• Local Celebrity

    ချစ်သူကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရွှေထူး

Ei Ei Myat
[Unicode Version]

အဆိုတော် ရွှေထူးက ချစ်သူရွှေမှုံရတီကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ရိုမန့်တစ် ဆန်လွန်းလှတဲ့ ရွှေထူးရဲ့ ပြင်ဆင် ထားမှုတွေက ရွှေမှုံကို အံ့သြစေခဲ့ပါတယ်။

1.JPG

Photo : ထူးခန့် FB

 

အဆိုတော် ရွှေထူးက ချစ်သူရွှေမှုံရတီကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။ ချစ်သူကို လက်ထပ်ခွင့် တောင်းထားတဲ့ ဗီဒီယို ဖိုင်လေးကို ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ  နိုဝင်ဘာ(၅) ရက်နေ့က တင်ထားခဲ့တာ တွေ့ရပါတယ်။ ရိုမန့်တစ် ဆန်လွန်းလှတဲ့ ရွှေထူးရဲ့ ပြင်ဆင် ထားမှုတွေက ရွှေမှုံကို အံ့သြစေခဲ့ပါတယ်။

ရွှေထူးက ရွှေမှုံကို ဘောလုံးကွင်းတစ်ကွင်းလုံးငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ထပ်ခွင့်တောင်းမယ့်နေရာမရောက်ခင် လမ်းတစ်လျှောက်လုံးမှာ ရွှေမှုံမျက်လုံးကို ပဝါလေးစည်းပြီး ရွှေထူးက ခေါ်သွားခဲ့ပါတယ်။

3.JPG

Photo : ထူးခန့် FB

 

ဘောလုံးကွင်းရဲ့ အလယ်မှာ နှင်းဆီပွင့်ဖက်လေးတွေကို အသဲပုံလေး သဏ္ဍန်ပြင်ဆင်ထားခဲ့ပါတယ်။ အဲ့ဒီ အသဲပုံလေးရဲ့ အလယ်မှာ ရွှေမှုံ့ကို ရွှေထူးက  ဒူးထောက်ပြီး လက်ထပ်ဖို့ ခွင့်တောင်းရင်း လက်ထပ်လက်စွပ်လေး စွပ်ပေးခဲ့တာဖြစ်ပါတယ်။ပျော်ရွှင် ကြည်နူးဖို့ ကောင်းလွန်း လှတဲ့ သူတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့ နေကြပါတယ်။

ရွှေထူးလက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဖိုင်လေးက အခုဆိုရင် ကြည့်ရှုတဲ့ပရိသတ်တွေ ၆သိန်းကျော် ရှိခဲ့ပါပြီ။ ရွှေထူးတင်ထားတဲ့ ဗီဒီယိုဖိုင်လေး ကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

 

ရွှေထူးနဲ့ ရွှေမှုံတို့ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ စေ့စပ်ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် နိုဝင်ဘာ(၁၁) ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော  အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော  အားလုံး အံ့သြသွားကြပါတယ်။

45266921_10210984358205527_2440657132077449216_n.jpg

Photo : Nay Min Tun FB

 

အခုဆိုရင် သူတို့နှစ်ဦးဟာ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် အလုပ်တွေ ရှုပ်နေကြပါတယ်။ရွှေထူးနဲ့ ရွှေမှုံတို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပသွားမှာပါ။ သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

45231200_10210984366405732_4497675080762916864_n.jpg

Photo : Nay Min Tun FB

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

[Zawgyi Version]

အဆိုေတာ္ ေရႊထူးက ခ်စ္သူေရႊမံႈရတီကို ရိုမန္႕တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ ရိုမန္႕တစ္ ဆန္လြန္းလွတဲ့ ေရႊထူးရဲ႕ ျပင္ဆင္ ထားမႈေတြက ေရႊမံႈကို အံ့ၾသေစခဲ့ပါတယ္။

Photo : ထူးခန္႕ FB

 

အဆိုေတာ္ ေရႊထူးက ခ်စ္သူေရႊမံႈရတီကို ရိုမန္႕တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ ခ်စ္သူကို လက္ထပ္ခြင့္ ေတာင္းထားတဲ့ ဗီဒီယို ဖိုင္ေလးကို ေရႊထူးရဲ႕ ေဖ့စ္ဘြတ္မွာ  ႏိုဝင္ဘာ(၅) ရက္ေန႕က တင္ထားခဲ့တာ ေတြ႕ရပါတယ္။ ရိုမန္႕တစ္ ဆန္လြန္းလွတဲ့ ေရႊထူးရဲ႕ ျပင္ဆင္ ထားမႈေတြက ေရႊမံႈကို အံ့ၾသေစခဲ့ပါတယ္။

ေရႊထူးက ေရႊမံႈကို ေဘာလံုးကြင္းတစ္ကြင္းလံုးငွားၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ လက္ထပ္ခြင့္ေတာင္းမယ့္ေနရာမေရာက္ခင္ လမ္းတစ္ေလွ်ာက္လံုးမွာ ေရႊမံႈမ်က္လံုးကို ပဝါေလးစည္းၿပီး ေရႊထူးက ေခၚသြားခဲ့ပါတယ္။

Photo : ထူးခန္႕ FB

 

ေဘာလံုးကြင္းရဲ႕ အလယ္မွာ ႏွင္းဆီပြင့္ဖက္ေလးေတြကို အသဲပံုေလး သ႑န္ျပင္ဆင္ထားခဲ့ပါတယ္။ အဲ့ဒီ အသဲပံုေလးရဲ႕ အလယ္မွာ ေရႊမံႈ႕ကို ေရႊထူးက  ဒူးေထာက္ၿပီး လက္ထပ္ဖို႕ ခြင့္ေတာင္းရင္း လက္ထပ္လက္စြပ္ေလး စြပ္ေပးခဲ့တာျဖစ္ပါတယ္။ေပ်ာ္ရႊင္ ၾကည္ႏူးဖို႕ ေကာင္းလြန္း လွတဲ့ သူတို႕ရဲ႕ ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးလို႕ ေနၾကပါတယ္။

ေရႊထူးလက္ထပ္ခြင့္ေတာင္းတဲ့ ဗီဒီယိုဖိုင္ေလးက အခုဆိုရင္ ၾကည့္ရႈတဲ့ပရိသတ္ေတြ ၆သိန္းေက်ာ္ ရွိခဲ့ပါၿပီ။ ေရႊထူးတင္ထားတဲ့ ဗီဒီယိုဖိုင္ေလး ကို မၾကည့္ရေသးတဲ့ ပရိသတ္ေတြအတြက္ကိုလည္း ဗီဒီယိုဖိုင္ေလး ထည့္ေပးလိုက္တယ္ေနာ္။

 

ေရႊထူးနဲ႕ ေရႊမံႈတို႕ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕က ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။ ေစ့စပ္ၿပီး သိပ္မၾကာခင္မွာ သူတို႕ႏွစ္ေယာက္ရဲ႕ ေဖ့စ္ဘြတ္ေတြကေနတစ္ဆင့္ ႏိုဝင္ဘာ(၁၁) ရက္ေန႕မွာ မဂၤလာေဆာင္ေတာ့မယ့္ အေၾကာင္းကို ေၾကညာခ့ဲပါတယ္။

သူတို႕ႏွစ္ဦးရဲ႕ သတင္းေၾကာင့္ ပရိသတ္ေတြေရာ  အႏုပညာအသိုင္းအဝိုင္းက ေမာင္ႏွမေတြေရာ  အားလံုး အံ့ၾသသြားၾကပါတယ္။

Photo : Nay Min Tun FB

 

အခုဆိုရင္ သူတို႕ႏွစ္ဦးဟာ ႏိုဝင္ဘာ(၁၁) ရက္ေန႕မွာ ျပဳလုပ္မယ့္ မဂၤလာပြဲအတြက္ အလုပ္ေတြ ရႈပ္ေနၾကပါတယ္။ေရႊထူးနဲ႔ ေရႊမႈံတို႔က ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ညေန ၊ Inya Late Hotel (Pool Side Lawn) မွာ မဂၤလာပြဲ က်င္းပသြားမွာပါ။ သူတို႕ႏွစ္ေယာက္ဟာ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ထားတဲ့ "ဧည့္သည္" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း အတူတြဲၿပီး ရိုက္ကူးရင္းနဲ႕ ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကတာ ျဖစ္ပါတယ္။

အသက္ ၁၃ ႏွစ္အရြယ္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္ျဖစ္လာတဲ့ ေရႊမႈန္ရတီဟာ ငယ္ရြယ္ေသးေပမဲ့ အရမ္းကို ရင့္က်က္တဲ့ မိန္းကေလး တစ္ေယာက္ပါ။ထူးျခားတဲ့ ဟန္ပန္၊ ဆန္းသစ္တဲ့ ဝတ္ဆင္မႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာ ခံရေပမဲ့ ကိုယ္လုပ္စရာရွိတာကို ယံုၾကည္မႈရွိရွိနဲ႔ လုပ္ေဆာင္ေနတဲ့ သူလည္း ျဖစ္ပါတယ္။

Photo : Nay Min Tun FB

 

အႏုပညာပ်ဳိးခင္း (၁) ရဲ႕ စင္တင္မင္းသမီးတစ္လက္ျဖစ္တဲ့ ေရႊမႈံရတီဟာ အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့တဲ့ လြန္ခဲ့တဲ့ ၆ ႏွစ္ေက်ာ္က တည္းက သ႐ုပ္ေဆာင္ေကာင္းသူအျဖစ္ နာမည္ရလာသူျဖစ္ၿပီး လက္ရွိမွာလည္း ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs