• Local Celebrity
    ပရိသတ်တွေအတွက် ဆုတောင်းစကားဆိုလိုက်တဲ့ နေတိုး
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် နေတိုးကိုယ်တိုင် အသုံးပြုတဲ့ "Nay Toe :Myanmar Famous Actor" ပေ့ချ်လေးက ဒီနေ့မှာ Active ပြန်ဖြစ်ခဲ့ပါပြီ။ အောက် တိုဘာ (၃) ရက်နေ့ ညနေ (၃)နာရီခွဲကျော်လောက်က ကြော်ငြာရိုုက်ကူးရေး ပုံတွေ တင်ပြီးနောက်ပိုင်း ညီဖြစ်သူ မင်းသွေးရဲ့ နာရေး ကိစ္စ နဲ့ အလုပ်တွေ ရှုပ်နေခဲ့ရာက သူ့ရဲ့ပေ့ချ်နဲ့ ဝေးကွာခဲ့တာပါ။

37750659_2089746634628632_7697786046859182080_n.jpg

Photo : နေတိုး FB

 

သရုပ်ဆောင် နေတိုးကိုယ်တိုင် အသုံးပြုတဲ့ "Nay Toe :Myanmar Famous Actor" ပေ့ချ်လေးက ဒီနေ့မှာ Active ပြန်ဖြစ်ခဲ့ပါပြီ။ အောက်တိုဘာ (၃) ရက်နေ့ ညနေ (၃)နာရီခွဲကျော်လောက်က ကြော်ငြာရိုုက်ကူးရေး ပုံတွေ တင်ပြီးနောက်ပိုင်း ညီဖြစ်သူ မင်းသွေးရဲ့ နာရေး ကိစ္စ နဲ့ အလုပ်တွေ ရှုပ်နေခဲ့ရာက သူ့ရဲ့ပေ့ချ်နဲ့ ဝေးကွာခဲ့တာပါ။

43604070_2151342281802400_2008368278598057984_n.jpg 

နေတိုးဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေး ပြန်အသုံးပြုတဲ့ နေ့မှာပဲ ပရိသတ်တွေအတွက် ဆုတောင်းစကားလေး ဆိုထားတာ တွေ့ရပါတယ်။

"ပရိသတ်များ သီလပြည့်စုံပြီးငြိမ်းချမ်းစွာ ဘဝကိုဖြတ်သန်းနိုင်ကြပါစေ" ဆိုပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးထားသလို သူရေးသား ထားတဲ့ "ကျွန်တော်နဲ့ဝိပဿနာ" ဆိုတဲ့  ဆောင်းပါးလေးကို တွဲပြီး အောက်တိုဘာ(၁၁) ရက်နေ့ နေ့လည်(၂း၃၅)လောက်က တင်ထား ခဲ့ပါတယ်။

43632658_2151342315135730_1250352756112228352_n.jpg 

နေတိုးကိုယ်တိုင် ရေးသားထားတဲ့ "ကျွန်တော်နဲ့ဝိပဿနာ" ဆိုတဲ့ အကြောင်းရေးကို မဂ္ဂဇင်းတစ်ခုမှာ ထည့်သွင်းဖော်ပြထားတာပါ။ နေတိုး ရေးသားထားတဲ့ Date လေးက ၂၀၁၁ခုနှစ် (၁)လပိုင်း (၁) ရက်နေ့ကလို့ သိရပါတယ်။ နေတိုးကိုယ်တိုင် ရေးသားထားတဲ့ "ကျွန်တော်နဲ့ ဝိပဿနာ" စာအုပ်လေးမှာ နေတိုးတစ်ယောက် ရှုတင်နားချိန်တွေမှာ တရားစခန်းတစ်ခုခုမှာပဲ ဖြစ်ဖြစ်ဆိတ်ငြိမ်အေးချမ်းတဲ့နေရာမျိုးတွေမှာ ဝိပဿနာဉာဏ်နဲ့ နေလေ့ရှိတယ်တဲ့။

သူကိုယ်တိုင် ဝိပဿနာကို ဘယ်လိုရှု့ကြောင်းနဲ့ သူပြုလုပ်တဲ့ ကုသိုလ်ဒါနတွေကိုလည်း သူ့ရဲ့ အနုပညာဆရာ၊ညီအစ်ကိုမောင်နှမများနဲ့ ကျေးဇူးရှင်ပရိသတ်တွေများအတွက် အမြဲတမ်း မေတ္တာပို့သတယ်ဆိုတဲ့ အကြောင်းလေးလည်း ပါဝင်ပါသေးတယ်။

43762290_2151342251802403_3111609282311749632_n.jpg

မင်းသွေးအတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ နေတိုးတို့မိသားစု 

နေတိုးရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်လိုက်ရုံနဲ့ပဲ ညီဖြစ်သူ မင်းသွေးရဲ့ နာရေးမှာ သူဘာလို့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ခု ရသွားစေခဲ့ပါတယ်။ နေတိုးရဲ့ ပရိသတ်တွေကတော့ နေတိုးရဲ့ ကျန်းမာရေးအကြောင်း စိုးရိမ်ကြီးစွာနဲ့မေးထားတဲ့ ကောမန့်တွေရှိသလို အားပေးစကားတွေ ပြောထားတဲ့ ပရိသတ်တွေလည်း ရှိလို့နေခဲ့ပါတယ်။

နေတိုးဟာ ညီဖြစ်သူရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ အကိုကြီး ပီပီအကောင်းဆုံးဖြစ်အောင် မိသားစုကို ဦးဆောင်ပြီး လုပ်ဆောင် သွားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးထဲမှာ မိခင်ဖြစ်သူကို ရင်ခွင်ထဲမှာထည့် မိသားစုကို ဦးဆောင်ပြီး ညီဖြစ်သူရဲ့ နောက်ဆုံး ခရီးကို တည်ငြိမ်စွာ လိုက်ပို့နိုင်ခဲ့သူပါ။ 

41469823_2136263989976896_3694584585175171072_n.jpg 

ဈာပနအခမ်းအနားအပြီး အိမ်အပြန်မှာလည်း အပူရုပ်ကို ဟန်လုပ် ကျေးဇူးရှင် ပရိသတ်တွေကို ပြုံးပနှုတ်ဆက်ခဲ့ပုံဟာလည်း မြင်ရသူ ပရိသတ် တွေရင်ထဲ မချိအောင်ခံစားရပါတယ်။ ဈာပန အခမ်းအနားပြီးတဲ့နောက်မှာလည်း ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ပဲ ညီလေးငယ်အတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို လုပ်ပေးနေသူပါ။

43400794-2419804248033655-116752402404605952-n.jpg

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ ေနတိုးကိုယ္တိုင္ အသံုးျပဳတဲ့ "Nay Toe :Myanmar Famous Actor" ေပ့ခ်္ေလးက ဒီေန႕မွာ Active ျပန္ျဖစ္ခဲ့ပါၿပီ။ ေအာက္ တိုဘာ (၃) ရက္ေန႕ ညေန (၃)နာရီခြဲေက်ာ္ေလာက္က ေၾကာ္ျငာရိုုက္ကူးေရး ပံုေတြ တင္ၿပီးေနာက္ပိုင္း ညီျဖစ္သူ မင္းေသြးရဲ႕ နာေရး ကိစၥ နဲ႕ အလုပ္ေတြ ရႈပ္ေနခဲ့ရာက သူ႕ရဲ႕ေပ့ခ်္နဲ႕ ေဝးကြာခဲ့တာပါ။

Photo : ေနတိုး FB

 

သရုပ္ေဆာင္ ေနတိုးကိုယ္တိုင္ အသံုးျပဳတဲ့ "Nay Toe :Myanmar Famous Actor" ေပ့ခ်္ေလးက ဒီေန႕မွာ Active ျပန္ျဖစ္ခဲ့ပါၿပီ။ ေအာက္တိုဘာ (၃) ရက္ေန႕ ညေန (၃)နာရီခြဲေက်ာ္ေလာက္က ေၾကာ္ျငာရိုုက္ကူးေရး ပံုေတြ တင္ၿပီးေနာက္ပိုင္း ညီျဖစ္သူ မင္းေသြးရဲ႕ နာေရး ကိစၥ နဲ႕ အလုပ္ေတြ ရႈပ္ေနခဲ့ရာက သူ႕ရဲ႕ေပ့ခ်္နဲ႕ ေဝးကြာခဲ့တာပါ။

ေနတိုးဟာ သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေလး ျပန္အသံုးျပဳတဲ့ ေန႕မွာပဲ ပရိသတ္ေတြအတြက္ ဆုေတာင္းစကားေလး ဆိုထားတာ ေတြ႕ရပါတယ္။

"ပရိသတ္မ်ား သီလျပည့္စံုၿပီးၿငိမ္းခ်မ္းစြာ ဘဝကိုျဖတ္သန္းႏိုင္ၾကပါေစ" ဆိုၿပီး ပရိသတ္ေတြအတြက္ ဆုေတာင္းေပးထားသလို သူေရးသား ထားတဲ့ "ကၽြန္ေတာ္နဲ႕ဝိပႆနာ" ဆိုတဲ့  ေဆာင္းပါးေလးကို တြဲၿပီး ေအာက္တိုဘာ(၁၁) ရက္ေန႕ ေန႕လည္(၂း၃၅)ေလာက္က တင္ထား ခဲ့ပါတယ္။

ေနတိုးကိုယ္တိုင္ ေရးသားထားတဲ့ "ကၽြန္ေတာ္နဲ႕ဝိပႆနာ" ဆိုတဲ့ အေၾကာင္းေရးကို မဂၢဇင္းတစ္ခုမွာ ထည့္သြင္းေဖာ္ျပထားတာပါ။ ေနတိုး ေရးသားထားတဲ့ Date ေလးက ၂၀၁၁ခုႏွစ္ (၁)လပိုင္း (၁) ရက္ေန႕ကလို႕ သိရပါတယ္။ ေနတိုးကိုယ္တိုင္ ေရးသားထားတဲ့ "ကၽြန္ေတာ္နဲ႕ ဝိပႆနာ" စာအုပ္ေလးမွာ ေနတိုးတစ္ေယာက္ ရႈတင္နားခ်ိန္ေတြမွာ တရားစခန္းတစ္ခုခုမွာပဲ ျဖစ္ျဖစ္ဆိတ္ၿငိမ္ေအးခ်မ္းတဲ့ေနရာမ်ိဳးေတြမွာ ဝိပႆနာဥာဏ္နဲ႕ ေနေလ့ရွိတယ္တဲ့။

သူကိုယ္တိုင္ ဝိပႆနာကို ဘယ္လိုရႈ႕ေၾကာင္းနဲ႕ သူျပဳလုပ္တဲ့ ကုသိုလ္ဒါနေတြကိုလည္း သူ႕ရဲ႕ အႏုပညာဆရာ၊ညီအစ္ကိုေမာင္ႏွမမ်ားနဲ႕ ေက်းဇူးရွင္ပရိသတ္ေတြမ်ားအတြက္ အၿမဲတမ္း ေမတၱာပို႕သတယ္ဆိုတဲ့ အေၾကာင္းေလးလည္း ပါဝင္ပါေသးတယ္။

မင္းေသြးအတြက္ ရည္စူးၿပီး အလွဴေတြလုပ္ေနတဲ့ ေနတိုးတို႕မိသားစု 

ေနတိုးေရးထားတဲ့ စာအုပ္ထဲက အေၾကာင္းအရာေတြကို ဖတ္လုိက္ရံုနဲ႕ပဲ ညီျဖစ္သူ မင္းေသြးရဲ႕ နာေရးမွာ သူဘာလို႕ တည္တည္ၿငိမ္ၿငိမ္နဲ႕ ျဖတ္သန္းႏိုင္လဲဆိုတဲ့ ေမးခြန္းအတြက္ အေျဖတစ္ခု ရသြားေစခဲ့ပါတယ္။ ေနတိုးရဲ႕ ပရိသတ္ေတြကေတာ့ ေနတိုးရဲ႕ က်န္းမာေရးအေၾကာင္း စိုးရိမ္ႀကီးစြာနဲ႕ေမးထားတဲ့ ေကာမန္႕ေတြရွိသလို အားေပးစကားေတြ ေျပာထားတဲ့ ပရိသတ္ေတြလည္း ရွိလို႕ေနခဲ့ပါတယ္။

ေနတိုးဟာ ညီျဖစ္သူရဲ႕ ေနာက္ဆံုးခရီးကို တည္တည္ၿငိမ္ၿငိမ္နဲ႕ အကိုႀကီး ပီပီအေကာင္းဆံုးျဖစ္ေအာင္ မိသားစုကို ဦးေဆာင္ၿပီး လုပ္ေဆာင္ သြားႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။ မ်ားျပားလွတဲ့ လူအုပ္ႀကီးထဲမွာ မိခင္ျဖစ္သူကို ရင္ခြင္ထဲမွာထည့္ မိသားစုကို ဦးေဆာင္ၿပီး ညီျဖစ္သူရဲ႕ ေနာက္ဆံုး ခရီးကို တည္ၿငိမ္စြာ လိုက္ပို႕ႏုိင္ခဲ့သူပါ။ 

စ်ာပနအခမ္းအနားအၿပီး အိမ္အျပန္မွာလည္း အပူရုပ္ကို ဟန္လုပ္ ေက်းဇူးရွင္ ပရိသတ္ေတြကို ၿပံဳးပႏႈတ္ဆက္ခဲ့ပံုဟာလည္း ျမင္ရသူ ပရိသတ္ ေတြရင္ထဲ မခ်ိေအာင္ခံစားရပါတယ္။ စ်ာပန အခမ္းအနားၿပီးတဲ့ေနာက္မွာလည္း ကိုယ့္ကိုကိုယ္ေတာင္ ဂရုမစိုက္ႏိုင္ပဲ ညီေလးငယ္အတြက္ အလွဴဒါနေတြ ဆက္တုိက္ဆိုသလို လုပ္ေပးေနသူပါ။

မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။မင္းေသြးဟာသူခ်င္းေတြနဲ႕အတူ ေဘာလံုးကန္ရင္းကေန ေမာလို႕ ခဏနားၿပီး ေရေသာက္လိုက္တဲ့အခ်ိန္ ရုတ္တရက္ လဲက်သြားရာက အေရးေပၚသို႕ ပို႕လိုက္ရာက သတိျပန္ မလည္လာေတာ့တာ ျဖစ္ပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို ေအာက္တိုဘာ(၇) ရက္ေန႕ မနက္ပိုင္းကေရေဝးသုႆန္မွာ မီးသၿဂိဳလ္ခဲ့ၿပီး အရိုးျပာကို ဂူသြင္းထားတာလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs