• Local Celebrity
    သားလေး မြတ်သောမောင်အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောလာတဲ့ စိုးမြတ်နန္ဒာ
Ei Ei Myat
[Unicode Version]

စိုးမြတ်နန္ဒာအနေနဲ့ သားလေး မြတ်သောမောင်ကို (၁)နှစ်ကျော်အရွယ်ကတည်းက Broken Family မှာ ကြီးပြင်းစေခဲ့ပေ မယ့်လည်း ဖခင်နဲ့ ပတ်သက်ပြီး သားကို ပြောပြထားတဲ့ သူမရဲ့စကားလေးက မှတ်သားဖို့ ကောင်းပါတယ်။

45019818_2178003432230367_6016554496505675776_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

ဒီနေ့(အောက်တိုဘာ ၂၉ရက်)က သရုပ်ဆောင် စိုးမြတ်နန္ဒာရဲ့ တစ်ဦးတည်းသော သားလေး မြတ်သောမောင်ရဲ့ မွေးနေ့လေးပါ။ အသက်(၁၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေးအတွက် စိုးမြတ်နန္ဒာက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ မွေးနေ့ဆုတောင်းစကားလေး ပြောပေးထားတာ တွေ့ရပါတယ်။

သားလေးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောရင်းနဲ့ သားလေး လူ့လောကထဲကို ရောက်တဲ့အချိန်ကနေစပြီး သားအတွက် သူမခံစားရ တဲ့ ခံစားချက်လေးကိုလည်း ပြောပြထားတာတွေ့ရပါတယ်။

44944712_2178003342230376_1530236954245857280_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

"လွန်ခဲ့တဲ့ ၁၂ နှစ်က ဗိုက်ထဲမယ် ခြေထောက်တစ်ချောင်းနဲ့ အမြဲ ကန်တတ်တဲ့ လူလေး တစ်ယောက်ကို လူ့လောကထဲ ခွဲထုတ်ခဲ့တယ်။ ကိုယ် ဝန် ရှိတဲ့ အချိန်ကစလို့ မွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှိသူကတော့ မမ မေသူမျိုးညွန့် .ကလေး ကိုစတွေ့တဲ့အချိန်မှာ သူများတွေလို ဝမ်းနည်းတာ ဝမ်းသာတာ ခြေစုံလက်စုံရှိလား ဘာညာ မမေးခဲ့ဘူး . အစထဲက ခြေစုံလက်စုံရှိတာ ultrasound ထဲကသိနေနှင့်ခဲ့တယ်လေ။ အိပ်ဆေး နဲ့ ရီဝေဝေ ကြားက ဓာတ်ပုံတွေအရိုက်ခံခဲ့ရတယ်.. ဖီလင် ကတော့ ငါကလေးတစ်ယောက်ရပြီဆိုတဲ့ အံ့သြတဲ့ စိတ်ကလေးပေါ့ သဘာဝအတိုင်း မနာမကျင်မွေးခဲ့ရလို့နေမယ် ကလေးမွေးတာ သိပ်ခက်ခဲတယ်လို့ မထင်ခဲ့ဘူး ။မိဘမေတ္တာကို နားလည်သွားပြီ ဆိုတဲ့ စိတ်မျိုးတော့ အဲ့ဒီ အချိန်မှာ တကယ်မဝင်သေးတာအမှန် သားသား အသားဝါတယ် ဆိုတဲ့အချိန် သွေးဖောက်တော့မှ ကလေးကိုအပ်နဲ့ထိုးတာ မကြိုက်တာက ပထမဆုံး သားသားအပေါ်ထားတဲ့ မေတ္တာလား ကိုယ့်အတ္တလား မသဲကွဲဘူးရယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးမှာ အောက်တိုဘာ(၂၉) ရက်နေ့က ပြောထားတာပါ။

44945996_2178003638897013_7041880897934589952_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

ဒီလိုနဲ့ သားပေါ်မှာ တဖြည်းဖြည်းနဲ့ သံယောဇဉ်ဖြစ်လာတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်တဲ့။ သားလေး ကြီးလာတာနဲ့အမျှ သူမငယ်ငယ်က မကြိုက်တာမှန်သမျှကို သားလေးကို မလုပ်ပေးခဲ့သလို အကောင်းဆုံး ဆိုတာကိုပဲ သားအတွက် လုပ်ပေးခဲ့ပါတယ်တဲ့။ သားအတွက် အသေး စိတ်လေးတွေက အစ ဂရုစိုက်ပေမယ့် သားလေးကိုတော့ အလိုမလိုက်ဘူးလို့ ပြောပြထားပါသေးတယ်။

"အဲ့လို အသေးစိတ်လေးတွေ ကအစ ဂရုစိုက်ခဲ့ပေမဲ့ အလိုမလိုက်တော့ ဒီကမ္ဘာမှာ မြတ်သောမောင် အကြောက်ဆုံး က သူ့ အမေ ပါပဲ ။သူ့ဆန္ဒ တွေ ဖြည့်ပေးတဲ့ အမေ ဆိုပေမဲ့ စည်းနဲ့ကမ်းနဲ့ နေရမယ်ဆိုတာ သူသိတယ် ။( ဒါတောင် ခုထိ စည်းကမ်းက ကျွန်မ ကွယ်ရာဆို မရှိချင် သေး ဘူး) "  ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

44972041_2178003765563667_6937259969959952384_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

သူမအနေနဲ့ သားလေး မြတ်သောမောင်ကို (၁)နှစ်ကျော်အရွယ်ကတည်းက Broken Family မှာ ကြီးပြင်းစေခဲ့ပေမယ့်လည်း ဖခင်နဲ့ ပတ်သက်ပြီး သားဖြစ်သူကို ပြောပြထားတဲ့ စကားလေးက မှတ်သားဖို့ ကောင်းပါတယ်။

"ကျွန်မ က မြတ်သောမောင် ကို သူ ၁ နှစ်ကျော်ထဲက Broken Family မှာ ကြီးပြင်းစေခဲ့ပေမဲ့ ကျွန်မ နဲ့ သူ့အဖေ အဆင်မပြေတာဟာ သူ နဲ့ အဆင်မပြေတာမဟုတ်ဘူး ဆိုတာ နားလည်အောင်ရိုက်သွင်းပေးခဲ့တယ် ... သူ့ အဖေ ဟာ သူ့အတွက် Hero ဖြစ်နေတာဟာ သူ့စိတ်ကို လုံခြုံစေ တယ်လို့ပဲ ကျွန်မ က ယူဆ တယ်" ဆိုပြီး ပြောပြထားတာပါ။

42854503_2140324035998307_1152950946607661056_n.jpg

Photo : စိုးမြတ်နန္ဒာ FB

ဇာတ်ကားပြန်ရိုက်မယ့် စိုးသူအတွက် အားပေးစကားပြောလာတဲ့ စိုးမြတ်နန္ဒာ 

မြတ်သောမောင်ဟော မိခင်နဲ့ ဖခင်က အနုပညာသမားဖြစ်တာကို ဂုဏ်ယူတတ်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်တယ်တဲ့။ မိခင်တွေ အဒေါ်တွေ အနုပညာသမားဖြစ်တာကို ဂုဏ်ယူတတ်ပေမယ့် သူကိုယ်တိုင်အနုပညာကို ဝါသနာမပါဘူးလို့ စိုးမြတ်နန္ဒာက ဆိုပါတယ်။ သားလေးက IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားပြီး ကြီးလာရင် Game တွေထုတ်ဖို့၊ Software တွေရေးဖို့ကိုပဲ အားသန်တဲ့ ကလေးလေး ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်မ သား ဟာ ကျွန်မ ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် ပညာရေးမှာဆိုလဲ ကျွန်မ တတ်နိုင်တာထက်ပိုပြီး ပံ့ပိုးပေးခဲ့တယ်။ကျွန်မ ရှာလို့ရတဲ့ ငွေ နဲ့ တန်တဲ့ကျောင်းမှာထားမယ်ဆိုတာထက် သူ့ကိုထားချင်တဲ့ ကျောင်းရဲ့ လခ ကို ကျွန်မရအောင်စုခဲ့တယ် ။ဒီလိုဘာလို့ ထားခဲ့လဲဆိုတော့ ကျွန်မ သူ့ကို ပညာရေးနဲ့ပဲ စိတ်ချချင်တယ် .. ပညာတတ်ရင်အလုပ်မရှားဘူးလို့ ကျွန်မ ထင်တယ်.။အချိန်တန် သူတို့ တက္ကသိုလ်တက်ရင် သူတို့အလုပ်တစ်ဖက် လုပ်ရမယ် , မိဘတွေက သူေဋ္ဌးမဟုတ်ဘူးဆိုတာလဲ ပြောပြထားရတယ်။မြတ်သောမောင် က အကောင်းကြိုက်တတ်တယ်.. အပေါင်းအသင်းလဲ တအားခင်တတ်တယ်.. တစ်ခုကောင်းတာက ကျွန်မလို အစွဲအလမ်းမရှိတတ်တာပဲ .. ကျွန်မ ကတော့ အဲ့ဒီလိုပဲကြိုက်တယ်.. ကျောင်းသွားတက်လို့ အိမ်ကိုလွမ်းနေတာမျိုး , အမေ နဲ့ ခွဲရလို့တို့ ဘာတို့ ရှိမှာသာကြောက်တာ" လို့ သူမက ပြောပါတယ်။

42844657_2140324099331634_3572966830932754432_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

အခုဆိုရင် သားလေးရဲ့ အသက်(၁၂)နှစ်ပြည့် မွေးနေ့လေးမှာ သားလေး စားချင်တာလုပ်ချင်တာလေးတွေကို လုပ်ခွင့်ပေးထားတယ်တဲ့။ စိုးမြတ်နန္ဒာ သားလေးရဲ့ မွေးနေ့မှာ သားလေးအကြောင်းလေးတွေ ပြောရင်းနဲ့ ကြုံတွေ့ရမယ့် ဘဝရဲ့ လောကဓံ(၈)ပါးကို ခံနိုင်ရည်ရှိတဲ့ သားဖြစ်ပါစေဆိုပြီး မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ပါသေးတယ်။

စိုးမြတ်နန္ဒာက လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ် နေတာကို တွေ့ရပါတယ်။

30727945_1919311551432891_6939075474110808064_n.jpg

Photo : စိုးမြတ်နန္ဒာ FB

 

ဒါဒါလို့ သူ့ကိုယ်ကို ပြောတတ်သူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူ တစ်ယောက်ပါ။ ယခုလက်ရှိမှာတော့ သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ သူမဟာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေသူလည်း ဖြစ်ပါတယ်။

[Zawgyi Version]

စိုးျမတ္နႏၵာအေနနဲ႕ သားေလး ျမတ္ေသာေမာင္ကို (၁)ႏွစ္ေက်ာ္အရြယ္ကတည္းက Broken Family မွာ ႀကီးျပင္းေစခဲ့ေပ မယ့္လည္း ဖခင္နဲ႕ ပတ္သက္ၿပီး သားကို ေျပာျပထားတဲ့ သူမရဲ႕စကားေလးက မွတ္သားဖို႕ ေကာင္းပါတယ္။

Photo : စိုးျမတ္နႏၵာ FB

 

ဒီေန႕(ေအာက္တိုဘာ ၂၉ရက္)က သရုပ္ေဆာင္ စိုးျမတ္နႏၵာရဲ႕ တစ္ဦးတည္းေသာ သားေလး ျမတ္ေသာေမာင္ရဲ႕ ေမြးေန႕ေလးပါ။ အသက္(၁၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ သားေလးအတြက္ စိုးျမတ္နႏၵာက သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ကေန ေမြးေန႕ဆုေတာင္းစကားေလး ေျပာေပးထားတာ ေတြ႕ရပါတယ္။

သားေလးအတြက္ ေမြးေန႕ဆုေတာင္းစကားေလး ေျပာရင္းနဲ႕ သားေလး လူ႕ေလာကထဲကို ေရာက္တဲ့အခ်ိန္ကေနစၿပီး သားအတြက္ သူမခံစားရ တဲ့ ခံစားခ်က္ေလးကိုလည္း ေျပာျပထားတာေတြ႕ရပါတယ္။

Photo : စိုးျမတ္နႏၵာ FB

 

"လြန္ခဲ့တဲ့ ၁၂ ႏွစ္က ဗိုက္ထဲမယ္ ေျခေထာက္တစ္ေခ်ာင္းနဲ႔ အၿမဲ ကန္တတ္တဲ့ လူေလး တစ္ေယာက္ကို လူ႔ေလာကထဲ ခြဲထုတ္ခဲ့တယ္။ ကိုယ္ ဝန္ ရွိတဲ့ အခ်ိန္ကစလို႔ ေမြးဖြားေပးခဲ့တဲ့ ေက်းဇူးရွိသူကေတာ့ မမ ေမသူမ်ိဳးၫြန္႔ .ကေလး ကိုစေတြ႕တဲ့အခ်ိန္မွာ သူမ်ားေတြလို ဝမ္းနည္းတာ ဝမ္းသာတာ ေျခစံုလက္စံုရွိလား ဘာညာ မေမးခဲ့ဘူး . အစထဲက ေျခစံုလက္စံုရွိတာ ultrasound ထဲကသိေနႏွင့္ခဲ့တယ္ေလ။ အိပ္ေဆး နဲ႔ ရီေဝေဝ ၾကားက ဓာတ္ပံုေတြအ႐ိုက္ခံခဲ့ရတယ္.. ဖီလင္ ကေတာ့ ငါကေလးတစ္ေယာက္ရၿပီဆိုတဲ့ အံ့ၾသတဲ့ စိတ္ကေလးေပါ့ သဘာဝအတိုင္း မနာမက်င္ေမြးခဲ့ရလို႔ေနမယ္ ကေလးေမြးတာ သိပ္ခက္ခဲတယ္လို႔ မထင္ခဲ့ဘူး ။မိဘေမတၱာကို နားလည္သြားၿပီ ဆိုတဲ့ စိတ္မ်ိဳးေတာ့ အဲ့ဒီ အခ်ိန္မွာ တကယ္မဝင္ေသးတာအမွန္ သားသား အသားဝါတယ္ ဆိုတဲ့အခ်ိန္ ေသြးေဖာက္ေတာ့မွ ကေလးကိုအပ္နဲ႔ထိုးတာ မႀကိဳက္တာက ပထမဆံုး သားသားအေပၚထားတဲ့ ေမတၱာလား ကိုယ့္အတၱလား မသဲကြဲဘူးရယ္" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေလးမွာ ေအာက္တုိဘာ(၂၉) ရက္ေန႕က ေျပာထားတာပါ။

Photo : စိုးျမတ္နႏၵာ FB

 

ဒီလိုနဲ႕ သားေပၚမွာ တျဖည္းျဖည္းနဲ႕ သံေယာဇဥ္ျဖစ္လာတယ္လို႕ေျပာရင္ ပိုမွန္ပါလိမ့္မယ္တဲ့။ သားေလး ႀကီးလာတာနဲ႕အမွ် သူမငယ္ငယ္က မႀကိဳက္တာမွန္သမွ်ကို သားေလးကို မလုပ္ေပးခဲ့သလို အေကာင္းဆံုး ဆိုတာကိုပဲ သားအတြက္ လုပ္ေပးခဲ့ပါတယ္တဲ့။ သားအတြက္ အေသး စိတ္ေလးေတြက အစ ဂရုစိုက္ေပမယ့္ သားေလးကိုေတာ့ အလိုမလိုက္ဘူးလို႕ ေျပာျပထားပါေသးတယ္။

"အဲ့လို အေသးစိတ္ေလးေတြ ကအစ ဂ႐ုစိုက္ခဲ့ေပမဲ့ အလိုမလိုက္ေတာ့ ဒီကမၻာမွာ ျမတ္ေသာေမာင္ အေၾကာက္ဆံုး က သူ႔ အေမ ပါပဲ ။သူ႔ဆႏၵ ေတြ ျဖည့္ေပးတဲ့ အေမ ဆိုေပမဲ့ စည္းနဲ႔ကမ္းနဲ႔ ေနရမယ္ဆိုတာ သူသိတယ္ ။( ဒါေတာင္ ခုထိ စည္းကမ္းက ကၽြန္မ ကြယ္ရာဆို မရွိခ်င္ ေသး ဘူး) "  ဆုိၿပီး ဆက္လက္ေျပာျပထားပါတယ္။

Photo : စိုးျမတ္နႏၵာ FB

 

သူမအေနနဲ႕ သားေလး ျမတ္ေသာေမာင္ကို (၁)ႏွစ္ေက်ာ္အရြယ္ကတည္းက Broken Family မွာ ႀကီးျပင္းေစခဲ့ေပမယ့္လည္း ဖခင္နဲ႕ ပတ္သက္ၿပီး သားျဖစ္သူကို ေျပာျပထားတဲ့ စကားေလးက မွတ္သားဖို႕ ေကာင္းပါတယ္။

"ကၽြန္မ က ျမတ္ေသာေမာင္ ကို သူ ၁ ႏွစ္ေက်ာ္ထဲက Broken Family မွာ ႀကီးျပင္းေစခဲ့ေပမဲ့ ကၽြန္မ နဲ႔ သူ႔အေဖ အဆင္မေျပတာဟာ သူ နဲ႔ အဆင္မေျပတာမဟုတ္ဘူး ဆိုတာ နားလည္ေအာင္႐ိုက္သြင္းေပးခဲ့တယ္ ... သူ႔ အေဖ ဟာ သူ႔အတြက္ Hero ျဖစ္ေနတာဟာ သူ႔စိတ္ကို လံုျခံဳေစ တယ္လို႔ပဲ ကၽြန္မ က ယူဆ တယ္" ဆိုၿပီး ေျပာျပထားတာပါ။

Photo : စိုးျမတ္နႏၵာ FB

ဇာတ္ကားျပန္ရိုက္မယ့္ စိုးသူအတြက္ အားေပးစကားေျပာလာတဲ့ စိုးျမတ္နႏၵာ 

ျမတ္ေသာေမာင္ေဟာ မိခင္နဲ႕ ဖခင္က အႏုပညာသမားျဖစ္တာကို ဂုဏ္ယူတတ္တဲ့ ကေလးတစ္ေယာက္လည္း ျဖစ္တယ္တဲ့။ မိခင္ေတြ အေဒၚေတြ အႏုပညာသမားျဖစ္တာကို ဂုဏ္ယူတတ္ေပမယ့္ သူကိုယ္တိုင္အႏုပညာကို ဝါသနာမပါဘူးလို႕ စိုးျမတ္နႏၵာက ဆိုပါတယ္။ သားေလးက IT နဲ႕ ပတ္သက္ၿပီး စိတ္ဝင္စားၿပီး ႀကီးလာရင္ Game ေတြထုတ္ဖို႕၊ Software ေတြေရးဖို႕ကိုပဲ အားသန္တဲ့ ကေလးေလး ျဖစ္တယ္လို႕ ဆုိပါတယ္။

"ကၽြန္မ သား ဟာ ကၽြန္မ ရဲ႕ အစိတ္အပိုင္း တစ္ခုျဖစ္တဲ့အတြက္ ပညာေရးမွာဆိုလဲ ကၽြန္မ တတ္ႏိုင္တာထက္ပိုၿပီး ပံ့ပိုးေပးခဲ့တယ္။ကၽြန္မ ရွာလို႔ရတဲ့ ေငြ နဲ႔ တန္တဲ့ေက်ာင္းမွာထားမယ္ဆိုတာထက္ သူ႔ကိုထားခ်င္တဲ့ ေက်ာင္းရဲ႕ လခ ကို ကၽြန္မရေအာင္စုခဲ့တယ္ ။ဒီလိုဘာလို႔ ထားခဲ့လဲဆိုေတာ့ ကၽြန္မ သူ႔ကို ပညာေရးနဲ႔ပဲ စိတ္ခ်ခ်င္တယ္ .. ပညာတတ္ရင္အလုပ္မရွားဘူးလို႔ ကၽြန္မ ထင္တယ္.။အခ်ိန္တန္ သူတို႔ တကၠသိုလ္တက္ရင္ သူတို႔အလုပ္တစ္ဖက္ လုပ္ရမယ္ , မိဘေတြက သူေ႒းမဟုတ္ဘူးဆိုတာလဲ ေျပာျပထားရတယ္။ျမတ္ေသာေမာင္ က အေကာင္းႀကိဳက္တတ္တယ္.. အေပါင္းအသင္းလဲ တအားခင္တတ္တယ္.. တစ္ခုေကာင္းတာက ကၽြန္မလို အစြဲအလမ္းမရွိတတ္တာပဲ .. ကၽြန္မ ကေတာ့ အဲ့ဒီလိုပဲႀကိဳက္တယ္.. ေက်ာင္းသြားတက္လို႔ အိမ္ကိုလြမ္းေနတာမ်ိဳး , အေမ နဲ႔ ခြဲရလို႔တို႔ ဘာတို႔ ရွိမွာသာေၾကာက္တာ" လို႕ သူမက ေျပာပါတယ္။

Photo : စိုးျမတ္နႏၵာ FB

 

အခုဆိုရင္ သားေလးရဲ႕ အသက္(၁၂)ႏွစ္ျပည့္ ေမြးေန႕ေလးမွာ သားေလး စားခ်င္တာလုပ္ခ်င္တာေလးေတြကို လုပ္ခြင့္ေပးထားတယ္တဲ့။ စိုးျမတ္နႏၵာ သားေလးရဲ႕ ေမြးေန႕မွာ သားေလးအေၾကာင္းေလးေတြ ေျပာရင္းနဲ႕ ၾကံဳေတြ႕ရမယ့္ ဘဝရဲ႕ ေလာကဓံ(၈)ပါးကို ခံႏိုင္ရည္ရွိတဲ့ သားျဖစ္ပါေစဆိုၿပီး ေမြးေန႕ဆုေတာင္းစကားေလး ေျပာခဲ့ပါေသးတယ္။

စိုးျမတ္နႏၵာက လက္ရွိမွာ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ေပမယ့္လည္း ပြဲေတြ ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ျဖစ္ ေနတာကို ေတြ႕ရပါတယ္။

Photo : စိုးျမတ္နႏၵာ FB

 

ဒါဒါလို႕ သူ႕ကိုယ္ကို ေျပာတတ္သူ တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့သူ တစ္ေယာက္ပါ။ ယခုလက္ရိွမွာေတာ့ သားျဖစ္သူရဲ႕ ေဝယ်ာဝစၥေတြကို လုပ္ေပးရင္း မိခင္တစ္ေယာက္ရဲ႕ တာဝန္ကို ထမ္းေဆာင္လ်က္ရွိပါတယ္။ သူမဟာ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ပဲ စီးပြားေရးဘက္ကို ဦးစားေပးလုပ္ျဖစ္ေနသူလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs