• Local Celebrity
    အဓိကဇာတ်ဆောင်မင်းသမီး အပြောင်းအလဲဖြစ်သွားတဲ့ "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်
Ei Ei Myat
[Unicode Version]

ဒါရိုက်တာ  ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။

44590288_2133081363391081_3706228159910248448_n.jpg

Photo : မကလျာ FB

 

ဒါရိုက်တာ  ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ ရွှေမှုံရတီနေရာမှာ သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဆိုပါတယ်။

"ဆရာအဲ့သတင်းနဲ့ ပတ်သက်ပြီး အခုလောလောဆယ်မှာ မပြောပြချင်သေးဘူး။ ဒါပေမယ့် ရွှေမှုံနေရာမှာ ခင်ဝင့်ဝါနဲ့ရိုက်မယ်ဆိုတဲ့ သတင်းကအမှန်ပါ။ နေပြည်တော်မှာပဲ ရိုက်မှာပါ။ ရိုက်ရက်ကတော့ မသတ်မှတ်ရသေးပါဘူး" ဆိုုပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

45393993_2021487761243693_5962978546174394368_n.jpg

Photo : ခင်ဝင့်ဝါ FB

 

 "ငါမုန်းတဲ့အက္ခရာ"ဇာတ်ကားရိုက်ကူးဖို့ မပြီးပြတ်သေးခင်မှာ ရွှေမှုံရတီက ယခုလို မင်္ဂလာပွဲ ပြုလုပ်လိုက်တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ နှောင့်နှေးခဲ့ပြီး အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မကြာသေးမီကမှ ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဟာ ဒီလ (နိုဝင်ဘာလ) ၁၁ ရက်မှာပဲ မင်္ဂလာဆောင်တော့မယ့်အကြောင်းကို နိုဝင်ဘာ(၂) ရက်နေ့က သူတို့ရဲ့ ဖေ့စ်ဘွတ်တွေကနေတဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။

45238691_759997077726063_8259313764810096640_n.jpg

Photo : ရွှေမှုံရတီ

 

"ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို အောက်တိုဘာ(၂၃) ရက်နေ့က ကန်တော့ကြီး Royal Garden Hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးမှာ ဖြစ်ပြီး အောင်ရဲလင်း၊  တိုင်ရွန်၊ စိုးမြတ်သူဇာနဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး နေပြည်တော်မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့တာပါ။

ယခုအချိန်မှာတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ရိုက်ရက်ကို ပြန်ညှိနေပြီး ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါကို  အစားထိုး ရိုက်ကူးသွားတော့မှာ ဖြစ်ပါတယ်။

44583340_891161537939526_6770147469691977728_n.jpg

Photo : မကလျာ FB

ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်နဲ့ ရွှေမှုံရတီတို့ဟာ ဇာတ်ကားတွေ တော်တော်များများကို အတူတူတွဲရိုက်ဖူးခဲ့ပါတယ်။ မကြာခင်ရုံတင် တော့မယ် ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ပဲ ရိုက်ကူးခဲ့တာပါ။ အဲ့ဒီဇာတ်ကားမှာ ရွှေထူး၊ ရွှေမှုံရတီနဲ့နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ဟာ ၂၀၁၆ခုနှစ်မှာ "အုတ်ကြားမြတ်ပေါက်" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

[Zawgyi Version]

ဒါရိုက္တာ  ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ကူးမယ့္ "ငါမုန္းတဲ့အကၡရာ" ရုပ္ရွင္ဇာတ္ကားႀကီးမွာ မင္းသမီး အေျပာင္းအလဲ ျဖစ္သြားခဲ့ပါတယ္။

44590288_2133081363391081_3706228159910248448_n.jpg

Photo : မကလ်ာ FB

 

ဒါရိုက္တာ  ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ကူးမယ့္ "ငါမုန္းတဲ့အကၡရာ" ရုပ္ရွင္ဇာတ္ကားႀကီးမွာ မင္းသမီး အေျပာင္းအလဲ ျဖစ္သြားခဲ့ပါတယ္။ ေရႊမံႈရတီေနရာမွာ သရုပ္ေဆာင္ ခင္ဝင့္ဝါနဲ႕ ရိုက္ကူးသြားမွာ ျဖစ္တယ္လို႕ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္က ဆုိပါတယ္။

"ဆရာအဲ့သတင္းနဲ႕ ပတ္သက္ၿပီး အခုေလာေလာဆယ္မွာ မေျပာျပခ်င္ေသးဘူး။ ဒါေပမယ့္ ေရႊမံႈေနရာမွာ ခင္ဝင့္ဝါနဲ႕ရိုက္မယ္ဆိုတဲ့ သတင္းကအမွန္ပါ။ ေနျပည္ေတာ္မွာပဲ ရိုက္မွာပါ။ ရိုက္ရက္ကေတာ့ မသတ္မွတ္္ရေသးပါဘူး" ဆိုုၿပီး ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္က Duwun Media ကို ေျဖဆိုခ့ဲပါတယ္။

Photo : ခင္ဝင့္ဝါ FB

 

 "ငါမုန္းတဲ့အကၡရာ"ဇာတ္ကားရိုက္ကူးဖို႕ မၿပီးျပတ္ေသးခင္မွာ ေရႊမံႈရတီက ယခုလုိ မဂၤလာပြဲ ျပဳလုပ္လိုက္တဲ့အတြက္ ဇာတ္ကားရိုက္ကူးမႈေတြ ေနွာင့္ေႏွးခဲ့ၿပီး အခက္အခဲေတြ ျဖစ္ခဲ့ရတယ္လို႕လည္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

မၾကာေသးမီကမွ ခ်စ္သူေတြျဖစ္သြားခဲ့ၾကတဲ့ အဆုိေတာ္ သ႐ုပ္ေဆာင္ ေရႊထူးနဲ႔ သ႐ုပ္ေဆာင္ ေရႊမႈံရတီတုိ႔ဟာ ဒီလ (ႏိုဝင္ဘာလ) ၁၁ ရက္မွာပဲ မဂၤလာေဆာင္ေတာ့မယ့္အေၾကာင္းကို ႏိုဝင္ဘာ(၂) ရက္ေန႕က သူတို႕ရဲ႕ ေဖ့စ္ဘြတ္ေတြကေနတဆင့္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Photo : ေရႊမႈံရတီ

 

"ငါမုန္းတဲ့အကၡရာ" ရုပ္ရွင္ဇာတ္ကားကန္ေတာ့ပြဲကို ေအာက္တုိဘာ(၂၃) ရက္ေန႕က ကန္ေတာ့ႀကီး Royal Garden Hotel မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ယင္းဇာတ္ကားကို ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္က ရိုက္ကူးမွာ ျဖစ္ၿပီး ေအာင္ရဲလင္း၊  တိုင္ရြန္၊ စိုးျမတ္သူဇာနဲ႕ ေရႊမံႈရတီတုိ႕က အဓိက ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ေနျပည္ေတာ္မွာ ရိုက္ကူးဖို႕ ျပင္ဆင္ထားခဲ့တာပါ။

ယခုအခ်ိန္မွာေတာ့ ဇာတ္ကားရိုက္ကူးဖို႕အတြက္ ရိုက္ရက္ကို ျပန္ညွိေနၿပီး ေရႊမံႈရတီေနရာမွာ ခင္ဝင့္ဝါကို  အစားထုိး ရိုက္ကူးသြားေတာ့မွာ ျဖစ္ပါတယ္။

Photo : မကလ်ာ FB

ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္နဲ႕ ေရႊမံႈရတီတို႕ဟာ ဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ားကို အတူတူတြဲရိုက္ဖူးခဲ့ပါတယ္။ မၾကာခင္ရံုတင္ ေတာ့မယ္ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ဒါရိုက္တာညႊန္႕ျမန္မာညီညီေအာင္ပဲ ရိုက္ကူးခဲ့တာပါ။ အဲ့ဒီဇာတ္ကားမွာ ေရႊထူး၊ ေရႊမံႈရတီနဲ႕ေနျခည္ဦးတို႕က အဓိက ပါဝင္သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဒါရိုက္တာညႊန္႕ျမန္မာညီညီေအာင္ဟာ ၂၀၁၆ခုႏွစ္မွာ "အုတ္ၾကားျမတ္ေပါက္" ရုပ္ရွင္ဇာတ္ကားနဲ႕ ဒါရိုက္တာဆုကို ပိုင္ဆိုင္ႏုိင္ခဲ့သူလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs