• Local Celebrity
    ဆရာဖြစ်သူကို မမေ့မလျော့ သွားကန်တော့ခဲ့ကြတဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ
Ei Ei Myat
[Unicode Version]
သရုပ်ဆောင် ပြေတီဦးတို့ ဇနီးမောင်နှံက ဒါရိုက်တာ မိုုက်တီး၊ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်ကို နိုဝင်ဘာ(၈) ရက်နေ့က သွားကန်တော့ခဲ့ကြပါတယ်။
45622101_610132272738564_1359351698870501376_n.jpg
Photo : ချစ်ချစ်ဇော် FB
သရုပ်ဆောင် ပြေတီဦးတို့ ဇနီးမောင်နှံက ဒါရိုက်တာ မိုုက်တီး၊ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်ကို နိုဝင်ဘာ(၈) ရက်နေ့က သွားကန်တော့ခဲ့ကြပါတယ်။ပြေတီဦးတို့ ဇနီးမောင်နှံဟာ ဦးဏှောက်ကျုံ့ပြီး အသိစိတ်လေးတွေ ပျောက်ကွယ်နေတဲ့ ဆရာသမားဆီကို နှစ်စဉ်နှစ်တိုင်း မမေ့မလျော့ ကန်တော့ခဲ့ကြတာ ဖြစ်ပါတယ်။
ပြေတီဦးတို့ ဇနီးမောင်နှံရဲ့ သိတတ်မှုကြောင့် ဒါရိုက်တာ ဦးခင်ဇော်တို့မိသားစုလည်း ဝမ်းသာလို့နေပါတယ်။
45634836_610132229405235_6448790582016868352_n.jpg
Photo : ချစ်ချစ်ဇော် FB
"ဦးဏှောက်ကျုံ့လို့''အသိစိတ်ကလေးတွေကွယ်ပျောက်သွားပြီ'' ဆိုပေမယ့် နှစ်စဉ်မပျက် သူ့တပည့်ရဲ့ ဂါရဝကိုတော့ အဖေ့ရင်ထဲမှာ အသိအမှတ်ပြုပြီးဖြစ်နေမှာပါ။ အဖိုးနဲ့အဖွားအပေါ်မမေ့မလျော့ သိတတ်မှု့အတွက် ကျေးဇူးပါတီတီ ကျေးဇူးပါညီမလေးအူဝဲ" ဆိုပြီး နိုဝင်ဘာ(၈) ရက်နေ့က ချစ်ချစ်ဇော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ဒါရိုက်တာ ဦးခင်ဇော်ဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့  ဒါရိုက်တာ မိုက်တီး ၊သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်  တို့ရဲ့ ဖခင်ကြီး ဖြစ်ပါတယ်။ လက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် အိမ်ယာထဲ လဲနေတယ်လို့ သိရပါတယ်။
2ebe29f7111e9f536a4a28e18aa2f63a7579839a.jpg
Photo : ချစ်ချစ်ဇော် FB
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ဆရာသမားအပေါ် ကျေးဇူးသိတတ်မှုကြောင့် ပရိသတ်တွေလည်း လေးစားနေကြပါတယ်။
ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ဦးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ကိုယ်စီ ရရှိထားကြတဲ့ အနုပညာရှင် နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။
26167421_426905321062254_5155015514248630470_n.jpg
Photo : ပြေတီဦး FB
ပညာရေးထောက်ပံ့ကြေးအတွက် လျှောက်ထားသူတွေကို စိစစ်နေတဲ့ ပြေတီဦး 
ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။
အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။
45151859-763712817311178-3158616037214126080-n.jpg
Photo : ပြေတီဦး FB
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။
[Zawgyi Version]
သရုပ်ဆောင် ပြေတီဦးတို့ ဇနီးမောင်နှံက ဒါရိုက်တာ မိုက်တီး၊ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်ကို နိုဝင်ဘာ(၈) ရက်နေ့က သွားကန်တော့ခဲ့ကြပါတယ်။
Photo : ချစ်ချစ်ဇော် FB
Photo : ချစ်ချစ်ဇော် FB
Photo : ချစ်ချစ်ဇော် FB
Photo : ပြေတီဦး FB
Photo : ပြေတီဦး FB
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs