• Local Celebrity
    Show ပွဲအတွက် သေသေချာချာ ပြင်ဆင်နေတဲ့ စိုင်းစိုင်း
Ei Ei Myat
[Unicode Version]

စိုင်းစိုင်းခမ်းလှိုင်က အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းပမယ့် "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" ရှိုးပွဲအတွက် သေသေချာချာကို ကြိုးစားပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်။

43610587_10155649592531875_5725830372147593216_n.jpg

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းခမ်းလှိုင်က အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းပမယ့် "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" ရှိုးပွဲအတွက် သေသေချာချာကို ကြိုးစားပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်။  Musician (၆၀) ကျော်နဲ့ နာရီပေါင်းများစွာ တီးလိုက်မှုတ်လိုက် ဆိုလိုက်ညှိလိုက်နဲ့ သူ့ရဲ့ သီချင်းတွေကို စိတ်နှစ်ပြီး အပင်ပန်းခံကြိုးစားပေးနေကြတဲ့အတွက်ကိုလည်း အဖွဲ့သားတွေအားလုံးကို စိုင်းစိုင်းက ကျေးဇူးတင်ကြောင်း ပြောထားတာ တွေ့ရပါတယ်။

"Musician 60 ကျော် နာရီပေါင်းများစွာ တီးလိုက်မှုတ်လိုက်ဆိုလိုက်ညှိလိုက် မညီဘူးလား ပြန်တိုက် ကျွန်တော့် သီချင်းတွေကို ဒီလောက် စိတ်နှစ်ပြီး အပင်ပန်းခံကြိုးစားပေးကြတာ တကယ်ကိုကျေးဇူးမှတ်တမ်းတင်အပ်ပါတယ်" ဆိုပြီး အောက်တိုဘာ(၁၁) ရက်နေ့က ရေးသား ထားတာပါ။

43669735_10155649592461875_6285403995942944768_n.jpg

Photo : စိုင်းစိုင်း FB

 

စိုင်းစိုင်းကတော့ အောက်တိုဘာ(၁၄) ရက်နေ့ ကျင်းမယ့် ရှိုးပွဲအတွက် အဆင်သင့်ဖြစ်လို့နေပြီတဲ့။ သူ့ရဲ့ ရှိုးပွဲကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ပြန်စီစဉ်ပေးပ့ါမယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

"ကျွန်တော်တို့တော့ ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲ လက်မှတ်ရှိထားတဲ့ လူ ၁၅၀၀ ကိုလည်း ကျွန်တော်တို့နဲ့အတူတူ သံပြိုင် သီဆိုကြဖို့ဖိတ်ခေါ်ပါတယ် ( မကြည့်ရတဲ့ပရိသတ်များအတွက်လည်း ပြန်စီစဉ်ပါ့မယ် )ပင်ပန်းပေမယ့် အားလုံးပျော်နေကြတယ်" ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

43045420_10155633710511875_4183538995185057792_n.jpg

Photo : စိုင်းစိုင်း FB

Show ပွဲမှာ ဗီဒီယိုရိုက်ကူးခွင့် မပြုထားဘူးဆိုတဲ့ စိုင်းစိုင်း 

စိုင်းစိုင်းက သူ့ရဲ့ ရှိုးပွဲမှာ ဗီဒီယိုရိုက်ကူးဖို့ ခွင့်မပြုထားတာကိုလည်း တွေ့ရပါတယ်။

" #SAISAI SHOW ကို ပရိသတ် ၁၅၀၀ နဲ့သာ ကျင်းပရတာဖြစ်တဲ့အတွက်  တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့် ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပွဲတက်ရောက်မယ့်ပရိသတ်များက ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ် ဖို့ မေတ္တာရပ်ခံပါတယ် ကျနော်တို့ Professional Camera ဆရာတွေနဲ့ အကောင်းဆုံးရိုက်ပေးပါမယ်။ ကိုယ့်ဘေးက ခိုးရိုက်ရင်လည်း မရိုက်ဖို့ တားမြစ်ပေးပါ Quality မကောင်းတဲ့ Video ကြိုထွက်သွားရင် အခွေထုတ်ဖို့ အခက်အခဲရှိသွားပါတယ်'' ဆိုပြီး  အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက စိုင်းစိုင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားပါတယ်။

41748729_10155595811866875_2341821280237387776_n.jpg

vPhoto : စိုင်းစိုင်း FB

 

စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဓိရာမိုရ် တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ခါ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ ရှိုးပွဲမှာယခင် သူနဲ့အတူ သီချင်းများ အတူတူဆိုခဲ့ဖူးသော အနုပညာရှင်တွေများစွာ ပါဝင်မယ်လို့လည်း သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများ စွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

38289077-10155507242561875-1583713587753385984-n.jpg

Photo : စိုင်းစိုင်း FB

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

[Zawgyi Version]

စိုင္းစိုင္းခမ္းလိႈင္က ေအာက္တုိဘာ(၁၄) ရက္ေန႕ က်င္းပမယ့္ "ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥ္း" ရိႈးပြဲအတြက္ ေသေသခ်ာခ်ာကို ႀကိဳးစားၿပီး ျပင္ဆင္ေနတာ ေတြ႕ရပါတယ္။

Photo : စိုင္းစိုင္း FB

 

စိုင္းစိုင္းခမ္းလိႈင္က ေအာက္တုိဘာ(၁၄) ရက္ေန႕ က်င္းပမယ့္ "ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥ္း" ရိႈးပြဲအတြက္ ေသေသခ်ာခ်ာကို ႀကိဳးစားၿပီး ျပင္ဆင္ေနတာ ေတြ႕ရပါတယ္။  Musician (၆၀) ေက်ာ္နဲ႕ နာရီေပါင္းမ်ားစြာ တီးလိုက္မႈတ္လိုက္ ဆိုလိုက္ညွိလိုက္နဲ႕ သူ႕ရဲ႕ သီခ်ငး္ေတြကို စိတ္ႏွစ္ၿပီး အပင္ပန္းခံႀကိဳးစားေပးေနၾကတဲ့အတြက္ကိုလည္း အဖြဲ႕သားေတြအားလံုးကို စိုင္းစိုင္းက ေက်းဇူးတင္ေၾကာင္း ေျပာထားတာ ေတြ႕ရပါတယ္။

"Musician 60 ေက်ာ္ နာရီေပါင္းမ်ားစြာ တီးလိုက္မႈတ္လိုက္ဆိုလိုက္ညွိလိုက္ မညီဘူးလား ျပန္တိုက္ ကၽြန္ေတာ့္ သီခ်င္းေတြကို ဒီေလာက္ စိတ္ႏွစ္ၿပီး အပင္ပန္းခံႀကိဳးစားေပးၾကတာ တကယ္ကိုေက်းဇူးမွတ္တမ္းတင္အပ္ပါတယ္" ဆုိၿပီး ေအာက္တိုဘာ(၁၁) ရက္ေန႕က ေရးသား ထားတာပါ။

Photo : စိုင္းစိုင္း FB

 

စိုင္းစိုင္းကေတာ့ ေအာက္တိုဘာ(၁၄) ရက္ေန႕ က်င္းမယ့္ ရိႈးပြဲအတြက္ အဆင္သင့္ျဖစ္လို႕ေနၿပီတဲ့။ သူ႕ရဲ႕ ရိႈးပြဲကို မၾကည့္လိုက္ရတဲ့ ပရိသတ္ေတြအတြက္ ျပန္စီစဥ္ေပးပ့ါမယ္ဆိုၿပီး ေျပာထားတာေတြ႕ရပါတယ္။

"ကၽြန္ေတာ္တို႔ေတာ့ ေဖ်ာ္ေျဖဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဒီပြဲ လက္မွတ္ရွိထားတဲ့ လူ ၁၅၀၀ ကိုလည္း ကၽြန္ေတာ္တို႔နဲ႔အတူတူ သံၿပိဳင္ သီဆိုၾကဖို႔ဖိတ္ေခၚပါတယ္ ( မၾကည့္ရတဲ့ပရိသတ္မ်ားအတြက္လည္း ျပန္စီစဥ္ပါ့မယ္ )ပင္ပန္းေပမယ့္ အားလံုးေပ်ာ္ေနၾကတယ္" ဆုိၿပီး ဆက္လက္ေျပာျပထားပါတယ္။

Photo : စိုင္းစိုင္း FB

Show ပြဲမွာ ဗီဒီယိုရိုက္ကူးခြင့္ မျပဳထားဘူးဆုိတဲ့ စုိင္းစုိင္း 

စိုင္းစိုင္းက သူ႕ရဲ႕ ရိႈးပြဲမွာ ဗီဒီယိုရိုက္ကူးဖို႕ ခြင့္မျပဳထားတာကိုလည္း ေတြ႕ရပါတယ္။

" #SAISAI SHOW ကို ပရိသတ္ ၁၅၀၀ နဲ႔သာ က်င္းပရတာျဖစ္တဲ့အတြက္  တစ္ႏိုင္ငံလံုးက ပရိသတ္ေတြအတြက္ ေသခ်ာ႐ိုက္ကူး ထုတ္လႊင့္ ျဖန္႔ခ်ိေပးႏိုင္ဖို႔ျပင္ဆင္ေနပါတယ္။ ပြဲတက္ေရာက္မယ့္ပရိသတ္မ်ားက ဖုန္းနဲ႔ပဲျဖစ္ျဖစ္ Camera နဲ႔ပဲျဖစ္ျဖစ္ video ႐ိုက္ကူးထားျခင္း မျပဳလုပ္ ဖို႔ ေမတၱာရပ္ခံပါတယ္ က်ေနာ္တို႔ Professional Camera ဆရာေတြနဲ႔ အေကာင္းဆံုး႐ိုက္ေပးပါမယ္။ ကိုယ့္ေဘးက ခိုး႐ိုက္ရင္လည္း မ႐ိုက္ဖို႔ တားျမစ္ေပးပါ Quality မေကာင္းတဲ့ Video ႀကိဳထြက္သြားရင္ အေခြထုတ္ဖို႔ အခက္အခဲရွိသြားပါတယ္'' ဆိုၿပီး  ေအာက္တုိဘာလ ၁၀ ရက္ေန႔ မနက္ ၉ နာရီခြဲက စုိင္းစုိင္းရဲ႕ တရားဝင္ေဖ့စ္ဘြတ္ေပ့ခ်္ကေန ေျပာျပထားပါတယ္။

vPhoto : စိုင္းစိုင္း FB

 

စိုင္းစိုင္းဟာ လာမယ့္ ေအာက္တိုဘာ (၁၄) ရက္ေန႕မွာ "ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း" ဆိုတဲ့ နာမည္နဲ႕ ရိႈးပြဲတစ္ခု ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒီရိႈးပြဲကို ငယ္ငယ္က စိတ္ကူးအတိုင္း အမ်ိဳးသားကဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဓိရာမိုရ္ တီးဝိုင္းနဲ႕အတူ သီခ်င္းအားလံုးကို ေဖ်္ာေျဖမွာ ျဖစ္တယ္လို႕ သိရပါတယ္။

ဒီတစ္ခါ ျပဳလုပ္မယ့္ စိုင္းစိုင္းရဲ႕ ရိႈးပြဲမွာယခင္ သူနဲ႕အတူ သီခ်င္းမ်ား အတူတူဆိုခဲ့ဖူးေသာ အႏုပညာရွင္ေတြမ်ားစြာ ပါဝင္မယ္လို႕လည္း သိရပါတယ္။ စိုင္းစိုင္းခမ္းလိႈင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္းမ်ား စြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟုေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း ပါဝင္သီဆိုထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။

Photo : စိုင္းစိုင္း FB

 

သရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs