• Local Celebrity
    သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုလိုက်တဲ့ မျိုးစန္ဒီကျော်
Sabal Thwin
[Unicode Version]

မျိုးစန္ဒီကျော်ရဲ့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) ဂျူဝယ်လ် လေးက ဒီနေ့မှာ အသက် ၄ နှစ်ပြည့်ပါ ပြီ။ ဂျူဝယ်လ် လေး က တော့ လက်ရှိမှာ ILBC pre school  ကျောင်းမှာ တက်ရောက် ပညာသင်ကြား နေတာပါ။

45632924_666413577089577_7530794411265884160_n.jpg

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ တစ်ဦးတည်းသော သမီးချောလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) ဂျူဝယ်လ်လေးကတော့ (နိုဝင်ဘာလ ၉ )ရက်နေ့ မှာပဲ အသက် ၄ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သမီးလေးကိုလည်း အသိပညာ အတတ်ပညာနဲ့ ပြည့်စုံတဲ့ မိန်းကလေး ဖြစ်စေချင်တဲ့ မျိုးစန္ဒီကျော်ရဲ့ မွေးနေ့ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါတယ်။

'' 9.11.2018 အိမ်စည်မြင့်မိုရ်ကျော် @ Jewel  Happy Birthday ပါ။ မေ့သမီးလေးရေ သမီးလေးရဲ့(၄)နှစ်ပြည့်မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ အသိဉာဏ်ပညာနဲ့ ယှဉ်၍ အရာရာကိုရဲရဲဝင့်ဝင့် ပိုင်းခြား ဆုံးဖြတ်နိုင်သော ကိုယ့်အားကိုယ်ကိုးပြီး ထက်မြတ်လိမ္မာသော ကျေးဇူးတရားကိုသိတတ်ပြီး လူအများကချစ်ခင်လေးစားရတဲ့ ပညာတတ် ကြီးဖြစ်ပါစေနော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

45611460_666376763759925_1056819846127288320_n.jpg

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

မျိုးစန္ဒီကျော်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သမီးလေး jewel ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဂျူဝယ်လ် လေး က တော့ လက်ရှိမှာ ILBC pre school  ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတာပါ။ သမီးလေးကို ပါးစပ်ကနေ ချစ်တယ်လို့ ထုတ် မ ပြော တတ်တဲ့ အကြောင်းတွေကိုလည်း နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၂ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားခဲ့တာပါ။

 

''ကျွန်မကပါးစပ်ကနေသမီးကိုချစ်တယ်ချစ်တယ်နဲ့ပြောမနေဘူး ။ ပါးစပ်ကချစ်တယ်ပြောရတာတော့အရမ်းလွယ်တာနော် ။ ပါးစပ်ကပြော လိုက် ဖေ့စ်ဘုတ်ပေါ်တက်ရေးလိုက်နဲ့ဟုတ်နေတာပဲ ။ကျွန်မကအလုပ်နဲ့ပဲသက်သေပြတယ်။ အခုကျွန်မအလုပ်လုပ်နေတာ တွေက သမီး အတွက် ချည်းပဲ ။ ကျွန်မရဲ့စိတ်နေသဘောထားနဲ့ ကျွန်မအကြောင်းကိုကျွန်မရဲ့အနီးနားမှာရှိတဲ့သူတွေအကုန်သိတယ် ။ ကျွန်မ အကြောင်း သေချာမသိတဲ့သူတွေကိုသိအောင်ပြောပြတာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်။

45611458_666413597089575_4499367048769437696_n.jpg

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

အလုပ်လုပ်နေတာမှန်သမျှက သမီးလေးအတွက်ပါပဲဆိုတဲ့ မျိုးစန္ဒီကျော် 

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ အခုတော့ သူမဟာ သမီးလေးနဲ့ မိသားစုအတွက် အရင်ကထက် အလုပ်တွေ ပိုပြိး ကြိုးစားတော့မယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

45620661_666376840426584_6748509222591266816_n.jpg

Photo: မျိုးစန္ဒီကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ လက်ရှိမှာတော့ မိခင်တစ်ယောက်တည်း အင်အားနဲ့ ပညာသင်ရမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးလေး ရဲ့ ပညာရေးအတွက် ကျောင်းထားပေးနေရပြီလို့ဆိုပါတယ်။ သူမအနေနဲ့ လုပ်သမျှ အရာရာတိုင်းဟာ သမီးလေး အတွက်ပဲ ဖြစ်တယ် ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။

[Zawgyi Version]

မ်ဳိးစႏၵီေက်ာ္ရဲ႕ ခ်စ္စရာေကာင္းတဲ့ တစ္ဦးတည္းေသာ သမီးေလး အိမ္စည္ျမင့္မုိရ္ေက်ာ္(ခ) ဂ်ဴဝယ္လ္ ေလးက ဒီေန႔မွာ အသက္ ၄ ႏွစ္ျပည့္ပါ ၿပီ။ ဂ်ဴဝယ္လ္ ေလး က ေတာ့ လက္ရွိမွာ ILBC pre school  ေက်ာင္းမွာ တက္ေရာက္ ပညာသင္ၾကား ေနတာပါ။

Photo: မ်ဳိးစႏၵီေက်ာ္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ မ်ဳိးစႏၵီေက်ာ္ရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလး အိမ္စည္ျမင့္မုိရ္ေက်ာ္(ခ) ဂ်ဴဝယ္လ္ေလးကေတာ့ (ႏုိဝင္ဘာလ ၉ )ရက္ေန႔ မွာပဲ အသက္ ၄ ႏွစ္ျပည့္သြားၿပီလုိ႔ သိရပါတယ္။ သမီးေလးကုိလည္း အသိပညာ အတတ္ပညာနဲ႔ ျပည့္စုံတဲ့ မိန္းကေလး ျဖစ္ေစခ်င္တဲ့ မ်ဳိးစႏၵီေက်ာ္ရဲ႕ ေမြးေန႔ဆုေတာင္းစကားကုိလည္း အခုလုိေျပာျပထားပါတယ္။

'' 9.11.2018 အိမ္စည္ျမင့္မိုရ္ေက်ာ္ @ Jewel  Happy Birthday ပါ။ ေမ့သမီးေလးေရ သမီးေလးရဲ႕(၄)ႏွစ္ျပည့္ေမြးေန႔မွစၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာနဲ႔ ဘဝတစ္ေလွ်ာက္လံုး ေအးခ်မ္းေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ပါေစ။ အသိဉာဏ္ပညာနဲ႔ ယွဥ္၍ အရာရာကိုရဲရဲဝင့္ဝင့္ ပိုင္းျခား ဆံုးျဖတ္ႏိုင္ေသာ ကိုယ့္အားကိုယ္ကိုးၿပီး ထက္ျမတ္လိမၼာေသာ ေက်းဇူးတရားကိုသိတတ္ၿပီး လူအမ်ားကခ်စ္ခင္ေလးစားရတဲ့ ပညာတတ္ ႀကီးျဖစ္ပါေစေနာ္'' ဆုိၿပီးေတာ့ ႏုိဝင္ဘာလ ၈ ရက္ေန႔ည ၁၀ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: မ်ဳိးစႏၵီေက်ာ္ေဖ့စ္ဘြတ္

 

မ်ဳိးစႏၵီေက်ာ္မွာေတာ့ အရမ္းကုိ ခ်စ္စရာေကာင္းၿပီး အရမ္းလိမၼာတဲ့ သမီးေလး jewel ကုိ ပုိင္ဆုိင္ထားတာျဖစ္ပါတယ္။ ဂ်ဴဝယ္လ္ ေလး က ေတာ့ လက္ရွိမွာ ILBC pre school  ေက်ာင္းမွာ တက္ေရာက္ပညာသင္ၾကားေနတာပါ။ သမီးေလးကုိ ပါးစပ္ကေန ခ်စ္တယ္လုိ႔ ထုတ္ မ ေျပာ တတ္တဲ့ အေၾကာင္းေတြကုိလည္း ႏိုဝင္ဘာလ ၇ ရက္ေန႔ ည ၁၂ နာရီ ၁၂ မိနစ္က သူ႔ရဲ႕ ေဖ့ဘြတ္မွာ ေရးသားခဲ့တာပါ။

 

''ကၽြန္မကပါးစပ္ကေနသမီးကိုခ်စ္တယ္ခ်စ္တယ္နဲ႔ေျပာမေနဘူး ။ ပါးစပ္ကခ်စ္တယ္ေျပာရတာေတာ့အရမ္းလြယ္တာေနာ္ ။ ပါးစပ္ကေျပာ လိုက္ ေဖ့စ္ဘုတ္ေပၚတက္ေရးလိုက္နဲ႔ဟုတ္ေနတာပဲ ။ကၽြန္မကအလုပ္နဲ႔ပဲသက္ေသျပတယ္။ အခုကၽြန္မအလုပ္လုပ္ေနတာ ေတြက သမီး အတြက္ ခ်ည္းပဲ ။ ကၽြန္မရဲ႕စိတ္ေနသေဘာထားနဲ႔ ကၽြန္မအေၾကာင္းကိုကၽြန္မရဲ႕အနီးနားမွာရွိတဲ့သူေတြအကုန္သိတယ္ ။ ကၽြန္မ အေၾကာင္း ေသခ်ာမသိတဲ့သူေတြကိုသိေအာင္ေျပာျပတာပါ'' လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

Photo: မ်ဳိးစႏၵီေက်ာ္ေဖ့စ္ဘြတ္

အလုပ္လုပ္ေနတာမွန္သမွ်က သမီးေလးအတြက္ပါပဲဆုိတဲ့ မ်ိဳးစႏၵီေက်ာ္ 

ဇာတ္ကားမရိုက္တာ ေလးနွစ္ေက်ာ္ ငါးနွစ္ေလာက္ ရွိေနၿပီျဖစ္တဲ့ သရုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ကို မၾကာခင္ TV ဖန္သားျပင္ထက္မွာ ျပန္လည္ ျမင္ေတြ႕ရေတာ့မွာပါ။ တစ္ေခတ္တခါက ေအာင္ျမင္ခဲ့တဲ့သူမဟာ အိမ္ေထာင္က်သြားၿပီးေနာက္ အႏုပညာအလုပ္ေတြနဲ႕ ေဝးကြာခဲ့ရတာပါ။ အခုေတာ့ သူမဟာ သမီးေလးနဲ႕ မိသားစုအတြက္ အရင္ကထက္ အလုပ္ေတြ ပိုၿပိး ႀကိဳးစားေတာ့မယ္ဆိုၿပီး ေျပာထားတာေတြ႕ရပါတယ္။

Photo: မ်ဳိးစႏၵီေက်ာ္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ မ်ဳိးစႏၵီေက်ာ္ဟာ လက္ရွိမွာေတာ့ မိခင္တစ္ေယာက္တည္း အင္အားနဲ႔ ပညာသင္ရမယ့္ အရြယ္ေရာက္ေနၿပီျဖစ္တဲ့ သမီးေလး ရဲ႕ ပညာေရးအတြက္ ေက်ာင္းထားေပးေနရၿပီလုိ႔ဆုိပါတယ္။ သူမအေနနဲ႔ လုပ္သမွ် အရာရာတုိင္းဟာ သမီးေလး အတြက္ပဲ ျဖစ္တယ္ ဆုိတာကုိ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ရင္ဖြင့္ေျပာျပခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs