• Local Celebrity
    ဘောလုံးကို ချစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲ
Ei Ei Myat
[Unicode Version]

ဘောလုံးကို ချစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ပြုလုပ်ပေး တဲ့ပွဲဖြစ်သလို အဲ့ဒီပွဲက ရရှိခဲ့တဲ့ အလှူငွေတွေကိုလည်း ဘုရားထီး တင်ဖို့ အတွက်နဲ့ မင်းသွေးရဲ့ မိသားစုကို ပြန်လှူဒါန်းခဲ့ပါတယ်။

43788035_1013872495484160_9027542092460589056_n.jpg

Photo : ယုန်လေး FB

 

အောက်တိုဘာ (၁၁) ရက်နေ့က မင်းသွေးကို ချစ်ကြသူများ အားလုံး စုပေါင်းပြီး ဘောလုံးပွဲလေးတစ်ပွဲ စီစဉ်ခဲ့ပါတယ်။ Original Gangsters FC နှင့် Actor Star FC တို့မှ ယုန်လေး၊ ဇာနည်တို့ ဦးဆောင်ပြီး သရုပ်ဆောင် အဆိုတော် မင်းသွေးအတွက် အနုပညာရှင်၊ ရုပ်ရှင်ဂီတမှ ညီအစ်ကိုမောင်နှမတွေ နဲ့မင်းသွေးကို ချစ်တဲ့ ဘောလုံးအားကစားအသိုင်းအဝိုင်းက ညီအစ်ကိုတွေ စုပေါင်းပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲကို အောက်တိုဘာ(၁၁) ရက်နေက ညနေက သုဝဏ္ဏလေ့ကျင့်ရေး ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တာပါ။

 

ပရိသတ်တွေအတွက် ဆုတောင်းစကားဆိုလိုက်တဲ့ နေတိုး 

ဘောလုံးကို ချစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ပြုလုပ်ပေး တဲ့ပွဲဖြစ်သလို အဲ့ဒီပွဲက ရရှိခဲ့တဲ့ အလှူငွေတွေကိုလည်း ဘုရားထီးတင်ဖို့အတွက်နဲ့ မင်းသွေးရဲ့ မိသားစုကို ပြန်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ယုန်လေးရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားတာ တွေ့ရပါတယ်။

"၁၀သိန်ကျပ် အား ကိုအယ်ကြီး ပရဟိတ အသင်းနဲ့ပြည်မြို့နားက ဘုရားထီးတင်ဖို့ မင်းသွေးအားရည်စူးပြီးလှူးဒါန်းခဲ့ပါသည်။ ကျန်ငွေ ၂၅ သိန်းကျပ်ကို မင်းသွေးမိသားစု ထံအပ်ပြီး သင့်တော်တဲ့နေရာ လှူဒါန်းပါမည်။သူ့ကြိုက်တဲ့ ဖိနပ်လေးကိုလည်း သူ့အခန်းထဲမှာ အမှတ်တရ ထားပေးခဲ့ပါသည်" ဆိုပြီး အောက်တိုဘာ(၁၂) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

43878282_1874774029277304_4885926835692503040_n.jpg

Photo : ယုန်လေး FB

ဘောလုံးအားကစားကို ကြိုက်နှစ်သက်သူတွေအားလုံး ဘောလုံးကို ဆက်ပြီး ချစ်ကြဖို့နဲ့ ဆက်ပြီး ရူးသွပ်ကြဖို့ပြောခဲ့သလို ဘောလုံးကစား တာဟာ ကြောက်စရာ Game တစ်ခုမဟုတ်ဘူးဆိုတာကိုလည်း ယုန်လေးက သူ့ရဲ့ အကောင့်မှာ ဆက်လက်ရေးသားခဲ့ပါတယ်။ မင်းသွေး အတွက် စီစဉ်တဲ့ ဘောလုံးပွဲလေးမှာ ပါဝင်ခဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ယုန်လေးက ပြောထားပါသေးတယ်။

43688285_1013872232150853_6148694615680614400_n.jpg

Photo : ယုန်လေး FB

 

မင်းသွေးအတွက ်စီစဉ်တဲ့ ပွဲလေးမှာ မင်းသွေးရဲ့ ကျောနံပါတ်(၇) အကျႌကို အားလုံး ဝတ်ဆင်ထားပြီး ဘောလုံးကစားခဲ့ကြပါသေးတယ်။ သရုပ်ဆောင် ဇာနည်ကလည်း မင်းသွေးသိပ်ကြိုက်တဲ့ နံပါတ်(၇) နေရာကို မင်းသွေးနဲ့အတူ အနားပေးလိုက်ပြီလို့ ပြောထားပါသေးတယ်။ မင်းသွေးရဲ့ နေရာကို နောက်ထပ် ဘယ်သူ့ကိုမှ အစားမထိုးဘူးဆိုတာကိုလည်း ပြောထားတာတွေ့ရပါတယ်။

"#သာချိုလေးရေ..#ACTORSTARFC ကနေ...ညီလေး မင်းသိပ်ကြိုက်တဲ့ နံပါတ် 7 ကို .#ငါတို့အားလုံးသိပ်ချစ် ရတဲ့..ငါ့ရဲ့ ညီ (မင်းသွေး) နဲ့ အတူ...#ရာသက်ပန်အနားပေးလိုက်ပါပြီ.။ဒါမင်းနေရာမှာငါတို့အားလုံးဘယ်သူ့ကိုမှ အစားမထိုးဘူး ဆိုတာကို.ကောင်းရာမွန်ရာဘဝကနေ ငါ့ညီလေးသိပြီးကျေနပ်နေမှာ အကိုသိပါတယ်." ဆိုပြီး အောက်တိုဘာ (၁၁) ရက်နေ့က ပြောထားပါတယ်။

43950796_1013872442150832_7224589115944075264_n.jpg

Photo : ယုန်လေး FB

မင်းသွေးအတွက် အဖွဲ့ဝင်တွေအားလုံး စိတ်မကောင်းဖြစ်နေကြလို့နေကြပါတယ်။ ဘယ်သူကမှ မင်းသွေးဆုံးသွားပြီဆိုတာကို လက်မခံနိုင် ကြသေးပါဘူး။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။

[Zawgyi Version]

ေဘာလံုးကို ခ်စ္တဲ့ မင္းေသြးအတြက္ ရည္စူးၿပီး ျပဳလုပ္ေပး တဲ့ပြဲျဖစ္သလို အဲ့ဒီပြဲက ရရွိခဲ့တဲ့ အလွဴေငြေတြကိုလည္း ဘုရားထီး တင္ဖို႕ အတြက္နဲ႕ မင္းေသြးရဲ႕ မိသားစုကို ျပန္လွဴဒါန္းခဲ့ပါတယ္။

Photo : ယုန္ေလး FB

 

ေအာက္တိုဘာ (၁၁) ရက္ေန႕က မင္းေသြးကို ခ်စ္ၾကသူမ်ား အားလံုး စုေပါင္းၿပီး ေဘာလံုးပြဲေလးတစ္ပြဲ စီစဥ္ခဲ့ပါတယ္။ Original Gangsters FC ႏွင့္ Actor Star FC တို႕မွ ယုန္ေလး၊ ဇာနည္တို႕ ဦးေဆာင္ၿပီး သရုပ္ေဆာင္ အဆိုေတာ္ မင္းေသြးအတြက္ အႏုပညာရွင္၊ ရုပ္ရွင္ဂီတမွ ညီအစ္ကိုေမာင္ႏွမေတြ နဲ႕မင္းေသြးကို ခ်စ္တဲ့ ေဘာလံုးအားကစားအသိုင္းအဝိုင္းက ညီအစ္ကိုေတြ စုေပါင္းၿပီး ဝမ္းနည္းျခင္းအထိမ္းအမွတ္ ဆုေတာင္းပြဲကို ေအာက္တိုဘာ(၁၁) ရက္ေနက ညေနက သုဝဏၰေလ့က်င့္ေရး ေဘာလံုးကြငး္မွာ ျပဳလုပ္ခဲ့တာပါ။

 

ပရိသတ္ေတြအတြက္ ဆုေတာင္းစကားဆိုလိုက္တဲ့ ေနတိုး 

ေဘာလံုးကို ခ်စ္တဲ့ မင္းေသြးအတြက္ ရည္စူးၿပီး ျပဳလုပ္ေပး တဲ့ပြဲျဖစ္သလို အဲ့ဒီပြဲက ရရွိခဲ့တဲ့ အလွဴေငြေတြကိုလည္း ဘုရားထီးတင္ဖို႕အတြက္နဲ႕ မင္းေသြးရဲ႕ မိသားစုကို ျပန္လွဴဒါန္းမွာ ျဖစ္တယ္လို႕ သိရပါတယ္။ အဲ့ဒီအေၾကာင္းကိုလည္း ယုန္ေလးရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေျပာထားတာ ေတြ႕ရပါတယ္။

"၁၀သိန္က်ပ္ အား ကိုအယ္ႀကီး ပရဟိတ အသင္းနဲ႔ျပည္ၿမိဳ႕နားက ဘုရားထီးတင္ဖို႔ မင္းေသြးအားရည္စူးၿပီးလႉးဒါန္းခဲ့ပါသည္။ က်န္ေငြ ၂၅ သိန္းက်ပ္ကို မင္းေသြးမိသားစု ထံအပ္ၿပီး သင့္ေတာ္တဲ့ေနရာ လႉဒါန္းပါမည္။သူ႔ႀကိဳက္တဲ့ ဖိနပ္ေလးကိုလည္း သူ႔အခန္းထဲမွာ အမွတ္တရ ထားေပးခဲ့ပါသည္" ဆုိၿပီး ေအာက္တိုဘာ(၁၂) ရက္ေန႕က ေရးသားထားတာျဖစ္ပါတယ္။

Photo : ယုန္ေလး FB

ေဘာလံုးအားကစားကို ႀကိဳက္ႏွစ္သက္သူေတြအားလံုး ေဘာလံုးကို ဆက္ၿပီး ခ်စ္ၾကဖို႕နဲ႕ ဆက္ၿပီး ရူးသြပ္ၾကဖို႕ေျပာခဲ့သလို ေဘာလံုးကစား တာဟာ ေၾကာက္စရာ Game တစ္ခုမဟုတ္ဘူးဆိုတာကုိလည္း ယုန္ေလးက သူ႕ရဲ႕ အေကာင့္မွာ ဆက္လက္ေရးသားခဲ့ပါတယ္။ မင္းေသြး အတြက္ စီစဥ္တဲ့ ေဘာလံုးပြဲေလးမွာ ပါဝင္ခဲ့သူေတြအားလံုးကိုလည္း ေက်းဇူးတင္ေၾကာင္း ယုန္ေလးက ေျပာထားပါေသးတယ္။

Photo : ယုန္ေလး FB

 

မင္းေသြးအတြက ္စီစဥ္တဲ့ ပြဲေလးမွာ မင္းေသြးရဲ႕ ေက်ာနံပါတ္(၇) အက်ႌကို အားလံုး ဝတ္ဆင္ထားၿပီး ေဘာလံုးကစားခဲ့ၾကပါေသးတယ္။ သရုပ္ေဆာင္ ဇာနည္ကလည္း မင္းေသြးသိပ္ၾကိဳက္တဲ့ နံပါတ္(၇) ေနရာကို မင္းေသြးနဲ႕အတူ အနားေပးလိုက္ၿပီလို႕ ေျပာထားပါေသးတယ္။ မင္းေသြးရဲ႕ ေနရာကို ေနာက္ထပ္ ဘယ္သူ႕ကိုမွ အစားမထုိးဘူးဆိုတာကိုလည္း ေျပာထားတာေတြ႕ရပါတယ္။

"#သာခ်ိဳေလးေရ..#ACTORSTARFC ကေန...ညီေလး မင္းသိပ္ႀကိဳက္တဲ့ နံပါတ္ 7 ကို .#ငါတို႔အားလံုးသိပ္ခ်စ္ ရတဲ့..ငါ့ရဲ႕ ညီ (မင္းေသြး) နဲ႔ အတူ...#ရာသက္ပန္အနားေပးလိုက္ပါၿပီ.။ဒါမင္းေနရာမွာငါတို႔အားလံုးဘယ္သူ႔ကိုမွ အစားမထိုးဘူး ဆိုတာကို.ေကာင္းရာမြန္ရာဘ၀ကေန ငါ့ညီေလးသိၿပီးေက်နပ္ေနမွာ အကိုသိပါတယ္." ဆိုၿပီး ေအာက္တိုဘာ (၁၁) ရက္ေန႕က ေျပာထားပါတယ္။

Photo : ယုန္ေလး FB

မင္းေသြးအတြက္ အဖြဲ႕ဝင္ေတြအားလံုး စိတ္မေကာင္းျဖစ္ေနၾကလို႕ေနၾကပါတယ္။ ဘယ္သူကမွ မင္းေသြးဆံုးသြားၿပီဆိုတာကို လက္မခံႏိုင္ ၾကေသးပါဘူး။

မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။မင္းေသြးဟာသူခ်င္းေတြနဲ႕အတူ ေဘာလံုးကန္ရင္းကေန ေမာလို႕ ခဏနားၿပီး ေရေသာက္လိုက္တဲ့အခ်ိန္ ရုတ္တရက္ လဲက်သြားရာက အေရးေပၚသို႕ ပို႕လိုက္ရာက သတိျပန္ မလည္လာေတာ့တာ ျဖစ္ပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို ေအာက္တိုဘာ(၇) ရက္ေန႕ မနက္ပိုင္းကေရေဝးသုႆန္မွာ မီးသၿဂိဳလ္ခဲ့ၿပီး အရိုးျပာကို ဂူသြင္းထားတာလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs