးလို႕ သိရပါတယ္။ လက္ရွိ မွာ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနရတာ ျဖစ္တဲ့ အတြက္ အေဝးေရာက္ေနတယ္လုိ႔ သိရပါတယ္။ သူ႔ ေမေမကုိ ခ်စ္တဲ့အေၾကာင္းေတြ အခုလုိ ေရးသားထားပါတယ္။

'' ဒီေန႔ မွာ ကြ်န္ေတာ့္ကိုလူလားေျမာက္ေအာင္ေမြးထုတ္ေပးခဲ့တဲ့ ခ်စ္ေမေမ ကိုေက်းဇူးအထူးတင္ရွိပါတယ္။ ဒီထက္ပိုလိမၼာၿပီး ေမေမ့ကို ေမြးေက်းဇူး၊ ေကြ်းေက်းဇူး ဆပ္ပါမယ္။ ေမြးေန႔မွာ ေမေမ့ေဘးနားေနမေပးႏိုင္တာနားလည္ခြင့္လႊတ္ေပးပါ့ေနာ္'' ဆုိၿပီးေတာ့ ေအာက္တုိ ဘာလ ၉ ရက္ေန႔ မနက္ ၇ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo : မင္းေသြး FB

ေမေမ့ကို ေမြးေက်းဇူး၊ ေကြ်းေက်းဇူး ဆပ္မယ္ဆုိတဲ့ ေနေဒြး 

သရုပ္ေဆာင္ ေနေဒြးဟာ အေမခ်စ္တဲ့ သားျဖစ္ပါတယ္။ သူ ဘယ္ေနရာသြားသြား၊ ဘာဇာတ္ကားရုိက္ရုိက္ ေဘးနားမွာ မိခင္ကုိ အျမဲထား တတ္ သူတစ္ေယာက္ပါ။ တစ္ဦးတည္းေသာ သားလည္းျဖစ္သလုိ မိခင္ကုိလည္း စိတ္ခ်မ္းသာေအာင္ ထားတဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေနေဒြးက တုႏႈိင္းမရတဲ့ ေမတၱာဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနတယ္လုိ႔သိရပါတယ္။

ေနေဒြးဟာ အခုလက္ရွိမွာ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ရိုက္ကူးေနရတာျဖစ္ပါတယ္။ ေနာက္ထပ္ ရုပ္ရွင္ ဇာတ္ကားႀကီး ေတြလည္း ရုိက္ကူးဖုိ႔ လက္ခံထားတာေတြရွိတယ္လုိ႔သိရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အလွဴအတန္းနဲ႔ ပတ္သက္လာရင္လည္း သူ႔ရဲ႕ ပရိသတ္ေတြနဲ႔ ျဖစ္ေစ၊ သူတစ္ဦးတစ္ေယာက္တည္းျဖစ္ေစ။ အလွဴအတန္းေတြ လုပ္ေလ့ရွိပါတယ္။

Photo : မင္းေသြး FB

ေနေဒြး ကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့တာျဖစ္ပါတယ္။ သူ ကုိယ္တုိင္ကလည္း ထုတ္လုပ္ေရး တုိက္မ်ားစြာနဲ႔တြဲၿပီး စာခ်ဳပ္ခ်ဳပ္ရုိက္ေနရတာျဖစ္တဲ့အတြက္ ပရုိဂ်ဴဆာေတြစိတ္ႀကိဳက္ရုိက္ေပးေနရတယ္လုိ႔ သိရပါတယ္။ သူကုိယ္တုိင္က လည္း အရည္အေသြးျမွင့္တဲ့ ဇာတ္ကားေကာင္းေတြကို ရုိက္ခ်င္တယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs