• Local Celebrity
    ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်း စကားလေး ဆိုလာတဲ့ ဇဏ်ခီ
Ei Ei Myat
[Unicode Version]

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ အချစ်ရေကိုယ်က နတ်မိမယ်လေးတစ်ပါးကို ချစ်မိတဲ့ သာမန်လူတစ်ယောက်ပါ။ ကိုယ်တို့ပထမဆုံး တွေ့ခဲ့ တဲ့အချိန်ကို မှတ်မိသေးတယ်"

44334770_1771850469591275_4208430009997590528_n.jpg

Photo : ဇဏ်ခီ FB

 

ဒီနေ့ (အောက်တိုဘာ၁၈ရက်)က ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးပါ။ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးကို ဇဏ်ခီ သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်ကနေ မွေးနေ့ဆုတောင်း တောင်းပေးထားတာတွေရပါတယ်။

44246284_1771850392924616_6099432689415225344_n.jpg

Photo : ဇဏ်ခီ FB

 

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ အချစ်ရေကိုယ်က နတ်မိမယ်လေးတစ်ပါးကို ချစ်မိတဲ့ သာမန်လူတစ်ယောက်ပါ။ ကိုယ်တို့ပထမဆုံး တွေ့ခဲ့ တဲ့အချိန်ကို မှတ်မိသေးတယ်။ကိုယ်က ဖက်ရှင်အမြင်လုံးဝမရှိ၊ ဘဏ်အကောင့်ထဲမှာလည်း ဗလာနတ္ထိဖြစ်နေတဲ့ သူတစ် ယောက်။ မင်း ကိုယ့်ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတာ အခုထိ မသိသေးဘူး။မြားနတ်မောင်ရဲ့ မြားက ပစ်မှတ်မှားသွားတာ ဖြစ်မယ်။ ကိုယ်က ကံအကောင်းဆုံးယောက်ျားပါပဲ။မင်းကို ကိုယ်ချစ်တယ် ဘေဘီ...အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ဆုံးသူဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။" ဆိုပြီး အောက်တိုဘာ (၁၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

44191133_1771850402924615_2055153855569592320_n.jpg

Photo : ဇဏ်ခီ FB

 

ချစ်ဇနီးရဲ့ မွေးနေ့အတွက်ကိုလည်း  အောက်တိုဘာ(၁၈) ရက်နေ့ မနက်(၁၂) နာရီကျော်လောက်က မွေးနေ့ Surprise လေး ပြုလုပ် ပေးခဲ့ပါသေးတယ်။ မွေးနေ့ရှင်ရဲ့ သူငယ်ချင်းတွေက မွေးနေ့ကိတ်ပေါ်မှာ Ryan Gosling ပုံနဲ့ မွေးနေ့ Surprise လုပ်ခဲ့တာ ကြောင့် ဇဏ်ခီတစ်ယောက် မနာလို ဖြစ်ခဲ့ရပါသေးတယ်။

အိမ်ထောင်သက်တမ်း (၁၂)နှစ်ကျော်လာပြီဖြစ်တဲ့ ခီစုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ကြတဲ့ အခေါ်အဝေါ် လေး ကလည်း ပရိသတ်တွေကို တော်တော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇဏ်ခီက ခရစ္စတီးနားခီကို ချစ်စနိုးနဲ့ ဘယ်လိုခေါ်လဲဆိုတာ ယခုလို ပြောပြထားပါတယ်။

44336826_1771850499591272_8807580337442914304_n.jpg

Photo : ဇဏ်ခီ FB

သရုပ်ဆောင် ဝါသနာရှင်တွေအတွက် အကြံပြုစကားပြောလာတဲ့ ဇဏ်ခီ 

"အများသိထားတာကတော့ ချစ်လေးပေ့ါ။ ကျွန်တော်တို့ စကြိုက်တုန်းကတော့ သူ့ကို ပိစိလို့ ခေါ်တယ်။အသေးလေးလို့လည်း ခေါ်တယ်။ အားလုံးက သေးသေးမွှားမွှားနဲ့ ဆိုင်တာလေးတွေပဲ။ ဟန်နီတို့ ဒါလင်တို့တော့ မရှိပါဘူး။နောက်(၁၀)နှစ်လောက်ကြာရင်တော့ တစ်မျိုး ပြောင်း ရင်ပြောင်းသွားနိုင်တယ်။ မိန်းမလို့ ခေါ်ရင်ခေါ်မှာပေါ့ ပြောလို့တော့မရဘူး" ဆိုပြီး ပရိသတ်တွေရဲ့ရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

43614838_10156720070797418_8866820344615272448_n.jpg

Photo : ဇဏ်ခီ FB

 

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

[Zawgyi Version]

"ေပ်ာ္ရႊင္စရာေမြးေန႔ျဖစ္ပါေစ အခ်စ္ေရကိုယ္က နတ္မိမယ္ေလးတစ္ပါးကို ခ်စ္မိတဲ့ သာမန္လူတစ္ေယာက္ပါ။ ကိုယ္တုိ႔ပထမဆံုး ေတြ႕ခဲ့ တဲ့အခ်ိန္ကို မွတ္မိေသးတယ္"

Photo : ဇဏ္ခီ FB

 

ဒီေန႕ (ေအာက္တုိဘာ၁၈ရက္)က ဒါရိုက္တာ ခရစၥတီးနားခီရဲ႕ ေမြးေန႕ေလးပါ။ ဇနီးျဖစ္သူရဲ႕ ေမြးေန႕ေလးကို ဇဏ္ခီ သူ႕ရဲ႕ ေဖ့စ္ဘြတ္ ေပ့ခ်္ကေန ေမြးေန႕ဆုေတာင္း ေတာင္းေပးထားတာေတြရပါတယ္။

Photo : ဇဏ္ခီ FB

 

"ေပ်ာ္ရႊင္စရာေမြးေန႔ျဖစ္ပါေစ အခ်စ္ေရကိုယ္က နတ္မိမယ္ေလးတစ္ပါးကို ခ်စ္မိတဲ့ သာမန္လူတစ္ေယာက္ပါ။ ကိုယ္တုိ႔ပထမဆံုး ေတြ႕ခဲ့ တဲ့အခ်ိန္ကို မွတ္မိေသးတယ္။ကိုယ္က ဖက္ရွင္အျမင္လံုးဝမရွိ၊ ဘဏ္အေကာင့္ထဲမွာလည္း ဗလာနတၳိျဖစ္ေနတဲ့ သူတစ္ ေယာက္။ မင္း ကိုယ့္ကို ဘာလုိ႔ေရြးခ်ယ္ခဲ့လဲဆုိတာ အခုထိ မသိေသးဘူး။ျမားနတ္ေမာင္ရဲ႕ ျမားက ပစ္မွတ္မွားသြားတာ ျဖစ္မယ္။ ကိုယ္က ကံအေကာင္းဆံုးေယာက္်ားပါပဲ။မင္းကို ကိုယ္ခ်စ္တယ္ ေဘဘီ...အိမ္မက္ေတြကို အေကာင္အထည္ ေဖာ္ႏိုင္ဆံုးသူျဖစ္ပါေစ လို႔ ဆုေတာင္းေပးပါတယ္။" ဆိုၿပီး ေအာက္တိုဘာ (၁၈) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားထားတာေတြ႕ရပါတယ္။

Photo : ဇဏ္ခီ FB

 

ခ်စ္ဇနီးရဲ႕ ေမြးေန႕အတြက္ကိုလည္း  ေအာက္တိုဘာ(၁၈) ရက္ေန႕ မနက္(၁၂) နာရီေက်ာ္ေလာက္က ေမြးေန႕ Surprise ေလး ျပဳလုပ္ ေပးခဲ့ပါေသးတယ္။ ေမြးေန႕ရွင္ရဲ႕ သူငယ္ခ်င္းေတြက ေမြးေန႕ကိတ္ေပၚမွာ Ryan Gosling ပံုနဲ႕ ေမြးေန႕ Surprise လုပ္ခဲ့တာ ေၾကာင့္ ဇဏ္ခီတစ္ေယာက္ မနာလုိ ျဖစ္ခဲ့ရပါေသးတယ္။

အိမ္ေထာင္သက္တမ္း (၁၂)ႏွစ္ေက်ာ္လာၿပီျဖစ္တဲ့ ခီစံုတြဲဟာ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္စႏုိးေခၚၾကတဲ့ အေခၚအေဝၚ ေလး ကလည္း ပရိသတ္ေတြကို ေတာ္ေတာ္ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဇဏ္ခီက ခရစၥတီးနားခီကို ခ်စ္စႏိုးနဲ႕ ဘယ္လိုေခၚလဲဆိုတာ ယခုလို ေျပာျပထားပါတယ္။

Photo : ဇဏ္ခီ FB

သရုပ္ေဆာင္ ဝါသနာရွင္ေတြအတြက္ အႀကံျပဳစကားေျပာလာတ့ဲ ဇဏ္ခီ 

"အမ်ားသိထားတာကေတာ့ ခ်စ္ေလးေပ့ါ။ ကၽြန္ေတာ္တို႕ စႀကိဳက္တုန္းကေတာ့ သူ႕ကို ပိစိလို႕ ေခၚတယ္။အေသးေလးလို႕လည္း ေခၚတယ္။ အားလံုးက ေသးေသးမႊားမႊားနဲ႕ ဆိုင္တာေလးေတြပဲ။ ဟန္နီတို႕ ဒါလင္တို႕ေတာ့ မရွိပါဘူး။ေနာက္(၁၀)ႏွစ္ေလာက္ၾကာရင္ေတာ့ တစ္မ်ိဳး ေျပာင္း ရင္ေျပာင္းသြားနိုင္တယ္။ မိန္းမလို႕ ေခၚရင္ေခၚမွာေပါ့ ေျပာလို႕ေတာ့မရဘူး" ဆိုၿပီး ပရိသတ္ေတြရဲ႕ေရွ႕မွာ ပြင့္ပြင့္လင္းလင္းနဲ႕ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo : ဇဏ္ခီ FB

 

သူတုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ ဘယ္ေနရာသြားသြား တပူးပူး တတြဲတြဲရွိၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔ ေပ်ာ္စရာေကာင္းတ့ဲ မိသားစုေလး လည္း ျဖစ္ပါတယ္။ ဇဏ္ခီတုိ႔မိသားစုေလးဟာ အလွဴအတန္းေတြလည္း မၾကာခဏလုပ္ျဖစ္သလုိ အလုပ္ကိစၥနဲ႔ ခရီးေတြလည္း ထြက္ျဖစ္ေနပါတယ္။

သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရုိက္တာ ခရစၥတီးနားခီကေတာ့ '' ဥပါယ္တံမ်ဥ္'' ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ၿမန္မာႏုိင္ငံက ပရိသတ္ ေတြနဲ႔ စတင္ထိေတြ႔ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဒါရုိက္တာ ခရစၥတီးနားခီရုိက္တဲ့ မုၿဒာရဲ႕ ေခၚသံ ဆုိတဲ့ ဒုတိယေျမာက္ ရုပ္ရွင္ ဇာတ္ကားႀကီး ကလည္း ေအာင္ျမင္ခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs