• Local Celebrity
    ချစ်မေမေအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဖွေးဖွေး
Sabal Thwin
[Unicode Version]

ဖွေးဖွေးက သူချစ်ရတဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းစကားတွေ အများကြီးပြောပြလာပါတယ်။ အဲ့ဒီနောက် လူအချင်းချင်း စောင့်စည်း ရမယ့် အရာတွေကို မိခင်က သင်ပြ ပြောပြတာထက်၊ လက်တွေ့ ဆောင်ရွက် ပြခဲ့တာတွေက သူ့အတွက် ပိုထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

43684196_10155976368647712_3959078987774296064_n.jpg

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

သရုပ်ဆောင်ဖွေးဖွေးကတော့ သူချစ်ရတဲ့ မေမေ့အတွက် မွေးနေ့ဆုတောင်းစကားတွေ အများကြီးပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့(ဒီနေ့) ကတော့ ဖွေးဖွေးရဲ့ မိခင် မွေးနေ့ဖြစ်ပါတယ်။ မိခင်ကို ပျော်ပျော်ရွှင်ရွှင်နေစေချင်တဲ့ ဖွေးဖွေးရဲ့ ဆန္ဒလေးတွေကို အခုလို ပြောပြထားတာ တွေ့ရပါတယ်။

'' Happy Birthday ပါ ချစ်မေကြီး။ အမေ့ကို အရမ်းချစ်တယ်။ အမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဖေ၊ သမီး၊ ဖိုးသား။ အမေချစ်တဲ့ သူငယ်ချင်းတွေနဲ့ အကြာကြီး ပျော်ပျော်နေနိုင်ပါစေ။ You are my super hero'' ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

32332504_10155647457357712_3990892609399685120_n.jpg

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ဖွေးဖွေးဟာ လူ့ပတ်ဝန်းကျင်၊ လူအချင်းချင်း စောင့်စည်းရမယ့် အရာတွေကို မိခင်ဖြစ်သူက သင်ပြ ပြောပြတာထက်၊ လက်တွေ့ ဆောင်ရွက် ပြခဲ့တာတွေက တကယ်ကို ထိရောက်စေတယ် လို့ ဆိုပါတယ်။ ညဘက်မှာ မွေးနေ့ ဆုတောင်းပေးရတာ ဖြစ်လို့ မိခင်ကို မွေးနေ့ အနမ်းလေး တောင်မပေးရသေးဘူးလို့ဆိုပါတယ်။

''ချွဲနွဲ့တာတွေ မတတ်ပေမယ့်လဲ လူအချင်းချင်းစောင့်စည်းရမယ့်Moral rules နဲ့ ethics တွေ ကိုယ်ချင်းစာ တရားတွေ ကို အပြောနဲ့ပဲ မဟုတ်ပဲ ကိုယ်တိုင်ရှေ့ က လက်တွေ့ နေထိုင် သင်ပြပေးခဲ့လို့ ကျေးဇူးပါပဲအမေ။ အများကြီးမပြောတော့ပါဘူး။ အမေက တော့အိပ်နေပြီ နှိုးလည်း မ နှိုးတော့ဘူး။ မနက်ကျမှ ဘတ်ဒေးကစ်စ်စစ် ပေးတော့မယ် နော။ ၁၁ရက် အောက်တိုဘာ ၂၀၁၈'' ဆိုပြီးတော့လည်း ဆက်လက်ရေးသား ထားပါတယ်။

သတ္တိတွေအများကြီးမွေးပြီး ကြိုးစားထားတယ်ဆိုတဲ့ ဖွေးဖွေး 

43629465_10155976369987712_8872020038182240256_n.jpg

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးပါ။ ဗီဒီယို ဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။

43691866_10155976368412712_1281401285148409856_n.jpg

Photo: ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ချ်

 

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

[Zawgyi Version]

ေဖြးေဖြးက သူခ်စ္ရတဲ့ ေမေမ့အတြက္ ေမြးေန႔ဆုေတာင္းစကားေတြ အမ်ားႀကီးေျပာျပလာပါတယ္။ အဲ့ဒီေနာက္ လူအခ်င္းခ်င္း ေစာင့္စည္း ရမယ့္ အရာေတြကုိ မိခင္က သင္ျပ ေျပာျပတာထက္၊ လက္ေတြ႔ ေဆာင္ရြက္ ျပခဲ့တာေတြက သူ႔အတြက္ ပုိထိ ေရာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo: ေဖြးေဖြး ေဖ့စ္ဘြတ္ေပ့ခ်္

 

သရုပ္ေဆာင္ေဖြးေဖြးကေတာ့ သူခ်စ္ရတဲ့ ေမေမ့အတြက္ ေမြးေန႔ဆုေတာင္းစကားေတြ အမ်ားႀကီးေျပာခဲ့ပါတယ္။ ေအာက္တုိဘာလ ၁၁ ရက္ေန႔(ဒီေန႔) ကေတာ့ ေဖြးေဖြးရဲ႕ မိခင္ ေမြးေန႔ျဖစ္ပါတယ္။ မိခင္ကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေစခ်င္တဲ့ ေဖြးေဖြးရဲ႕ ဆႏၵေလးေတြကုိ အခုလုိ ေျပာျပထားတာ ေတြ႔ရပါတယ္။

'' Happy Birthday ပါ ခ်စ္ေမႀကီး။ အေမ့ကို အရမ္းခ်စ္တယ္။ အေမ က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အေဖ၊ သမီး၊ ဖိုးသား။ အေမခ်စ္တဲ့ သူငယ္ခ်င္းေတြနဲ႔ အၾကာႀကီး ေပ်ာ္ေပ်ာ္ေနႏိုင္ပါေစ။ You are my super hero'' ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၁ ရက္ေန႔ ည ၁၂ နာရီ ၄၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: ေဖြးေဖြး ေဖ့စ္ဘြတ္ေပ့ခ်္

 

ေဖြးေဖြးဟာ လူ႔ပတ္ဝန္းက်င္၊ လူအခ်င္းခ်င္း ေစာင့္စည္းရမယ့္ အရာေတြကုိ မိခင္ျဖစ္သူက သင္ျပ ေျပာျပတာထက္၊ လက္ေတြ႔ ေဆာင္ရြက္ ျပခဲ့တာေတြက တကယ္ကုိ ထိေရာက္ေစတယ္ လုိ႔ ဆုိပါတယ္။ ညဘက္မွာ ေမြးေန႔ ဆုေတာင္းေပးရတာ ျဖစ္လုိ႔ မိခင္ကုိ ေမြးေန႔ အနမ္းေလး ေတာင္မေပးရေသးဘူးလုိ႔ဆုိပါတယ္။

''ခၽြဲႏြဲ႕တာေတြ မတတ္ေပမယ့္လဲ လူအခ်င္းခ်င္းေစာင့္စည္းရမယ့္Moral rules နဲ႔ ethics ေတြ ကိုယ္ခ်င္းစာ တရားေတြ ကို အေျပာနဲ႔ပဲ မဟုတ္ပဲ ကိုယ္တိုင္ေရွ႕ က လက္ေတြ႕ ေနထိုင္ သင္ျပေပးခဲ့လို႔ ေက်းဇူးပါပဲအေမ။ အမ်ားႀကီးမေျပာေတာ့ပါဘူး။ အေမက ေတာ့အိပ္ေနၿပီ ႏႈိးလည္း မ ႏႈိးေတာ့ဘူး။ မနက္က်မွ ဘတ္ေဒးကစ္စ္စစ္္ ေပးေတာ့မယ္ ေနာ။ ၁၁ရက္ ေအာက္တိုဘာ ၂၀၁၈'' ဆုိၿပီးေတာ့လည္း ဆက္လက္ေရးသား ထားပါတယ္။

သတၱိေတြအမ်ားႀကီးေမြးၿပီး ႀကိဳးစားထားတယ္ဆုိတဲ့ ေဖြးေဖြး 

Photo: ေဖြးေဖြး ေဖ့စ္ဘြတ္ေပ့ခ်္

 

ေဖြးေဖြးဟာ ဂီတကို ဝါသနာပါသူ တစ္ဦးျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေနသူ တစ္ဦးပါ။ ဗီဒီယို ဇာတ္ကားေပါင္း တစ္ရာေက်ာ္ ရိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး မဂၢဇင္းကာဗာမ်ားစြာနဲ႕ ေၾကာ္ျငာမ်ားစြာကိုလည္း ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ အခု ေနာက္ပုိင္းမွာေတာ့ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကုိ ဆက္တုိက္ရုိက္ကူးေနရသူျဖစ္ပါတယ္။

Photo: ေဖြးေဖြး ေဖ့စ္ဘြတ္ေပ့ခ်္

 

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထာားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs