• Local Celebrity
    ကိုမိုက်တီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လင်းဇာနည်ဇော်
Ei Ei Myat
[Unicode Version]

ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးမဆုံးဖြစ်တော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေသလို အကိုမှာလိုက်သလို လုံးဝမပြို လဲပဲ ဖခင်နဲ့ နောက်ဆုံးခရီးလေးကို တောင့်ခံပြီးကြိုးစားသွားမှာပါတဲ့။

47575621_1954291567941968_1534680604719710208_n.jpg

Photo : ချစ်ချစ်ဇော် FB

 

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီး ကိုမိုက်တီးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဖခင်ကို အရမ်းချစ်တဲ့ အကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးမဆုံးဖြစ်တော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေသလို အကိုမှာလိုက်သလို လုံးဝမပြို လဲပဲ ဖခင်နဲ့ နောက်ဆုံးခရီးလေးကို တောင့်ခံပြီးကြိုးစားသွားမှာပါဆိုပြိး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

၃.jpg

မိုက်တီး၊ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ဖခင် ဦးခင်ဇော်ကွယ်လွန် 

"ဒီအချိန်က ကိုကြီးတို့မိသားစုရဲ့'အဆိုးဆုံး'အချိန်တဲ့..ဒီအချိန်ဆိုးကြီးကိုကြိုးစားပြီး ကျော်ဖြတ်ပါကိုကြီးရယ်။ကိုကြီးကိုထည့်မတွက်နဲ့.- ကိုကြီးခံနိုင်အောင်ကြိုးစားထားတယ်။ အမေ့ကိုပဲဂရုစိုက် လို့ပြောတဲ့ ကိုကြီးရင်ထဲမှာ ဘယ်လောက်ထိဖြစ်နေမလဲ။ အဖေကအရမ်းချစ်တဲ့-အဖေ့ကိုအရမ်းချစ်တဲ့-ကိုကြီးအတွက် တစ်ဘဝလုံးယူကြုံးရလို့မဆုံးဖြစ်တော့မှာကိုတွေးပြီး.ကိုကြီးမှာလိုက်သလို လုံးဝမပြိုလဲပဲ ဖေကြီးရဲ့ နောက်ဆုံးခရီးလေးကိုဖေကြီးစိတ်ချချထွက်နိုင်အောင် ညီမလေးတို့တောင့်ခံပြီးကြိုးစားသွားမှာပါ" ဆိုပြီး လင်းဇာနည်ကျော်က ပြောထား တာပါ။

mini_magick20181206-2839-2b9mu2.jpg

Photo : ချစ်ချစ်ဇော် FB

သူမတင်ထားတဲ့ ပို့စ်လေးကို ဖတ်ပြီး ပရိသတ်တွေနဲ့ အနုပညာမောင်နှတွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာလ ၃ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ(၇) ရက်နေ့ ၊ နေ့လည်(၂း၀၀)နာရီမှာ ရေဝေးသုဿန်တွင် ဂူသွင်းသဂြိုလ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာ(၉) ရက်နေ့ မနက်(၇)နာရီကနေ(၁၂)နာရီအထိ နေအိမ်မှာ ရက်လည်ဆွမ်းကျွေးတရာနာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

47208544_587939534993912_433482038343892992_n.jpg

Photo : ချစ်ချစ်ဇော် FB

 

ဒီ့အတွက်ကြောင့်လည်း မိသားစုဝင်တွေသာမက အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်း တွေကလည်း ထပ်တူ ဝမ်းနည်းခဲ့ကြ တာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း  မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အရေးယူခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖခင်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့က အနီးကပ် စောင့်ရှောက်ပေးနေကြတာပါ။

[Zawgyi Version]

ဖခင္ကို အရမ္းခ်စ္တဲ့ အကိုႀကီးအတြက္ တစ္ဘဝလံုးယူၾကံဳးမဆံုးျဖစ္ေတာ့မွာကို ေတြးၿပီး စိတ္မေကာင္းျဖစ္ေနသလို အကိုမွာလိုက္သလို လံုးဝမၿပိဳ လဲပဲ ဖခင္နဲ႕ ေနာက္ဆံုးခရီးေလးကို ေတာင့္ခံၿပီးႀကိဳးစားသြားမွာပါတဲ့။

Photo : ခ်စ္ခ်စ္ေဇာ္ FB

 

သရုပ္ေဆာင္ လင္းဇာနည္ေဇာ္ဟာ ဖခင္ကို အရမ္းခ်စ္တဲ့ အကိုႀကီး ကိုမိုက္တီးအတြက္ စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။ ဖခင္ကို အရမ္းခ်စ္တဲ့ အကိုႀကီးအတြက္ တစ္ဘဝလံုးယူၾကံဳးမဆံုးျဖစ္ေတာ့မွာကို ေတြးၿပီး စိတ္မေကာင္းျဖစ္ေနသလို အကိုမွာလိုက္သလို လံုးဝမၿပိဳ လဲပဲ ဖခင္နဲ႕ ေနာက္ဆံုးခရီးေလးကို ေတာင့္ခံၿပီးႀကိဳးစားသြားမွာပါဆိုၿပိး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

မိုက္တီး၊ ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တုိ႔ရဲ႕ဖခင္ ဦးခင္ေဇာ္ကြယ္လြန္ 

"ဒီအခ်ိန္က ကိုႀကီးတို႔မိသားစုရဲ႔'အဆိုးဆံုး'အခ်ိန္တဲ့..ဒီအခ်ိန္ဆိုးႀကီးကိုႀကိဳးစားၿပီး ေက်ာ္ျဖတ္ပါကိုႀကီးရယ္။ကိုႀကီးကိုထည့္မတြက္နဲ႔.- ကိုႀကီးခံနိုင္ေအာင္ႀကိဳးစားထားတယ္။ အေမ့ကိုပဲဂရုစိုက္ လို႔ေျပာတဲ့ ကိုႀကီးရင္ထဲမွာ ဘယ္ေလာက္ထိျဖစ္ေနမလဲ။ အေဖကအရမ္းခ်စ္တဲ့-အေဖ့ကိုအရမ္းခ်စ္တဲ့-ကိုႀကီးအတြက္ တစ္ဘဝလံုးယူႀကံဳးရလို႔မဆံုးျဖစ္ေတာ့မွာကိုေတြးၿပီး.ကိုႀကီးမွာလိုက္သလို လံုးဝမၿပိဳလဲပဲ ေဖႀကီးရဲ႕ ေနာက္ဆံုးခရီးေလးကိုေဖႀကီးစိတ္ခ်ခ်ထြက္နိုင္ေအာင္ ညီမေလးတို႔ေတာင့္ခံၿပီးႀကိဳးစားသြားမွာပါ" ဆိုၿပီး လင္းဇာနည္ေက်ာ္က ေျပာထား တာပါ။

Photo : ခ်စ္ခ်စ္ေဇာ္ FB

သူမတင္ထားတဲ့ ပို႕စ္ေလးကို ဖတ္ၿပီး ပရိသတ္ေတြနဲ႕ အနုပညာေမာင္နွေတြ စိတ္မေကာင္းျဖစ္လို႕ေနၾကပါတယ္။ ဒါရုိက္တာမုိက္တီး၊ သရုပ္ေဆာင္ ခ်စ္္ခ်စ္ေဇာ္၊ လင္းဇာနည္ေဇာ္ တုိ႔ရဲ႕ ဖခင္ျဖစ္သူ ဒါရုိက္တာႀကီး ဦးခင္ေဇာ္က ဒီဇင္ဘာလ ၃ရက္ေန႔ ည ၁၁ နာရီ ၅၅ မိနစ္မွာပဲ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

က်န္ရစ္တဲ့ ရုပ္အေလာင္းကို ဒီဇင္ဘာ(၇) ရက္ေန႕ ၊ ေန႕လည္(၂း၀၀)နာရီမွာ ေရေဝးသုႆန္တြင္ ဂူသြင္းသၿဂိဳလ္သြားမွာ ျဖစ္ၿပီး ဒီဇင္ဘာ(၉) ရက္ေန႕ မနက္(၇)နာရီကေန(၁၂)နာရီအထိ ေနအိမ္မွာ ရက္လည္ဆြမ္းေကၽြးတရာနာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Photo : ခ်စ္ခ်စ္ေဇာ္ FB

 

ဒီ့အတြက္ေၾကာင့္လည္း မိသားစုဝင္ေတြသာမက အႏုပညာအသုိင္းအဝုိင္းက မိတ္ေဆြ၊ အေပါင္းအသင္း ေတြကလည္း ထပ္တူ ဝမ္းနည္းခဲ့ၾက တာကုိ ေတြ႔ရပါတယ္။

လက္ရွိမွာေတာ့ ဒါရုိက္တာႀကီး ဦးခင္ေဇာ္ရဲ႕ သားျဖစ္သူ ဒါရုိက္တာ မုိက္တီးကလည္း  မူးယစ္ေဆး၀ါး ႏွင့္စိတ္ကို ေျပာင္းလဲေစ ေသာ ေဆး၀ါးမ်ား ဆိုင္ရာဥပေဒ ပုဒ္မ ၁၆(ဂ) နဲ႔ အေရးယူျခင္းခံထားရတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဖခင္ႀကီးရဲ႕ က်န္းမာေရး အေျခအေနကုိ သရုပ္ေဆာင္ ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တုိ႔က အနီးကပ္ ေစာင့္ေရွာက္ေပးေနၾကတာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs