• Local Celebrity
    ကျော်ထူးလာကန်တော့လို့ ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဦးမန်းဝင်း
Ei Ei Myat
[Unicode Version]

တူတစ်ယောက်လို သားတစ်ယောက်လို ချစ်ရတဲ့ သရုပ်ဆောင် ကျော်ထူးက လာပြီး ကန်တော့တာကြောင့် ဦးမန်းဝင်းတစ် ယောက် ဝမ်းသာမျက်ရည်ကျခဲ့တယ်လို့ ဆိုပါတယ်။

45572573_1877550892297938_5489438425897500672_n.jpg

Photo : ဦးမန်းဝင်း FB

 

ဒီနေ့(နိုဝင်ဘာ၈ရက်)မှာ သရုပ်ဆောင် ကျော်ထူးက  လူရွှင်တော် ဦးမန်းဝင်းကို သတိတရနဲ့ သွားကန်တော့ခဲ့တယ်လို့ သိရပါတယ်။ တူတစ်ယောက်လို သားတစ်ယောက်လို ချစ်ရတဲ့ သရုပ်ဆောင် ကျော်ထူးက သူ့ဆီကို လာပြီး ကန်တော့တာကြောင့်ဦးမန်းဝင်းတစ်ယောက် ဝမ်းသာမျက်ရည်ကျခဲ့တယ်လို့ ဆိုပါတယ်။

"တူလို သားလို ညီအစ်ကိုလိုချစ်ရတဲ့ ညီလေးကျော်ထူးက ဒီနေ့ သတိတရနဲ့ လာကန်တော့ တော့ ဝမ်းသာမျက်ရည်ကျမိတယ်။အနုပညာပိုးလဲ ပြန်အသက် ဝင်လာမိတယ်" ဆိုပြီး ဦးမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာ(၈)ရက်နေ့က ရေးသားထားပါတယ်။

45566967_1877551198964574_3394248233814327296_n.jpg

Photo : ဦးမန်းဝင်း FB

 

သရုပ်ဆောင် ကျော်ထူးရောက်လာတာကြောင့် ဦးမန်းဝင်းရဲ့ အနုပညာပိုးတွေလဲ ပြန်ပြီး အသက်ဝင်လာမိတယ်လို့ ပြောထားတာတွေ့ရပါ တယ်။ ဦးမန်းဝင်းအနေနဲ့ ကျောက်ကပ်ဆေးနေရတာ အကြိမ်(၂၅၀)ကျော် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ဒီအချိန်ထိ ကျောက်ထပ်ဆေးဖို့ ကိုလည်း ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောထားတာတွေ့ရပါတယ်။

45565154_1877543085632052_4660793360229859328_n.jpg

Photo : ဦးမန်းဝင်း FB

ဦးမန်းဝင်းအတွက် ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ J-me နဲ့ ယုန်လေး 

"ကျွန်တော်ချစ်ရတဲ့ ပရိသတ်ကြီးခင်ဗျာကျွန်တော် အခု ကျောက်ကပ်ဆေးရတာ အကြိမ်၂၅၀ကျော်ရှိသွားပါပြီ။ ခုလို ကျွန်တော့် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ရာသက်ပန်ကျောက်ကပ်အလှူရှင် နှင့် ဆက်သွယ်ပေးပါသော ကိုလူချောတို့အဖွဲ့မှ အကယ်ဒမီကို အောင်ခိုင်၊ ဟာသသရုပ်ဆောင် ဂွမ်းပုံကြီး၊ မြန်မာ့သြဘာနှင့် ဆက်သွယ်ပေးသော သဘင်အစည်းအရုံးမှ သမီးလေးပတ္တမြားကေခိုင်

စင်္ကာပူနိုင်ငံမှ အလှူရှင် ခုနှစ်ရက်သားသမီးများနှင့် ချိတ်ဆက်ပေးသော lazy clubအဖွဲ့မှ ကိုနိုင်ဇော် တို့အား ကျေးဇူးအထူးပင် တင်ရှိပါသည်။

ကျွန်တော့်ကို ခုလိုကူညီလှူဒါန်းပေးသော ခုနှစ်ရက်သားသမီး ထမင်းရှင် ဟင်းရှင် ပရိသတ်ကြီးအားလုံး ကျန်းမာချမ်းသာလန်းဖြာ၍ မရှိစကား မကြားရလေအောင် ဥစ္စာဓနများပေါကြွယ်ဝပါစေ" ဆိုပြီး ဦးမန်းဝင်းက ဆက်လက်ပြောထားပါတယ်။

31453660_1628398003879896_8587645748093386752_n.jpg

Photo : ဦးမန်းဝင်း FB

 

ဦးမန်းဝင်းဟာ ကျာက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေး နေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။

[Zawgyi Version]

တူတစ္ေယာက္လို သားတစ္ေယာက္လို ခ်စ္ရတဲ့ သရုပ္ေဆာင္ ေက်ာ္ထူးက လာၿပီး ကန္ေတာ့တာေၾကာင့္ ဦးမန္းဝင္းတစ္ ေယာက္ ဝမ္းသာမ်က္ရည္က်ခဲ့တယ္လို႕ ဆုိပါတယ္။

Photo : ဦးမန္းဝင္း FB

 

ဒီေန႕(ႏိုဝင္ဘာ၈ရက္)မွာ သရုပ္ေဆာင္ ေက်ာ္ထူးက  လူရႊင္ေတာ္ ဦးမန္းဝင္းကို သတိတရနဲ႕ သြားကန္ေတာ့ခဲ့တယ္လို႕ သိရပါတယ္။ တူတစ္ေယာက္လို သားတစ္ေယာက္လို ခ်စ္ရတဲ့ သရုပ္ေဆာင္ ေက်ာ္ထူးက သူ႕ဆီကို လာၿပီး ကန္ေတာ့တာေၾကာင့္ဦးမန္းဝင္းတစ္ေယာက္ ဝမ္းသာမ်က္ရည္က်ခဲ့တယ္လို႕ ဆုိပါတယ္။

"တူလို သားလို ညီအစ္ကိုလို​ခ်စ္​ရတဲ့ ညီ​ေလး​ေက်ာ္​ထူးက ဒီ​ေန႔ သတိတရနဲ႔ လာကန္​​ေတာ့​ ​ေတာ့ ၀မ္​းသာမ်က္​ရည္​က်မိတယ္​။အႏုပညာပိုးလဲ ျပန္​အသက္ ​၀င္​လာမိတယ္​" ဆိုၿပီး ဦးမန္းဝင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ႏိုဝင္ဘာ(၈)ရက္ေန႕က ေရးသားထားပါတယ္။

Photo : ဦးမန္းဝင္း FB

 

သရုပ္ေဆာင္ ေက်ာ္ထူးေရာက္လာတာေၾကာင့္ ဦးမန္းဝင္းရဲ႕ အႏုပညာပိုးေတြလဲ ျပန္ၿပီး အသက္ဝင္လာမိတယ္လို႕ ေျပာထားတာေတြ႕ရပါ တယ္။ ဦးမန္းဝင္းအေနနဲ႕ ေက်ာက္ကပ္ေဆးေနရတာ အႀကိမ္(၂၅၀)ေက်ာ္ ရွိသြားၿပီလို႕ သိရပါတယ္။ ဒီေန႕ဒီအခ်ိန္ထိ ေက်ာက္ထပ္ေဆးဖို႕ ကိုလည္း ကူညီခဲ့သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာထားတာေတြ႕ရပါတယ္။

Photo : ဦးမန္းဝင္း FB

ဦးမန္းဝင္းအတြက္ က်န္းမာေရးေထာက္ပံ့ေငြလွဴခဲ့တဲ့ J-me နဲ႔ ယုန္ေလး 

"ကၽြန္ေတာ္​ခ်စ္​ရတဲ့ ပရိသတ္​ႀကီးခင္​ဗ်ာကၽြန္ေတာ္ အခု ​ေက်ာက္​ကပ္​​ေဆးရတာ အႀကိမ္​၂၅၀​ေက်ာ္​႐ွိသြားပါၿပီ။ ခုလို ကၽြန္ေတာ့္ မိသားစုနဲ႔ ​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​ ​ေနထိုင္​ႏိုင္​​ေအာင္​ ​ရာသက္ပန္​​ေက်ာက္​ကပ္​အလွဴ႐ွင္​ ႏွင္​့ ဆက္​သြယ္​​ေပး​ပါ​ေသာ ကိုလူ​ေခ်ာတို႔အဖြဲ႔မွ အကယ္​ဒမီကို ​ေအာင္​ခိုင္​၊ ဟာသသ႐ုပ္​​ေဆာင္​ ဂြမ္​းပံုႀကီး၊ ျမန္​မာ့ျသဘာႏွင္​့ ဆက္​သြယ္​​ေပး​ေသာ သဘင္​အစည္​းအရံုးမွ သမီး​​ေလးပတၱျမား​ေကခိုင္​

စကၤာပူႏိုင္​ငံမွ အလွဴ႐ွင္​ ခုႏွစ္​ရက္​သားသမီးမ်ားႏွင္​့ ခ်ိတ္​ဆက္​​ေပး​ေသာ lazy clubအဖြဲ႔မွ ကိုႏိုင္​​ေဇာ္​ တို႔အား ​ေက်းဇူးအထူးပင္​ တင္​႐ွိပါသည္​။

ကၽြန္ေတာ့္ကို ခုလိုကူညီ​လွဴဒါန္​း​ေပး​ေသာ ခုႏွစ္​ရက္​သားသမီး ထမင္​း႐ွင္​ ဟင္​း႐ွင္​ ပရိသတ္​ႀကီးအားလံုး က်န္​းမာခ်မ္​းသာလန္​းျဖာ၍ မ႐ွိစကား မၾကားရ​ေလ​ေအာင္​ ဥစၥာဓနမ်ား​ေပါႂကြယ္​၀ပါ​ေစ" ဆိုၿပီး ဦးမန္းဝင္းက ဆက္လက္ေျပာထားပါတယ္။

Photo : ဦးမန္းဝင္း FB

 

ဦးမန္းဝင္းဟာ က်ာက္ကပ္ေဝဒနာခံစားေနရတာ ႏွစ္နဲ႔ခ်ီရွိေနပါၿပီ။ အဆုတ္အားနည္းတဲ့အတြက္ ေအာက္ဆီဂ်င္က အျမဲအျမတ္ေပး ေနရၿပီး ေက်ာက္ကပ္လည္း ႏွစ္ရက္တစ္ႀကိမ္ ေဆးေနရကာ ေန႔တုိင္းလိုလို ေဆးခန္းျပေနရတာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs