• Local Celebrity
    ရွှေထူးကို ဝေဖန်လိုက်တဲ့ ရွှေမှုံရတီ
Ei Ei Myat
[Unicode Version]

မကြာခင်မှာ ချစ်သူရွှေထူးနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့မယ့် ရွှေမှုံရတီက ရွှေထူးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။

45238691_759997077726063_8259313764810096640_n.jpg

Photo : ရွှေမှုံရတီ FB

 

မကြာခင်မှာ ချစ်သူရွှေထူးနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့မယ့် ရွှေမှုံရတီက ရွှေထူးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ ရွှေထူးဟာ မင်္ဂလာပွဲမကျင်းပခင်မှာ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်တင်ပေးမယ်လို့ ပြောထားတဲ့အတိုင်း ပြီးခဲ့တဲ့ မိနစ်ပိုင်းက ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ သီချင်းအသစ်တစ်ပုဒ် တင်ပေးခဲ့ပါတယ်။

အဲ့ဒီသီချင်းနာမည်က "မင်းစိတ်နဲ့" လို့ နာမည်ပေးထားတာပါ။ ရွှေမှုံက အဲ့ဒီ သီချင်းနဲ့ ပတ်သက်ပြီး ရွှေထူးကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Capture.JPG

Photo : ရွှေမှုံရတီ FB

 

ရွှေထူးရဲ့ Music Video ကို သူမအကောင့်မှာ ပြန်ရှဲရင်းနဲ့ ယခုလို ပြောလိုက်တာပါ။ "ဝေဖန် ရမယ်ဆို ရင်တော့ဖြင့်ယောကျာ်း သီချင်းတွေ ကိုကြိုက်တယ်" ဆိုပြီး နိုဝင်ဘာ(၈)ရက်နေ့က ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ ရွှေထူးက သူ့သီချင်းနဲ့ ပတ်သက်ပြီး ချစ်သူကို ကျေးဇူးတင်စကားပြောထားပါသေးတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ စေ့စပ်ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် နိုဝင်ဘာ(၁၁) ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။

3 (1).jpg

Photo : ရွှေမှုံရတီ FB

 

သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော  အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော  အားလုံး အံ့သြသွားကြပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးဟာ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် အလုပ်တွေ ရှုပ်နေကြပါတယ်။ရွှေထူးနဲ့ ရွှေမှုံတို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပသွားမှာပါ။

45266921-10210984358205527-2440657132077449216-n.jpg

Photo : ရွှေမှုံရတီ FB

မင်္ဂလာပွဲ မကျင်းပခင် နိုဝင်ဘာ(၉) ရက်နေ့မှာလည်း မှော်ဘီမြို့နယ်၊အောင်ဇဗ္ဗူတောရကျောင်းတွင် မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

45340707_759997614392676_5366863233250492416_n.jpg

Photo : ရွှေမှုံရတီ FB

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

[Zawgyi Version]


Photo : ရွှေမှုံရတီ FB

 



Photo : ရွှေမှုံရတီ FB

 



Photo : ရွှေမှုံရတီ FB

 


Photo : ရွှေမှုံရတီ FB



Photo : ရွှေမှုံရတီ FB

 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs