• Local Celebrity
    ၉ လပြည့်သွားပြီဆိုတဲ့ အာဇာနည်နဲ့ ဝမ်း တို့သားလေး ချစ်ချစ်တုန်
Sabal Thwin
[Unicode Version]
အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့ တယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ ချစ်ချစ်တုန်လေးအတွက်  ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းပေး ခဲ့ပါ သေး တယ်။
43482673_2170455616548198_2841810539267489792_n.jpg
Photo: အာဇာနည်ဖေ့စ်ဘွတ်
အဆိုတော်  အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ ဒုတိယမြောက်သားလေးဖြစ်တဲ့ ချစ်ချစ်တုန်လေးက အောက်တိုဘာလ ၁၀ ရက်နေ့မှာ ၉ လပြည့်ခဲ့ပြီလို့ သိရပါတယ်။ မွေးနေ့မှာလည်း မိသားစု၊ ဆွေမျိုးတွေနဲ့ အတူ ချစ်ချစ်တုန်လေးက ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
'' Happy 9 months Birthday Chit 2'' ဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီက ဖစ်ဖစ်၊ ချစ်ချစ် တို့ရဲ့ တရားဝင်ဖေ့စ်ဘွတ် ပေ့ချ်ကနေတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ ချစ်ချစ်တုန်လေးအတွက်  ၉ လပြည့် မွေးနေ့ဆုတောင်းတွေကိုလည်း မိသားစု၊ ဆွေမျိုး၊ ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။
43557786_2170455633214863_2845909883688058880_n.jpg
Photo: အာဇာနည်ဖေ့စ်ဘွတ်
အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ်လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။
43770230_2170455503214876_4361445654505979904_n.jpg
Photo: အာဇာနည်ဖေ့စ်ဘွတ်
သားနှစ်ယောက်နဲ့ အတူ အလှူအတန်းတွေလုပ်ဖြစ်နေတဲ့ အာဇာနည်နဲ့ဝမ်း 
အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ မိသားစုလေးကတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ရိပ်သာမှာ စက်တင်ဘာလ အတွင်းက အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းမှုအတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကလည်း တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။
43659342_2170455523214874_893806522776158208_n.jpg
Photo: အာဇာနည်ဖေ့စ်ဘွတ်
အဆိုတော် အာဇာနည်ဟာ ချစ်သူ ဝမ်းနဲ့ လက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် ၁၃ နှစ်တောင် ရှိနေပါပြီ။ အခုဆိုရင် သား ၂ ယောက် တောင် ထွန်းကားနေပြီဖြစ်ပြီး သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs