• Local Celebrity
    ဝန်ထမ်းတွေ ကန်တော့ကြလို့ နေမထိထိုင်မသာ ဖြစ်နေတဲ့ စိုးပြည့်သဇင်
Ei Ei Myat
[Unicode Version]
ဆိုင်က ဝန်ထမ်းတွေ သီတင်းကျွတ် ကန်တော့ကြလို့ စိုးပြည့်သဇင်တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လို့နေပါတယ်။
45061476_1163566523791460_6664718954721705984_n.jpg
Photo : စိုးပြည့်သဇင် FB
စိုးပြည့်သဇင်က ဆိုင်က ဝန်ထမ်းတွေ သီတင်းကျွတ် ကန်တော့ကြလို့ နေမထိ ထိုင်မသာ ဖြစ်လို့နေပါတယ်။ မင်းသမီး ပိုးထည်တိုက်မှာ ခန့်ထားတဲ့ ဝန်ထမ်းတွေထဲက သူမထက် ငယ်တဲ့ ဝန်ထမ်းတွေက သူမကို သီတင်းကျွတ် ကန်တော့ကြတာဖြစ်သလို ကန်တော့ခံရတဲ့ အတွက် လည်း ရင်ထဲမှာ ပျော်နေတယ်လို့ စိုးပြည့်က ဆိုပါတယ်။
45228758_1163566537124792_5385013056373784576_n.jpg
Photo : စိုးပြည့်သဇင် FB
"ဒီနေ့ဆိုင်ကညီမငယ်လေးတွေက သီတင်းကျွတ်ကန်တော့ကြတယ်...ကိုယ့်ထက်ငယ်တာတော့ လေးယောက်ဘဲ ရှိတာ ရင်ထဲမှာပျော်လည်း ပျော်သလို ဘာဆုပေးရမှန်းလည်းမပြောတတ်ဘူး။ မဒါတို့ကစနေတော့ပိုဆိုး  ဒီကဘဲဆုပေးလိုက်မယ်နော် စိတ်ချမ်းသာကိုယ် ကျန်းမာနဲ့ အမြဲပျော်ရွှင်ပါစေ။ ညီမတွေအမတွေအားလုံးကိုလည်းချစ်ပါတယ်နော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၁) ရက်နေ့က ရေးသားထား ပါတယ်။
45030893_1163566487124797_2033041899345936384_n.jpg
Photo : စိုးပြည့်သဇင် FB
စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ သီဆိုထားတဲ့ "Don't make me lonely "  
စိုးပြည့်သဇင်ဟာ လက်ရှိမှာ သူတိုု့ ညီအစ်မတွေ ဖွင့်လှစ်ထားတဲ့ "မင်းသမီးပိုးထည်တိုက်" ဆိုင်အတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက်တစ်ဖက်တစ်လမ်းက ကြိုးစားနေတာတွေ့ရပါတယ်။မင်းသမီးပိုးထည်တိုက်ဟာ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး ဖွင့်ထားတဲ့ ပိုးထည်တိုက်ဖြစ်ပါတယ်။
အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
44992009_1162651440549635_1437669053123526656_n.jpg
Photo : စိုးပြည့်သဇင် FB
စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs