အသက်(၂၈)နှစ်ပြည့် မွေးနေ့ပါ။

မွေးနေ့မှာ  We Love AMK မိသားစုတွေနဲ့ ရှုတင်အဖွဲ့သားတွေရဲ့ မွေးနေ့ Surprise ကြောင့်အောင်မင်းခန့်တစ်ယာက် ပျော်ရွှင်ခဲ့ရတယ်တဲ့။

Photo : အောင်မင်းခန့် FB

 

နိုဝင်ဘာ၂၅ရက်နေ့က သရုပ်ဆောင် အောင်မင်းခန့်ရဲ့ မွေးနေ့ပါ။ ဒီနှစ်မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့က မွေးနေ့၊ မွေးရက် တိုက်ဆိုင် တဲ့ လဖြစ်ပြီး ထူးခြားတဲ့မွေးနေ့လေး ဖြစ်တယ်လို့ အောင်မင်းခန့်က ဆိုပါတယ်။ မွေးနေ့မှာ  We Love AMK မိသားစုတွေနဲ့ ရှုတင် အဖွဲ့ သားတွေရဲ့ မွေးနေ့ Surprise ကြောင့်အောင်မင်းခန့်တစ်ယာက် ပျော်ရွှင်ခဲ့ရတယ်တဲ့။

Photo : အောင်မင်းခန့် FB

 

"ဒီနှစ်မွေးနေ့က ကျွန်တော်အတွက် နေ့လရက် အကုန်တိုက်တဲ့ထူးခြားတဲ့မွေးနေ့လေးပါ။ကျွန်တော်အတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ လေးစားချစ်ခင်ရတဲ့ လူကြီးသူမများ လုပ်ဖေါ်ကိုင်ဘက်များ ညီကိုပေါင်းသင်းများ အရမ်းကိုချစ်ရသော ပရိသတ်များ  We love AMK မိသားစုများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ဗျာ Shooting မှာ BD surprise လုပ်ပေးတဲ့ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန အဖွဲ့သားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ" ဆိုပြီး အောင်မင်းခန့်က နိုဝင်ဘာ(၂၅) ရက်နေ့ မနက်အစောပိုင်းက  သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာတွေ့ရပါတယ်။

Photo : အောင်မင်းခန့် FB

ပရိသတ်တွေကို အံ့သြသွားအောင် လုပ်လိုက်တဲ့ အောင်မင်းခန့် 

မွေးနေ့မှာ  ချစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းခွင့်ရတာကြောင့် အောင်မင်းခန့်တစ်ယောက် ပျော်လို့နေပါတယ်။အောင်မင်းခန့်ဟာ လက်ရှိမှာ ဇာတ်ကား ရိုက်ကူးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ပြသဖို့ ရှိတယ်လို့ သိရပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲ နေရာတစ်နေရာ ရရှိခဲ့တဲ့ အောင်မင်းခန့်က "ထာဝရမန္တလေး"၊ "ဝင်္ကပါစံအိမ်"၊ "ဝိညာဉ်ရှိုက်သံ" စတဲ့ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိထားတာပါ။

Photo : အောင်မင်းခန့် FB

 

နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ "မနေ့ကဖြစ်သည်၂"မှာ လည်း အောင်မင်းခန့်က "သုတ" ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာ လူသတ်သမားကောင်လေးအဖြစ် ပါဝင်ထားခဲ့ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှုကို ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က