• Local Celebrity
    ကစ်ကစ်အတွက် ကျောက်ကပ်အလှူရှင် ရှာနေတဲ့ ခင်သဇင်
Sabal Thwin
[Unicode Version]

ခင်သဇင်က အရေးပေါ်ဆေးကုသမှုခံယူနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ အသက်ကို ကယ်တင်ဖို့ ဆုံးဖြတ်ချက်ချ ထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။

45342167_1903510419733799_2645817227202265088_n.jpg

Photo: ခင်သဇင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခင်သဇင်က ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် နှစ်ပတ်တစ်ကြိမ် ကျောက်ကပ်ဆေးပေး နေတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကိုယ်ဖိ ရင်ဖိ ပြုစုပေးနေတာကြောင့် ကျောက်ကပ် ခွဲစိတ်ဖို့အတွက် အလှူရှင် ရှာမယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မကစ်ရဲ့ ရောဂါကို တစ်ခါတည်းပဲ အစားထိုးကုသလိုက်တော့မယ်လို့ သဇင် စဉ်းစားထားတယ်။ အလှူရှင်က ဘီသွေး ဖြစ်ဖို့လိုပါတယ်။ အသက် ၂၅ ကနေ ၄၀ ကြား အမျိုးသမီးကို ဦးစားပေးပါမယ်။ ဘာရောဂါအခံမှ မရှိရပါဘူး။ ဘီပိုး၊ စီပိုးလည်း မရှိရပါဘူး သေချာတယ်ဆိုရင် တော့ Khin Thazin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဆက်သွယ်ပေးပါ'' လို့ ဆိုပါတယ်။

45148791_1901510363267138_1467720552746582016_n.jpg

Photo: ခင်သဇင်ဖေ့စ်ဘွတ်

 

ခင်သဇင်ဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ပြီးတဲ့ အချိန်မှာ ကစ်ကစ်ကို ပြုစုပေးနေတယ်လို့ သိရပါတယ်။ ကစ်ကစ်ရဲ့ အသက်ကိုလည်း ရအောင်ကယ်တင်မယ်လို့ သူက ဆိုပါတယ်။

'' သဇင် ကူညီမယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် သဇင့်ဆုံးဖြတ်ချက်ကို သဇင်မပြင်နိုင်ပါဘူး။ အဲ့ဒီအတွက် ဘယ်လိုပဲ ဖြစ်နေ၊ ဖြစ်နေ မကစ်ရဲ့ အသက်ကို ရအောင်ကယ်သွားမယ်လို့ သဇင်ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့်လည်း စိတ်ရော ကိုယ်ပါ နှစ်ပြီးတော့ လုပ်ပေးနေ တာဖြစ်ပါတယ်'' ဆက်လက်ပြောပြလာပါတယ်။

ကစ်ကစ်ကိုလည်း ဂရုတစိုက်ရှိခဲ့ကြပါတယ်လို့ပြောလာတဲ့ ကြူကြူသင်း 

45414778_1906211196130388_7112667563904991232_n.jpg

Photo: ခင်သဇင်ဖေ့စ်ဘွတ်

 

လက်ရှိမှာ ကစ်ကစ်က ကျောက်ကပ်ဝေဒနာအပြင်၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကို ခံစားနေရသူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မျက်စိပါ မမြင်တော့ဘူးလို့ ခင်သဇင်က ဆက်လက်ပြောပြထားပါသေးတယ်။

'' ပထမဆုံးနေ့မှာတင် မကစ်က အမောဖောက်နေပြီး မျက်ဖြူလန်နေပြီ တကယ့်ကို အရေးပေါ်မှာတင်ထားရတာပေါ့နော်။ အခုလည်း အရေး ပေါ် အခြေအနေမှာရှိပါတယ်။ အခုဆို မကစ်ရဲ့ မျက်လုံးက ဘာမှ မမြင်ရတော့ဘူး။ အစ်မ ဆေးရုံရောက်သွားတဲ့အချိန်မှာ မကစ်က ပြောရှာ တယ် ညီမလေး အစ်မ ဘာမှ မမြင်ရတော့ဘူးတဲ့ဆိုတော့ စိတ်ဓာတ်မကျနဲ့ မကစ် ဒီကျောက်ကပ် အစားထိုးပြီးသွားရင် မျက်လုံးကို ထပ်ကု ကြမယ်လို့ သဇင်အားပေး စကားပြောထားတယ်'' လို့ ဆိုပါတယ်။

45588437_1907531592665015_7412427023848570880_n.jpg

Photo: ခင်သဇင်ဖေ့စ်ဘွတ်

 

ခင်သဇင်ဟာ ကာလာစုံ Lesson ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပြီး '' မိန်းမကြမ်းကြီးများ'' ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

 

[Zawgyi Version]

ခင္သဇင္က အေရးေပၚေဆးကုသမႈခံယူေနရတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ရဲ႕ အသက္ကုိ ကယ္တင္ဖုိ႔ ဆုံးျဖတ္ခ်က္ခ် ထားတယ္လုိ႔ဆုိပါတယ္။ လက္ရွိမွာလည္း သူကုိယ္တုိင္ ျပဳစုေစာင့္ေရွာက္ေပးေနတာကုိ ေတြ႔ရပါတယ္။

Photo: ခင္သဇင္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ ခင္သဇင္က ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္အတြက္ ႏွစ္ပတ္တစ္ႀကိမ္ ေက်ာက္ကပ္ေဆးေပး ေနတယ္လုိ႔ သိရပါတယ္။ သူကုိယ္တုိင္လည္း ကုိယ္ဖိ ရင္ဖိ ျပဳစုေပးေနတာေၾကာင့္ ေက်ာက္ကပ္ ခြဲစိတ္ဖုိ႔အတြက္ အလွဴရွင္ ရွာမယ္လုိ႔ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' မကစ္ရဲ႕ ေရာဂါကုိ တစ္ခါတည္းပဲ အစားထုိးကုသလုိက္ေတာ့မယ္လုိ႔ သဇင္ စဥ္းစားထားတယ္။ အလွဴရွင္က ဘီေသြး ျဖစ္ဖုိ႔လုိပါတယ္။ အသက္ ၂၅ ကေန ၄၀ ၾကား အမ်ဳိးသမီးကုိ ဦးစားေပးပါမယ္။ ဘာေရာဂါအခံမွ မရွိရပါဘူး။ ဘီပုိး၊ စီပုိးလည္း မရွိရပါဘူး ေသခ်ာတယ္ဆုိရင္ ေတာ့ Khin Thazin ဆုိတဲ့ ေဖ့စ္ဘြတ္အေကာင့္ကေန ဆက္သြယ္ေပးပါ'' လုိ႔ ဆုိပါတယ္။

Photo: ခင္သဇင္ေဖ့စ္ဘြတ္

 

ခင္သဇင္ဟာ အႏုပညာအလုပ္ေတြလည္း ေဆာင္ရြက္ေနသူျဖစ္ပါတယ္။ လက္ရွိမွာ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနတာျဖစ္တဲ့အတြက္ ဇာတ္ကားရုိက္ၿပီးတဲ့ အခ်ိန္မွာ ကစ္ကစ္ကုိ ျပဳစုေပးေနတယ္လုိ႔ သိရပါတယ္။ ကစ္ကစ္ရဲ႕ အသက္ကုိလည္း ရေအာင္ကယ္တင္မယ္လုိ႔ သူက ဆုိပါတယ္။

'' သဇင္ ကူညီမယ္လုိ႔ ဆုံးျဖတ္ၿပီးသား ျဖစ္တဲ့အတြက္ေၾကာင့္ သဇင့္ဆုံးျဖတ္ခ်က္ကုိ သဇင္မျပင္ႏုိင္ပါဘူး။ အ့ဲဒီအတြက္ ဘယ္လုိပဲ ျဖစ္ေန၊ ျဖစ္ေန မကစ္ရဲ႕ အသက္ကုိ ရေအာင္ကယ္သြားမယ္လုိ႔ သဇင္ဆုံးျဖတ္ၿပီးသားပါ။ ဒါေၾကာင့္လည္း စိတ္ေရာ ကုိယ္ပါ ႏွစ္ၿပီးေတာ့ လုပ္ေပးေန တာျဖစ္ပါတယ္'' ဆက္လက္ေျပာျပလာပါတယ္။

ကစ္ကစ္ကုိလည္း ဂရုတစုိက္ရွိခဲ့ၾကပါတယ္လုိ႔ေျပာလာတဲ့ ၾကဴၾကဴသင္း 

Photo: ခင္သဇင္ေဖ့စ္ဘြတ္

 

လက္ရွိမွာ ကစ္ကစ္က ေက်ာက္ကပ္ေဝဒနာအျပင္၊ ဆီးခ်ဳိေရာဂါ၊ ႏွလုံးေရာဂါတုိ႔ကုိ ခံစားေနရသူျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မ်က္စိပါ မျမင္ေတာ့ဘူးလုိ႔ ခင္သဇင္က ဆက္လက္ေျပာျပထားပါေသးတယ္။

'' ပထမဆုံးေန႔မွာတင္ မကစ္က အေမာေဖာက္ေနၿပီး မ်က္ျဖဴလန္ေနၿပီ တကယ့္ကုိ အေရးေပၚမွာတင္ထားရတာေပါ့ေနာ္။ အခုလည္း အေရး ေပၚ အေျခအေနမွာရွိပါတယ္။ အခုဆုိ မကစ္ရဲ႔ မ်က္လုံးက ဘာမွ မျမင္ရေတာ့ဘူး။ အစ္မ ေဆးရုံေရာက္သြားတဲ့အခ်ိန္မွာ မကစ္က ေျပာရွာ တယ္ ညီမေလး အစ္မ ဘာမွ မျမင္ရေတာ့ဘူးတ့ဲဆုိေတာ့ စိတ္ဓာတ္မက်နဲ႔ မကစ္ ဒီေက်ာက္ကပ္ အစားထုိးၿပီးသြားရင္ မ်က္လုံးကုိ ထပ္ကု ၾကမယ္လုိ႔ သဇင္အားေပး စကားေျပာထားတယ္'' လုိ႔ ဆုိပါတယ္။

Photo: ခင္သဇင္ေဖ့စ္ဘြတ္

 

ခင္သဇင္ဟာ ကာလာစုံ Lesson ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္အေရွ႕ကုိ ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ တီဗီေၾကာ္ျငာေတြ၊ ရုပ္သံဇာတ္လမ္းတြဲေတြ ရုိက္ကူးထားတာ ေတြ႔ရပါတယ္။ အခုလက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တုိက္ ရုိက္ကူးေနရတာျဖစ္ၿပီး '' မိန္းမၾကမ္းႀကီးမ်ား'' ရုပ္ရွင္ဇာတ္ကားမွာလည္း ပါဝင္ဦးမယ္လုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs