• Local Celebrity
    လက်ရှိ ရင်ဆိုင်နေရတဲ့ အချစ်ရေးအကြောင်းပြောလာတဲ့ နေခြည်ဦး
Sabal Thwin
[Unicode Version]

နေခြည်ဦးက သူ့ရဲ့ လက်ရှိအချစ်ရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါပြီ။ နိုဝင်ဘာလ အတွင်းမှာလည်း ထူးခြားမှု တွေ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ အံ့အားသင့်ရဦးမယ်လို့ ဆိုပါတယ်။

N 3.JPG

Photo: Aung Nway Oo (Instagram)

 

သရုပ်ဆောင်နေခြည်ဦး ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်။ အချစ်ရေးမှာ လည်း သာယာနေတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နည်းနည်းလန်းဆန်းလာတဲ့ စိတ်လေးကြောင့် ပရိသတ်တွေ အရှေ့ကို ပြန်ရောက်လာတာပါလို့ သူကဆက်လက်ပြောပြထားပါတယ်။

'' အချစ်ရေးကတော့ အခုချိန်မှာ သာယာသောနံနက်ခင်းလေးတော့ မဟုတ်ဘူးပေါ့။ လေကြီးမိုးကြီး ဝုန်းဒိုင်းပြီးတဲ့ အချိန်မှာ သက်တန့်လေး လည်း ပေါ်ရင် ပေါ်လာနိုင်တယ်။ နောက်မုန်တိုင်းတွေလည်း ဆက်ပြီးလာရင် လာနိုင်တယ်။ အရာရာအားလုံးက ပြောင်းလဲသွားနိုင်တယ် ပေါ့။ ဒါပေမယ့် အခုချိန်မှာတော့ အလုပ်ကိုပဲ ပိုပြီးတော့ ကြိုးစားချင်ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၈ နာရီက Beauty by naychioo Facebook Page ကနေ Live လွှင့်ရင်း ပြောပြခဲ့ပါတယ်။

N 2.JPG

Photo: Aung Nway Oo (Instagram)

ကိုယ်ချစ်တာထက် သူချစ်တာက ပိုများတယ်လို့ ဆိုလာတဲ့ နေခြည်ဦး 

အဲ့ဒီနောက် နေခြည်ဦးဟာ နိုဝင်ဘာလ အတွင်းထဲမှာ ထူးထူးခြားခြား အစီအစဉ်လေး ဆက်လုပ်သွားမယ့် အကြောင်းကိုလည်း ပြောပြ ခဲ့ပါတယ်။ မကြာခင်ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာလည်း We Love လေးတွေနဲ့ အလှူလုပ်မယ်လို့ သိရပါတယ်။ မွေးနေ့ မလုပ်ရတာ ၄ နှစ် ရှိပြီလို့ ဆက်လက်ပြောပြထားပါသေးတယ်။

'' နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင်မှာ ကြားထဲမှာ တစ်ခုခုလေးတွေ လာလိမ့်မယ်။ Beauty by nay chi Page ကနေ စလွှင့်ပါလိမ့်မယ်။ စောင့်ကြည့်ပေးပါ။ လာမယ့် ဇန်နဝါရီ ၂၅ ဆိုရင် နေခြည့်မွေးနေ့လာတော့မယ် အဲ့ဒီအခါကျရင် မွေးနေ့မတိုင်ခင် Fan တွေနဲ့ Activity တစ်ခုခု လုပ်ချင်တယ်။ Fan တွေ အကုန်လုံးနဲ့ ခြုံငုံပြီးပြောရရင် အလှူလေး တစ်ခုလုပ်ဖို့ရှိတယ်။ မွေးနေ့ မလုပ်ရတာလည်း ၄ နှစ်လောက် ရှိပြီ'' လို့ ဆိုပါတယ်။

N 1.JPG

Photo: Aung Nway Oo (Instagram)

 

နေခြည်ဦးဟာ ရန်သူ ရုပ်ရှင်ဇာတ်ကား၊ ဧည့်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အောက်ဖဲမလှန်ကြေးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး ခဲ့ပြီးဖြစ် ပါတယ်။ မကြာခင်မှာလည်း ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

'' နေခြည်ရုပ်ရှင်ရိုက်ရတာ အရမ်းဝါသနာပါတယ်။ ဒီနှစ်ထဲမှာ ၃ ကားရိုက်ပြီးပြီ ဒီဇင်ဘာလ ထဲမှာလည်း နေခြည့်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်။ နေခြည့် ကားလေးလည်း ထွက်တော့မှာဆိုတော့ ကြည့်ပေးပါ။ နေခြည်ဆက်ပြီးတော့ သရုပ်ဆောင်သင့်လား သရုပ်မဆောင်သင့်ဘူး လားဆိုတာလည်း ပြောပါ။ ကိုယ်က ဝါသနာပါပေမယ့် ကိုယ့်ကို အားပေးမယ့် ပရိသတ် မရှိရင် ဘာမှလုပ်လို့မရဘူး'' လို့ သူကပြောပါတယ်။

5.jpg 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

[Zawgyi Version]

ေနျခည္ဦးက သူ႔ရဲ႕ လက္ရွိအခ်စ္ေရးအေျခအေနကုိ ပြင့္ပြင့္လင္းလင္းေျပာျပလာပါၿပီ။ ႏုိဝင္ဘာလ အတြင္းမွာလည္း ထူးျခားမႈ ေတြ ျပဳလုပ္သြားမွာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြ အ့ံအားသင့္ရဦးမယ္လုိ႔ ဆုိပါတယ္။

Photo: Aung Nway Oo (Instagram)

 

သရုပ္ေဆာင္ေနျခည္ဦး ကေတာ့ သူ႔ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကုိ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ေျပာျပလာပါတယ္။ အခ်စ္ေရးမွာ လည္း သာယာေနတဲ့ အေျခအေန မဟုတ္ဘူးလုိ႔ ဆုိပါတယ္။ လက္ရွိမွာေတာ့ နည္းနည္းလန္းဆန္းလာတဲ့ စိတ္ေလးေၾကာင့္ ပရိသတ္ေတြ အေရွ႕ကုိ ျပန္ေရာက္လာတာပါလုိ႔ သူကဆက္လက္ေျပာျပထားပါတယ္။

'' အခ်စ္ေရးကေတာ့ အခုခ်ိန္မွာ သာယာေသာနံနက္ခင္းေလးေတာ့ မဟုတ္ဘူးေပါ့။ ေလႀကီးမုိးၾကီး ဝုန္းဒိုင္းၿပီးတဲ့ အခ်ိန္မွာ သက္တန္႔ေလး လည္း ေပၚရင္ ေပၚလာနုိင္တယ္။ ေနာက္မုန္တုိင္းေတြလည္း ဆက္ၿပီးလာရင္ လာႏုိင္တယ္။ အရာရာအားလုံးက ေျပာင္းလဲသြားႏုိင္တယ္ ေပါ့။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အလုပ္ကုိပဲ ပုိၿပီးေတာ့ ႀကိဳးစားခ်င္ပါတယ္'' ဆုိၿပီးေတာ့ ႏုိဝင္ဘာလ ၃ ရက္ေန႔ ၈ နာရီက Beauty by naychioo Facebook Page ကေန Live လႊင့္ရင္း ေျပာျပခဲ့ပါတယ္။

Photo: Aung Nway Oo (Instagram)

ကုိယ္ခ်စ္တာထက္ သူခ်စ္တာက ပုိမ်ားတယ္လုိ႔ ဆုိလာတဲ့ ေနျခည္ဦး 

အဲ့ဒီေနာက္ ေနျခည္ဦးဟာ ႏုိဝင္ဘာလ အတြင္းထဲမွာ ထူးထူးျခားျခား အစီအစဥ္ေလး ဆက္လုပ္သြားမယ့္ အေၾကာင္းကုိလည္း ေျပာျပ ခဲ့ပါတယ္။ မၾကာခင္က်ေရာက္မယ့္ သူ႔ရဲ႕ ေမြးေန႔မွာလည္း We Love ေလးေတြနဲ႔ အလွဴလုပ္မယ္လုိ႔ သိရပါတယ္။ ေမြးေန႔ မလုပ္ရတာ ၄ ႏွစ္ ရွိၿပီလုိ႔ ဆက္လက္ေျပာျပထားပါေသးတယ္။

'' ႏုိဝင္ဘာလ ၁၅ ရက္ေန႔ မတုိင္ခင္မွာ ၾကားထဲမွာ တစ္ခုခုေလးေတြ လာလိမ့္မယ္။ Beauty by nay chi Page ကေန စလႊင့္ပါလိမ့္မယ္။ ေစာင့္ၾကည့္ေပးပါ။ လာမယ့္ ဇန္နဝါရီ ၂၅ ဆုိရင္ ေနျခည့္ေမြးေန႔လာေတာ့မယ္ အဲ့ဒီအခါက်ရင္ ေမြးေန႔မတုိင္ခင္ Fan ေတြနဲ႔ Activity တစ္ခုခု လုပ္ခ်င္တယ္။ Fan ေတြ အကုန္လုံးနဲ႔ ျခဳံငုံၿပီးေျပာရရင္ အလွဴေလး တစ္ခုလုပ္ဖုိ႔ရွိတယ္။ ေမြးေန႔ မလုပ္ရတာလည္း ၄ ႏွစ္ေလာက္ ရွိၿပီ'' လုိ႔ ဆုိပါတယ္။

Photo: Aung Nway Oo (Instagram)

 

ေနျခည္ဦးဟာ ရန္သူ ရုပ္ရွင္ဇာတ္ကား၊ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားနဲ႔ ေအာက္ဖဲမလွန္ေၾကးဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ကူး ခဲ့ၿပီးျဖစ္ ပါတယ္။ မၾကာခင္မွာလည္း ရန္သူ ရုပ္ရွင္ဇာတ္ကားႀကီးက ရုံတင္ျပသေတာ့မွာျဖစ္တဲ့အတြက္ စိတ္လႈပ္ရွားေနတယ္လုိ႔ သိရပါတယ္။

'' ေနျခည္ရုပ္ရွင္ရုိက္ရတာ အရမ္းဝါသနာပါတယ္။ ဒီႏွစ္ထဲမွာ ၃ ကားရုိက္ၿပီးၿပီ ဒီဇင္ဘာလ ထဲမွာလည္း ေနျခည့္ကုိ ကမ္းလွမ္းထားတာေတြ ရွိတယ္။ ေနျခည့္ ကားေလးလည္း ထြက္ေတာ့မွာဆုိေတာ့ ၾကည့္ေပးပါ။ ေနျခည္ဆက္ၿပီးေတာ့ သရုပ္ေဆာင္သင့္လား သရုပ္မေဆာင္သင့္ဘူး လားဆုိတာလည္း ေျပာပါ။ ကုိယ္က ဝါသနာပါေပမယ့္ ကုိယ့္ကုိ အားေပးမယ့္ ပရိသတ္ မရွိရင္ ဘာမွလုပ္လုိ႔မရဘူး'' လုိ႔ သူကေျပာပါတယ္။

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs