• Local Celebrity
    ယောက္ခမပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်ရွှင်ခဲ့တဲ့ နန္ဒာလှိုင်
Sabal Thwin
[Unicode Version]

နန္ဒာလှိုင်ကတော့ သူ့ရဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့မှာ တတ်အားသလောက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ သူမက သမီး ၃ ယောက်ကို ထိန်းကျောင်းရင်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် ရပ်တည် နေတာဖြစ်ပါတယ်။

27331814_1883407558337232_5082959412304713086_n.jpg

Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်ဟာ နိုဝင်ဘာလ ၂ ရက်နေ့(ဒီနေ့)မှာ ကျရောက်တဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နဲ့ အလှူ အတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် မအားမလပ်ဖြစ်နေတာကြောင့် သူ့ရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့သူတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

'' အဖိုး၊ အဖွား တွေအတွက်စောင်နဲ့ missha ဆပ်ပြာရည်လှူဒါန်းပါတယ်။ မအားလပ်လို့ကိုယ်စားသွားလှူပေးခဲ့တဲ့ ကိုထွန်းဝင်းဟန်နဲ့ မဟာနန္ဒာအဖွဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

45179566_2242213769123274_7737431884946210816_n.jpg

Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

မွေးနေ့ အလှူကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာရှိတဲ့ ရွှေသံလွင် ဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေအတွက် အာဟာရပဒေသာပင် နဲ့ အထွေထွေရန်ပုံငွေတို့ကို စိုက်ထူလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူပစ္စည်းတန်ဖိုးပေါင်း ၅,၉၅၂,၀၀၀ ကျပ် ကျော်ရှိတယ်လို့ သိရပါတယ်။

အရမ်းပိန်ပြီး မလှတော့ဘူးလို့ ပြောတဲ့သူတွေကို စိတ်မပူဖို့ ပြောလိုက်တဲ့ နန္ဒာလှိုင် 

အဲ့ဒီနောက် နန္ဒာလှိုင်ရဲ့ မွေးနေ့မှာလည်း ယောက္ခမဖြစ်သူက ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ အဲ့ဒီလက်ဆောင်လေးကတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး တစ်ကုန်းတော်လုံးအတွက် လျှပ်စစ်မီးအလှူတော် အဖြစ် ငွေကျပ် တစ်သောင်း ငါးထောင် လှူဒါန်းခဲ့တယ်ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။

45077186_2242127785798539_4289200847138586624_n (1).jpg

Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ပြုပြီးနောက် သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မ ကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

45268080_2242208432457141_6540565009406099456_n.jpg

Photo: နန္ဒာလှိုင်ဖေ့စ်ဘွတ်

 

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင် ဆိုင်ခဲ့သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

[Zawgyi Version]

နႏၵာလႈိင္ကေတာ့ သူ႔ရဲ႕ အသက္ ၄၄ ႏွစ္ျပည့္ ေမြးေန႔မွာ တတ္အားသေလာက္ အလွဴအတန္းေတြ လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။ လက္ရွိမွာ ေတာ့ သူမက သမီး ၃ ေယာက္ကုိ ထိန္းေက်ာင္းရင္း အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္ ေနတာျဖစ္ပါတယ္။

Photo: နႏၵာလႈိင္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ အကယ္ဒမီ နႏၵာလႈိင္ဟာ ႏုိဝင္ဘာလ ၂ ရက္ေန႔(ဒီေန႔)မွာ က်ေရာက္တဲ့ အသက္ ၄၄ ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္နဲ႔ အလွဴ အတန္းေတြ လုပ္ခဲ့တာကုိ ေတြ႔ရပါတယ္။ ဒါေပမယ့္ မအားမလပ္ျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕ ကုိယ္စား သြားေရာက္လွဴဒါန္းေပးခဲ့သူေတြကုိ ေက်းဇူးတင္စကားေျပာခဲ့ပါတယ္။

'' အဖိုး၊ အဖြား ေတြအတြက္ေစာင္နဲ႔ missha ဆပ္ျပာရည္လွဴဒါန္းပါတယ္။ မအားလပ္လို႔ကိုယ္စားသြားလွဴေပးခဲ့တဲ့ ကိုထြန္းဝင္းဟန္နဲ႔ မဟာနႏၵာအဖဲြ႕အားလံုးကိုအထူးေက်းဇူးတင္ပါတယ္'' ဆုိၿပီးေတာ့ ႏုိဝင္ဘာလ ၂ ရက္ေန႔ ညေန ၄ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာ မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: နႏၵာလႈိင္ေဖ့စ္ဘြတ္

ေမြးေန႔ အလွဴကုိ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္မွာရွိတဲ့ ေရႊသံလြင္ ဘုိးဘြားရိပ္သာက အဘုိး၊ အဘြားေတြအတြက္ အာဟာရပေဒသာပင္ နဲ႔ အေထြေထြရန္ပုံေငြတုိ႔ကုိ စုိက္ထူလွဴဒါန္းခဲ့တာျဖစ္ပါတယ္။ အလွဴပစၥည္းတန္ဖုိးေပါင္း ၅,၉၅၂,၀၀၀ က်ပ္ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

အရမ္းပိန္ၿပီး မလွေတာ့ဘူးလို႔ ေျပာတဲ့သူေတြကို စိတ္မပူဖို႔ ေျပာလိုက္တဲ့ နႏၵာလႈိင္ 

အဲ့ဒီေနာက္ နႏၵာလႈိင္ရဲ႕ ေမြးေန႔မွာလည္း ေယာကၡမျဖစ္သူက ေပးတဲ့ ေမြးေန႔လက္ေဆာင္ေၾကာင့္ ေပ်ာ္ရႊင္ေနတာကုိ ေတြ႔ရပါတယ္။ အဲ့ဒီလက္ေဆာင္ေလးကေတာ့ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး တစ္ကုန္းေတာ္လုံးအတြက္ လွ်ပ္စစ္မီးအလွဴေတာ္ အျဖစ္ ေငြက်ပ္ တစ္ေသာင္း ငါးေထာင္ လွဴဒါန္းခဲ့တယ္ဆုိတာကုိ ႏုိဝင္ဘာလ ၂ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲက သူ႔ေဖ့စ္ဘြတ္မွာ တင္ခဲ့ပါေသးတယ္။

Photo: နႏၵာလႈိင္ေဖ့စ္ဘြတ္

 

အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို နားထားခဲ့တဲ့ နႏၵာလိႈင္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားသူ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ သူမဟာ အိမ္ေထာင္ျပဳၿပီးေနာက္ သမီးေလး ၃ ေယာက္ကို ထိန္းရင္း အိမ္ရွင္မ ေကာင္းတစ္ေယာက္အျဖစ္ သူမရဲ႕ ဘဝကို တည္ေဆာက္ ေနသူျဖစ္ပါတယ္။

Photo: နႏၵာလႈိင္ေဖ့စ္ဘြတ္

 

အႏုပညာေလာကမွာ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ သူမဟာ ၁၉၉၈ခုႏွစ္က ေရႊနန္႕သာစံအိမ္နဲ႕ အေကာင္းဆံုးအမ်ိဳး သမီးဇာတ္ပို႕ဆုနဲ႕ ၂၀၀၆ ခုႏွစ္က ေတာင္တံမန္သစၥာဇာတ္ကားနဲ႕အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု  စတဲ့ အကယ္ဒမီေရႊစင္ဆုႏွစ္ဆုကို ရရွိပိုင္ ဆိုင္ခဲ့သူ တစ္ေယာက္ လညး္ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs