• Local Celebrity
    သားလေးကို ချစ်ပေးဖို့ တောင်းဆိုလိုက်တဲ့ မေထွဋ်ခေါင်
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် မေထွဋ်ခေါင်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လူ့လောကထဲကို ရောက်လာတဲ့ သားလေးကို ချစ်ပေးဖို့ ပရိသတ်တွေကို ပြောထားပါ တယ်။ သားလေးကို နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့တာပါ။

45364262-10217565737238998-3080181743886532608-n.jpg

Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လူ့လောကထဲကို ရောက်လာတဲ့ သားလေးကို ချစ်ပေးဖို့ ပရိသတ်တွေကို ပြောထားပါ တယ်။ သားလေးကို နိုဝင်ဘာ(၅) ရက်နေ့က နေပြည်တော်မှာ မွေးဖွားခဲ့တာပါ။

မေထွဋ်ခေါင်ရဲ့ ဒုတိယမြောက် ရင်သွေးလေးဟာ တနင်္လာသားလေးဖြစ်တာကြောင့် "မောင်ခန့်သူရအောင်" ဆိုပြီး နာမည်လေး ပေးထား တာတွေ့ရပါတယ်။ သားလေးကို ခန့်ခန့်ကြီးနဲ့ ချောချောလေးဖြစ်အောင်ကိုခန့်လို့ပဲ ခေါ်မယ်ဆိုပြီး မေထွဋ်ခေါင်က ပြောထားပါသေးတယ်။

45409975_1992757810747742_7508064323348987904_n.jpg

Photo : မေထွဋ်ခေါင် FB

 

"မောင်ခန့်သူရအောင် လေးကိုချစ်ပေးကြပါအုန်း ပညတ်သွားရာ ဓါတ်သက်ပါဆိုတဲ့အတိုင်းသားသားကို ခန့်ခန် ချောချောကြီးဖြစ်အောင်လို့ ကိုခန့်    လို့ပဲခေါ်တော့မယ်။နော် မေမေ့ သားငယ်လေး ကိုခန့်ရေ။" ဆိုပြီး နိုဝင်ဘာ(၈) ရက်နေ့က မေထွဋ်ခေါင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာတွေ့ရပါတယ်။သားလေးက မွေးဖွားချိန်မှာ (၇.၅)ပေါင် ရှိတယ်လို့ သိရပါတယ်။

တုတ်တုတ်ခဲခဲကြီးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပရိသတ်တွေကလည်း ချစ်မဝဖြစ်လို့နေပါတယ်။လက်ရှိမှာ သားလေးရော မိခင်ရော ကျန်းကျန်းမာမာရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မေထွဋ်ခေါင်က ဖေ့စ်ဘွတ်မှာ သားလေးရဲ့ ပုံတွေတင်ရင်း သူမနဲ့ မတူမချင်း နောက်ထပ်တစ်ယောက်ထပ်မွေးဦးမယ်လို့ ပြောထားပါသေးတယ်။

30572024-1063306627134848-6353010616587780096-n.jpg

Photo : မေထွဋ်ခေါင် FB

သားလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ မေထွဋ်ခေါင် 

သမီးလေး တစ်ယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို သားလေးတစ်ယောက် ထပ်ရောက်လာပြီဖြစ်လို့ မေထွဋ်ခေါင်တို့ ဇနီးမောင်နှံဟာ ပျော်လို့နေပါတယ်။သူတို့နဲ့အတူ ပရိသတ်တွေကော အနုပညာမောင်နှမတွေ သူငယ်ချင်းတွေကပါ နောက်ထပ် ရင်သွေးလေးအတွက် ပျော်နေကြပါတယ်။

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့ ဘဝထဲကို ၂၀၁၆ခုနှစ် အောက်တိုဘာလက သမီးလေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ သမီးလေးနာမည်က မေနန်းစံလို့ ခေါ်ပါတယ်။

18194206_880726415392871_4388705878094278885_n.jpg

Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ  ရင်ဘက်အရမ်းဟိုက်တဲ့ အကျႌကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အကျႌအဲ့လို ဖြစ်ခဲ့ရခြင်းဟာ သမီးလေး နို့ဆာချိန်တိုင်း ပွဲခင်းထဲမှာ သမီလေးကို နို့တိုက်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေ သိရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ မိခင်စိတ်ကို လေးစားသွားကြတာ ပရိသတ်တွေပါးစပ်ဖျား ချီးကျူးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ ေမထြဋ္ေခါင္က ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ လူ႕ေလာကထဲကို ေရာက္လာတဲ့ သားေလးကို ခ်စ္ေပးဖို႕ ပရိသတ္ေတြကို ေျပာထားပါ တယ္။ သားေလးကို ႏိုဝင္ဘာ(၅) ရက္ေန႕က ေနျပည္ေတာ္မွာ ေမြးဖြားခဲ့တာပါ။

Photo : ေမထြဋ္ေခါင္ FB

 

သရုပ္ေဆာင္ ေမထြဋ္ေခါင္က ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ လူ႕ေလာကထဲကို ေရာက္လာတဲ့ သားေလးကို ခ်စ္ေပးဖို႕ ပရိသတ္ေတြကို ေျပာထားပါ တယ္။ သားေလးကို ႏိုဝင္ဘာ(၅) ရက္ေန႕က ေနျပည္ေတာ္မွာ ေမြးဖြားခဲ့တာပါ။

ေမထြဋ္ေခါင္ရဲ႕ ဒုတိယေျမာက္ ရင္ေသြးေလးဟာ တနလၤာသားေလးျဖစ္တာေၾကာင့္ "ေမာင္ခန္႕သူရေအာင္" ဆိုၿပီး နာမည္ေလး ေပးထား တာေတြ႕ရပါတယ္။ သားေလးကို ခန္႕ခန္႕ႀကီးနဲ႕ ေခ်ာေခ်ာေလးျဖစ္ေအာင္ကိုခန္႕လို႕ပဲ ေခၚမယ္ဆိုၿပီး ေမထြဋ္ေခါင္က ေျပာထားပါေသးတယ္။

Photo : ေမထြဋ္ေခါင္ FB

 

"ေမာင္ခန္႔သူရေအာင္ ေလးကိုခ်စ္ေပးၾကပါအုန္း ပညတ္သြားရာ ဓါတ္သက္ပါဆိုတဲ့အတိုင္းသားသားကို ခန္႔ခန္ ေခ်ာေခ်ာႀကီးျဖစ္ေအာင္လို႔ ကိုခန္႔    လို႔ပဲေခၚေတာ့မယ္။ေနာ္ ေမေမ့ သားငယ္ေလး ကိုခန္႔ေရ။" ဆိုၿပီး ႏိုဝင္ဘာ(၈) ရက္ေန႕က ေမထြဋ္ေခါင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထား တာေတြ႕ရပါတယ္။သားေလးက ေမြးဖြားခ်ိန္မွာ (၇.၅)ေပါင္ ရွိိတယ္လို႕ သိရပါတယ္။

တုတ္တုတ္ခဲခဲႀကီးနဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလးကို ပရိသတ္ေတြကလည္း ခ်စ္မဝျဖစ္လို႕ေနပါတယ္။လက္ရွိမွာ သားေလးေရာ မိခင္ေရာ က်န္းက်န္းမာမာရွိေနတယ္လို႕ သိရပါတယ္။ သရုပ္ေဆာင္ ေမထြဋ္ေခါင္က ေဖ့စ္ဘြတ္မွာ သားေလးရဲ႕ ပံုေတြတင္ရင္း သူမနဲ႕ မတူမခ်င္း ေနာက္ထပ္တစ္ေယာက္ထပ္ေမြးဦးမယ္လို႕ ေျပာထားပါေသးတယ္။

Photo : ေမထြဋ္ေခါင္ FB

သားေလးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့တဲ့ ေမထြဋ္ေခါင္ 

သမီးေလး တစ္ေယာက္ရွိေနတဲ့ သူတို႕မိသားစုေလးကို သားေလးတစ္ေယာက္ ထပ္ေရာက္လာၿပီျဖစ္လို႕ ေမထြဋ္ေခါင္တို႕ ဇနီးေမာင္ႏွံဟာ ေပ်ာ္လို႕ေနပါတယ္။သူတုိ႕နဲ႕အတူ ပရိသတ္ေတြေကာ အႏုပညာေမာင္ႏွမေတြ သူငယ္ခ်င္းေတြကပါ ေနာက္ထပ္ ရင္ေသြးေလးအတြက္ ေပ်ာ္ေနၾကပါတယ္။

ေမလ(၂၉)ရက္ေန႕ ၂၀၁၆ခုႏွစ္က ဆီဇာညီညီနဲ႕ ေမထြဋ္ေခါင္ တို႕ရဲ႕ဟာ ႏွစ္ေယာက္တစ္ဘဝ တည္ေထာင္ခဲ့ၾကတာပါ။ သူတို႕ႏွစ္ဦးရဲ႕ ဘဝထဲကို ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလက သမီးေလးတစ္ေယာက္ ဝင္ေရာက္လာခဲ့ပါတယ္။ သမီးေလးနာမည္က ေမနန္းစံလို႕ ေခၚပါတယ္။

Photo : ေမထြဋ္ေခါင္ FB

 

သရုပ္ေဆာင္ ေမထြဋ္ေခါင္ဟာ ၂၀၁၇ခုႏွစ္က က်င္းပျပဳလုပ္တဲ့ အကယ္ဒမီေပးပြဲမွာ  ရင္ဘက္အရမ္းဟိုက္တဲ့ အက်ႌကို ဝတ္ဆင္ခဲ့လို႕ ပရိသတ္ေတြ တစ္ခ်ိဳ႕ရဲ႕ ေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း အက်ႌအဲ့လို ျဖစ္ခဲ့ရျခင္းဟာ သမီးေလး ႏို႕ဆာခ်ိန္တိုင္း ပြဲခင္းထဲမွာ သမီေလးကို ႏို႕တိုက္ခဲ့ရတဲ့ သူမရဲ႕ အျဖစ္ကို ပရိသတ္ေတြ သိရွိသြားၿပီးတဲ့ေနာက္မွာ သူမရဲ႕ မိခင္စိတ္ကို ေလးစားသြားၾကတာ ပရိသတ္ေတြပါးစပ္ဖ်ား ခ်ီးက်ဴးခံခဲ့ရတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs