• Local Celebrity
    စည်သူလွင်ရဲ့ ဖျော်ဖြေပွဲကို အားပေးဖို့အသင့်ဖြစ်နေတဲ့ လင်းလင်း
Sabal Thwin
[Unicode Version]

လင်းလင်းတစ်ယောက် အဆိုတော်မဖြစ်ခင်ကတည်းက အားပေးခဲ့ရတဲ့ စည်သူလွင်ရဲ့ One Man Show ကို အားပေးဖို့ အသင့် ဖြစ်လို့နေပါပြီ။ စည်သူလွင်ကို အားပေးခဲ့ရပုံတွေကိုလည်း အမှတ်တရ ပြောပြထားပါတယ်။

45727176_1181521248663527_8096700745295855616_n.jpg

Photo: လင်းလင်းဖေ့စ်ဘွတ်

 

အဆိုတော် လင်းလင်းကတော့ ငယ်ငယ်ကတည်းက လေးစားခဲ့ရတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ စည်သူလွင် ကို  အားပေးဖြစ်ခဲ့ ပုံတွေပြောပြ လာပါတယ်။ အားကျ အတုယူရတဲ့ အဆိုတော်ကြီးတွေမှာ စည်သူလွင်လည်း မပါမဖြစ်ပါဘူး ဆိုတဲ့ အကြောင်းကို ပြောပြထားတာ တွေ့ရပါတယ်။

'' စည်သူလွင် ကျွန်တော်ကတော့ အန်ကယ်စည်သူ လို့ခေါ်တယ်။ ရွေ့လျားနေတဲ့ ခေတ်ရဲ့တောင်းဆိုမှုကြောင့် ကျွန်တော်တို့ ပေါ်ပေါက် လာတယ်။ ကျွန်တော်တို့ပေါ်ပေါက်လာရခြင်းမှာလဲ စစ်မှန်တဲ့ ဂီတသမားကောင်းကြီးများစွာကို အားကျအတုယူခဲ့တာကိုး။ အဲဒီ ဂုရုကြီး တွေထဲမှာလဲ ဒီလူကြီးကမပါမဖြစ်ပေါ့'' လို့ ဆိုပါတယ်။

31959899-1020779231404397-2979714672057384960-n.jpg

Photo: လင်းလင်းဖေ့စ်ဘွတ်

 

လင်းလင်းဟာ အဆိုတော် တစ်ယောက်မဖြစ်ခင်ကတည်းက စည်သူလွင်ရဲ့ သီချင်းတွေကို အားပေးခဲ့သူပါလို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် စည်သူလွင်ရဲ့ One Man Show ကိုလည်း ဇနီးဖြစ်သူ ချစ်သုဝေနဲ့ နှစ်ယောက်တည်း သွားကဲမယ် ဆိုတာကို နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

''သီချင်းသုံးလေးပုဒ်ဆို အသံတွေဝင် ပရိသတ်ထဲမိုက်ထိုးပေးတဲ့ ကောင်တွေမြင်ရင် စင်ပေါ်တက်ပြီး ငယ်ထိပ်ကိုဖနောက်နဲ့ ကန်ချင်တဲ့ စိတ်တွေပေါ်တာကလဲ ဒီလိုလူကြီးတွေကို ကိုယ်က ကြိုက်ခဲ့မိတာကိုး။ အန်ကယ်စည်သူရဲ့ရှိုးပွဲ လက်မှတ်ဝယ်မယ်။ ခေတ်နဲ့သစ်မပါ ပျော်စရာ အစီအစဉ်အဖြစ် အမွှာမေမေနဲ့ နှစ်ယောက်ထဲသွားကဲမယ်ဟေ့'' လို့ ဆက်လက်ပြောပြထားပါတယ်။

44243227_1166469030168749_6190630367121113088_n.jpg

Photo: လင်းလင်းဖေ့စ်ဘွတ်

ချစ်သုဝေ ဆိုးတဲ့အချက်က ကိုယ်သဘောကျတဲ့အချက်တွေပါဆိုတဲ့ လင်းလင်း 

အဆိုတော် လင်းလင်းရဲ့ (၅)ခွေမြောက် တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေလက်ထဲ အ ရောက်ပို့ပေးနိုင်တော့မှာလို့ ဆိုပါတယ်။သူကိုယ်တိုင် ဦးဆောင်ပြီး ဂီတအတွက် အားစိုက်ထုတ်ထားတဲ့ လင်းလင်းရဲ့ တစ်ကိုယ်တေ်ာအခွေကို "ပထမ"လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

40034266-1129807247168261-5262580667094401024-n.jpg

Photo: လင်းလင်းဖေ့စ်ဘွတ်

 

လင်းလင်းဟာ ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လင်းလင်း ကတော့ အဆိုတော်ချစ်သုဝေရဲ့ ခင်ပွန်း၊ ပရိသတ်တွေရဲ့ အချစ်တွေအများကြီး ကိုပိုင်ဆိုင် ထားတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာ သစ် တို့ရဲ့ ဖေဖေ ဖြစ်ပါတယ်။

[Zawgyi Version]

လင္းလင္းတစ္ေယာက္ အဆုိေတာ္မျဖစ္ခင္ကတည္းက အားေပးခဲ့ရတဲ့ စည္သူလြင္ရဲ႕ One Man Show ကုိ အားေပးဖုိ႔ အသင့္ ျဖစ္လုိ႔ေနပါၿပီ။ စည္သူလြင္ကုိ အားေပးခဲ့ရပုံေတြကုိလည္း အမွတ္တရ ေျပာျပထားပါတယ္။

Photo: လင္းလင္းေဖ့စ္ဘြတ္

 

အဆုိေတာ္ လင္းလင္းကေတာ့ ငယ္ငယ္ကတည္းက ေလးစားခဲ့ရတဲ့ အဆုိေတာ္ တစ္ဦးျဖစ္တဲ့ စည္သူလြင္ ကုိ  အားေပးျဖစ္ခဲ့ ပုံေတြေျပာျပ လာပါတယ္။ အားက် အတုယူရတဲ့ အဆုိေတာ္ႀကီးေတြမွာ စည္သူလြင္လည္း မပါမျဖစ္ပါဘူး ဆုိတဲ့ အေၾကာင္းကုိ ေျပာျပထားတာ ေတြ႔ရပါတယ္။

'' စည္သူလြင္ ကၽြန္ေတာ္ကေတာ့ အန္ကယ္စည္သူ လို႔ေခၚတယ္။ ေရြ႕လ်ားေနတဲ့ ေခတ္ရဲ႕ေတာင္းဆိုမႈေၾကာင့္ ကၽြန္ေတာ္တို႔ ေပၚေပါက္ လာတယ္။ ကၽြန္ေတာ္တို႔ေပၚေပါက္လာရျခင္းမွာလဲ စစ္မွန္တဲ့ ဂီတသမားေကာင္းႀကီးမ်ားစြာကို အားက်အတုယူခဲ့တာကိုး။ အဲဒီ ဂု႐ုႀကီး ေတြထဲမွာလဲ ဒီလူႀကီးကမပါမျဖစ္ေပါ့'' လုိ႔ ဆုိပါတယ္။

Photo: လင္းလင္းေဖ့စ္ဘြတ္

 

လင္းလင္းဟာ အဆုိေတာ္ တစ္ေယာက္မျဖစ္ခင္ကတည္းက စည္သူလြင္ရဲ႕ သီခ်င္းေတြကုိ အားေပးခဲ့သူပါလုိ႔ ဆုိပါတယ္။ ႏိုဝင္ဘာလ ၁၀ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ စည္သူလြင္ရဲ႕ One Man Show ကုိလည္း ဇနီးျဖစ္သူ ခ်စ္သုေဝနဲ႔ ႏွစ္ေယာက္တည္း သြားကဲမယ္ ဆုိတာကုိ ႏုိဝင္ဘာလ ၉ ရက္ေန႔ ေန႔လည္ ၁၂ နာရီ ၅၅ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာေရးသားခဲ့တာျဖစ္ပါတယ္။

''သီခ်င္းသံုးေလးပုဒ္ဆို အသံေတြဝင္ ပရိသတ္ထဲမိုက္ထိုးေပးတဲ့ ေကာင္ေတြျမင္ရင္ စင္ေပၚတက္ၿပီး ငယ္ထိပ္ကိုဖေနာက္နဲ႔ ကန္ခ်င္တဲ့ စိတ္ေတြေပၚတာကလဲ ဒီလိုလူႀကီးေတြကို ကိုယ္က ႀကိဳက္ခဲ့မိတာကိုး။ အန္ကယ္စည္သူရဲ႕႐ွိဳးပြဲ လက္မွတ္ဝယ္မယ္။ ေခတ္နဲ႔သစ္မပါ ေပ်ာ္စရာ အစီအစဥ္အျဖစ္ အမႊာေမေမနဲ႔ ႏွစ္ေယာက္ထဲသြားကဲမယ္ေဟ့'' လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

Photo: လင္းလင္းေဖ့စ္ဘြတ္

ခ်စ္သုေဝ ဆုိးတဲ့အခ်က္က ကုိယ္သေဘာက်တဲ့အခ်က္ေတြပါဆုိတဲ့ လင္းလင္း 

အဆိုေတာ္ လင္းလင္းရဲ႕ (၅)ေခြေျမာက္ တစ္ကိုယ္ေတာ္အေခြကို မၾကာခင္ ပရိသတ္ေတြလက္ထဲ အ ေရာက္ပို႕ေပးႏိုင္ေတာ့မွာလို႕ ဆုိပါတယ္။သူကုိယ္တုိင္ ဦးေဆာင္ၿပီး ဂီတအတြက္ အားစိုက္ထုတ္ထားတဲ့ လင္းလင္းရဲ႕ တစ္ကုိယ္ေတ္ာအေခြကို "ပထမ"လို႕ နာမည္ေပးထားတယ္လုိ႔ ဆုိပါတယ္။

Photo: လင္းလင္းေဖ့စ္ဘြတ္

 

လင္းလင္းဟာ ဂီတေလာကမွာ တစ္ကိုယ္ေတာ္ပြဲေတြနဲ႕ ေအာင္ျမင္မႈ ရရွိထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ လင္းလင္း ကေတာ့ အဆုိေတာ္ခ်စ္သုေဝရဲ႕ ခင္ပြန္း၊ ပရိသတ္ေတြရဲ႕ အခ်စ္ေတြအမ်ားႀကီး ကုိပုိင္ဆုိင္ ထားတဲ့ ေမျမန္မာေခတ္ နဲ႔ ေမျမန္မာ သစ္ တုိ႔ရဲ႕ ေဖေဖ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs