• Local Celebrity
    အပြိုင်အဆိုင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေအပေါ် စိုးရိမ်နေတဲ့ သားညီ
Sabal Thwin
[Unicode Version]

သားညီကတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရုံပြိုင်စနစ်နဲ့ ပြသလျှက်ရှိတာကြောင့် ဇာတ်ကားကောင်းတွေ မအောင်မြင် မှာကို စိုးရိမ် တယ် လို့ပြောပါတယ်။ မကြာခင်မှာလည်း သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားက အပြိုင်ပြသရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတာကို တွေ့ရပါတယ်။

45650875_2257216727646650_8441899078035439616_o.jpg

Photo: သားညီဖေ့စ်ဘွတ်

 

သရုပ်ဆောင် ဒါရိုက်တာ သားညီဟာ နိုဝင်ဘာလ ၉ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် '' အမုန်းတွေ ခေါက်ထားလိုက်'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ထပ်ရုံတင်ပြသမယ့် '' မီ'' ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင်အနေနဲ့ ပါဝင်ထား တယ်လို့ သိရပါတယ်။ ဇာတ်ကား နှစ်ကားစလုံးကတော့ ရုံပြိုင်စနစ်အရ စိတ်လှုပ်ရှားရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ 

'' November 9 ရက်နေ့မှာ အမုန်းတွေ ခေါက်ထားလိုက် နဲ့ မီ ရုံအပြိုင်တင်ရမယ်။ တစ်ကားက ဒါရိုက်တာ တစ်ကား က သရုပ်ဆောင် နှစ် ကားစလုံးကို အောင်မြင်စေချင်တယ်။ အနုပညာအရာ ရော ငွေရေးကြေးရေးအရပါ အောင်မြင်စေချင်တယ်။ မှန်သောစကားပါ။ အဲ့ကားတွေ ပြီးရင် မုန်းစွဲ နဲ့ ကြတ်ဂူ အပြိုင်တင်ကြဦးမယ်  နှစ်ကားစလုံးကလည်းကားကောင်းတွေ'' လို့ ဆိုပါတယ်။

42784801_2197981126903544_6162604919535697920_n.jpg

Photo: သားညီဖေ့စ်ဘွတ်

 

အဲ့ဒီနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာလည်း ရုံပြိုင်စနစ်တွေကြားကမှ အပြိုင်ပြသသွားမယ့် အချစ်ရဆုံး သူငယ်ချင်းဖြစ်သူ မင်းသွေးရဲ့ '' သတ်ကွင်း'' ရုပ်ရှင်ဇာတ်ကားနဲ့ ဆရာဖြစ်သူ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ ''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးအပေါ်မှာလည်း စိုးရိမ်လျှက် ရှိတယ်လို့ သိရပါတယ်။

''ကိုမင်းသွေး အရမ်းမျှော်လင့်ထားခဲ့တဲ့ သတ်ကွင်း နဲ့ ရန်သူ  ရုံအပြိုင် တင်ကြရဦးမယ်။ သတ်ကွင်း က  ကျွန်တော်တို့ အားလုံးရဲ့အမှတ်တရ အများကြီးနဲ့ဇာတ်ကား ပြန်ကြည့်တိုင်း ငိုနေရတဲ့ဇာတ်ကား သိပ်အများကြီးမမျှော်လင့်ရဲပေမယ့် ကိုမင်းသွေး အတွက် မှတ်တိုင် လေး တစ်ခု ဖြစ်စေချင်တဲ့ ဇာတ်ကား၊ ရန်သူ က ဆရာအရင်း ဦးမီးပွားရိုက်တဲ့ ကျွန်တော့ကျေးဇူးရှင် ကိုကြီးကျော်လင်းထွန်းတို့ ရွှေစင်ဦးထုတ်လုပ်ရေးက ရိုက်တဲ့ ညီလေးတစ်ယောက်လို ချစ်ရတဲ့ နိုင်နိုင်လို့ခေါ်တဲ့ နေမင်းရဲ့ ဇာတ်ကား'' ဖြစ်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာပါ။

41323200_2170764246291899_7675279868472328192_n.jpg

Photo: သားညီဖေ့စ်ဘွတ်

မီ ရုပ်ရှင်ဇာတ်ကားအတွက် ဂုဏ်ပြုစကားပြောလိုက်တဲ့ ဇဏ်ခီ 

ဇာတ်ကားကောင်းများစွာက ရုံပြိုင်စနစ်အရ အပြိုင်အဆိုင်တင်ရတာဖြစ်တဲ့အတွက် စိုးရိမ်စိတ်ရှိတယ်လို့ သားညီက ဆက်လက်ပြောပြ လာပါတယ်။ အားပေးကြည့်ရှုကြမယ့် ပရိသတ်တွေကလည်း အားပေးမယ့် အင်အားလျှော့သွားမှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း ပြောပြထားပါတယ်။

''ဘယ်သူ့ကိုမှမနစ်နာ မထိခိုက်စေချင်ဘူးဗျာ။ ထိပ်တိုက်တွေ့ကြပြီဆိုကတည်းက အနည်းနဲ့အများတော့ ထိခိုက်နစ်နာမှုလေး တွေရှိလာ နိုင်မှာပဲလေ။ တစ်လရှစ်ကားလောက်တင်နေတော့ ပရိတ်သတ်တွေ ခြေကုန်လက်ပန်းကျသွားမှာလည်း စိုးရိမ်မိတယ်။ ကျွန်တော် ဒီလောက ကို ချစ်တယ်။ ကျွန်တော့အနုပညာညီအစ်ကိုမောင်နှမတွေကို ချစ်တယ် အခုလိုမျိုးထိပ်တိုက်တွေ့တာများလာရင် အကုန်လုံး အထိ နာကုန် မှာလည်းစိုးရိမ်တယ်ဗျာ။ တတ်ကျွမ်းနားလည်သူများအဖြေရှာကုစားပေးကြပါဦး ။ သားညီ'' လို့ ဆက်လက်ပြောပြလာပါတယ်။

42373605_2187155581319432_4404667701406990336_o.jpg

Photo: သားညီဖေ့စ်ဘွတ်

 

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက် ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက် တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

[Zawgyi Version]

သားညီကေတာ့ ရုပ္ရွင္ဇာတ္ကားေကာင္းေတြကုိ ရုံၿပိဳင္စနစ္နဲ႔ ျပသလ်ွက္ရွိတာေၾကာင့္ ဇာတ္ကားေကာင္းေတြ မေအာင္ျမင္ မွာကုိ စုိးရိမ္ တယ္ လုိ႔ေျပာပါတယ္။ မၾကာခင္မွာလည္း သူကုိယ္တုိင္ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားနဲ႔ ကုိယ္တုိင္ ဒါရုိက္တာ လုပ္ၿပီး ရုိက္ကူးထားတဲ့ ဇာတ္ကားက အၿပိဳင္ျပသရမွာျဖစ္လုိ႔ စိတ္လႈပ္ရွားေနတာကုိ ေတြ႔ရပါတယ္။

Photo: သားညီေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ ဒါရုိက္တာ သားညီဟာ ႏုိဝင္ဘာလ ၉ ရက္ေန႔မွာ ရုံတင္ျပသသြားမယ့္ '' အမုန္းေတြ ေခါက္ထားလုိက္'' ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရုိက္တာအျဖစ္ ကုိယ္တုိင္ရုိက္ကူးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ရုံတင္ျပသမယ့္ '' မီ'' ရုပ္ရွင္ဇာတ္ကားမွာေတာ့ သရုပ္ေဆာင္အေနနဲ႔ ပါဝင္ထား တယ္လုိ႔ သိရပါတယ္။ ဇာတ္ကား ႏွစ္ကားစလုံးကေတာ့ ရုံၿပိဳင္စနစ္အရ စိတ္လႈပ္ရွားရတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပလာပါတယ္။ 

'' November 9 ရက္ေန႔မွာ အမုန္းေတြ ေခါက္ထားလိုက္ နဲ႔ မီ ရံုအျပိဳင္တင္ရမယ္။ တစ္ကားက ဒါရိုက္တာ တစ္ကား က သရုပ္ေဆာင္ ႏွစ္ ကားစလံုးကို ေအာင္ျမင္ေစခ်င္တယ္။ အႏုပညာအရာ ေရာ ေငြေရးေၾကးေရးအရပါ ေအာင္ျမင္ေစခ်င္တယ္။ မွန္ေသာစကားပါ။ အဲ့ကားေတြ ျပီးရင္ မုန္းစြဲ နဲ႕ ၾကတ္ဂူ အျပိဳင္တင္ၾကဦးမယ္  ႏွစ္ကားစလံုးကလည္းကားေကာင္းေတြ'' လုိ႔ ဆုိပါတယ္။

Photo: သားညီေဖ့စ္ဘြတ္

 

အဲ့ဒီေနာက္ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာလည္း ရုံၿပိဳင္စနစ္ေတြၾကားကမွ အျပိဳင္ျပသသြားမယ့္ အခ်စ္ရဆုံး သူငယ္ခ်င္းျဖစ္သူ မင္းေသြးရဲ႕ '' သတ္ကြင္း'' ရုပ္ရွင္ဇာတ္ကားနဲ႔ ဆရာျဖစ္သူ ဒါရုိက္တာ မီးပြားရုိက္ကူးတဲ့ ''ရန္သူ'' ရုပ္ရွင္ဇာတ္ကားႀကီးအေပၚမွာလည္း စုိးရိမ္လွ်က္ ရွိတယ္လို႔ သိရပါတယ္။

''ကိုမင္းေသြး အရမ္းေမွ်ာ္လင့္ထားခဲ႔တဲ့ သတ္ကြင္း နဲ႔ ရန္သူ  ရံုအျပိဳင္ တင္ၾကရဦးမယ္။ သတ္ကြင္း က  ကြ်န္ေတာ္တို႔ အားလံုးရဲ႕အမွတ္တရ အမ်ားႀကီးနဲ႔ဇာတ္ကား ျပန္ၾကည့္တိုင္း ငိုေနရတဲ့ဇာတ္ကား သိပ္အမ်ားႀကီးမေမွ်ာ္လင့္ရဲေပမယ့္ ကိုမင္းေသြး အတြက္ မွတ္တိုင္ ေလး တစ္ခု ျဖစ္ေစခ်င္တဲ႔ ဇာတ္ကား၊ ရန္သူ က ဆရာအရင္း ဦးမီးပြားရိုက္တဲ႔ ကြ်န္ေတာ့ေက်းဇူးရွင္ ကိုႀကီးေက်ာ္လင္းထြန္းတို႔ ေရႊစင္ဦးထုတ္လုပ္ေရးက ရိုက္တဲ႔ ညီေလးတစ္ေယာက္လို ခ်စ္ရတဲ႔ ႏိုင္ႏိုင္လို႔ေခၚတဲ႔ ေနမင္းရဲ႕ ဇာတ္ကား'' ျဖစ္တယ္လုိ႔ ႏုိဝင္ဘာလ ၇ ရက္ေန႔ည ၈ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာေရးသားခဲ့တာပါ။

Photo: သားညီေဖ့စ္ဘြတ္

မီ ရုပ္ရွင္ဇာတ္ကားအတြက္ ဂုဏ္ျပဳစကားေျပာလုိက္တဲ့ ဇဏ္ခီ 

ဇာတ္ကားေကာင္းမ်ားစြာက ရုံၿပိဳင္စနစ္အရ အၿပိဳင္အဆုိင္တင္ရတာျဖစ္တဲ့အတြက္ စုိးရိမ္စိတ္ရိွတယ္လုိ႔ သားညီက ဆက္လက္ေျပာျပ လာပါတယ္။ အားေပးၾကည့္ရႈၾကမယ့္ ပရိသတ္ေတြကလည္း အားေပးမယ့္ အင္အားေလွ်ာ့သြားမွာကုိလည္း စုိးရိမ္မိတဲ့အေၾကာင္း ေျပာျပထားပါတယ္။

''ဘယ္သူ႕ကိုမွမနစ္နာ မထိခိုက္ေစခ်င္ဘူးဗ်ာ။ ထိပ္တိုက္ေတြ႕ၾကျပီဆိုကတည္းက အနည္းနဲ႔အမ်ားေတာ့ ထိခိုက္နစ္နာမႈေလး ေတြရွိလာ ႏိုင္မွာပဲေလ။ တစ္လရွစ္ကားေလာက္တင္ေနေတာ့ ပရိတ္သတ္ေတြ ေျခကုန္လက္ပန္းက်သြားမွာလည္း စိုးရိမ္မိတယ္။ ကြ်န္ေတာ္ ဒီေလာက ကို ခ်စ္တယ္။ ကြ်န္ေတာ့အႏုပညာညီအစ္ကိုေမာင္ႏွမေတြကို ခ်စ္တယ္ အခုလိုမ်ိဳးထိပ္တိုက္ေတြ႔တာမ်ားလာရင္ အကုန္လံုး အထိ နာကုန္ မွာလည္းစိုးရိမ္တယ္ဗ်ာ။ တတ္ကြ်မ္းနားလည္သူမ်ားအေျဖရွာကုစားေပးၾကပါဦး ။ သားညီ'' လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

Photo: သားညီေဖ့စ္ဘြတ္

 

သားညီဟာ ယခင္ကလို သရုပ္ေဆာင္ပိုင္းတင္မက ဒါရိုက္တာဘက္ ကိုပါ အားႀကိဳးမာန္တက္နဲ႕ႀကိဳးစားလာတာကိုေတြ႕ရပါတယ္။ အခုဆိုရင္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ဒါရုိက္တာ လုပ္လာၿပီျဖစ္ကာ ဒါရုိက္ တစ္ေယာက္အေနနဲ႕ ပရိသတ္ေတြကပါ လက္ခံလာၾကတာကိုလည္း ေတြ႕ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs