• Local Celebrity

    အသက်နဲ့ရင်းပြီး ရိုက်ကူးရေးတွေလုပ်နေတဲ့ မင်းရာဇာ

Sabal Thwin
[Unicode Version]

မင်းရာဇာက အခုလက်ရှိမှာ ''၁၁၀နာရီ'' ဆိုတဲ့ ဇာတ်ကားလေး ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားက သူအရမ်း ကြောက်တဲ့ ရေထဲမှာပဲ အများဆုံးရိုက်ကူး ရတာကြောင့် အသက်နဲ့ ရင်းပြီးရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

47250457_385819518851891_3840265267355582464_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

မင်းရာဇာက သူအရမ်းကြောက်ရတဲ့ ရေထဲမှာ ဇာတ်ကားရိုက်နေရတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် လူစားမထိုးပဲ စွန့်စွန့်စားစား ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

'' ကျွန်တော် ရေအရမ်းကြောက်တယ် ဒါပေမယ့် လူစားမထိုးဘူး ပေါကားလို့တော့မပြောပါနဲ့ ကျွန်တော့်အသက်နဲ့ ရင်းထားရတာပါဗျာ။ အားလုံး ကို လေးစားပါတယ် တပ်ကြပ်ကြီးအောင်မိုး'' ဆိုပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ ပါတယ်။ အဲ့ဒီနောက် ရိုက်ကွင်းပေါ်က အမှတ်တရတွေကိုလည်း တင်ခဲ့ပါသေးတယ်။

47398331_389037858530057_2429814452778958848_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

မင်းရာဇာက လက်ရှိမှာ ''၁၁၀ နာရီ'' ဆိုတဲ့ ဇာတ်ကားရိုက်ကူးရေး လုပ်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် မင်းရာဇာ နဲ့ အတူ နေမျိုးအောင်၊ ရဲအောင်၊ မေသဉ္ဇာဦး တို့က ပါဝင်သရုပ်ဆောင်နေကြတာပါ။ ရိုက်ကူးရေးကိုလည်း တနသာၤရီ တိုင်းအတွင်းက မြိတ် ကျွန်းစု မှာ သွားရောက် ရိုက်ကူးနေကြတာဖြစ်ပါတယ်။

47386285_389037921863384_5411172821705424896_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

နောက်ထပ် မိသားစုဝင်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်တဲ့ မင်းရာဇာ 

အက်ရှင်ဇာတ်ကားတွေ နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။

46762855_382983595802150_9150756852982611968_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

[Zawgyi Version]

မင္းရာဇာက အခုလက္ရွိမွာ ''၁၁၀နာရီ'' ဆုိတဲ့ ဇာတ္ကားေလး ရုိက္ကူးေနတာကုိ ေတြ႔ရပါတယ္။ ဒီဇာတ္ကားက သူအရမ္း ေၾကာက္တဲ့ ေရထဲမွာပဲ အမ်ားဆုံးရုိက္ကူး ရတာေၾကာင့္ အသက္နဲ႔ ရင္းၿပီးရုိက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

မင္းရာဇာက သူအရမ္းေၾကာက္ရတဲ့ ေရထဲမွာ ဇာတ္ကားရုိက္ေနရတဲ့ ခံစားခ်က္ကုိ ေျပာျပလာပါတယ္။ ဒါေပမယ့္လည္း သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တာေၾကာင့္ လူစားမထုိးပဲ စြန္႔စြန္႔စားစား ရုိက္ကူးခဲ့တယ္လုိ႔ ဆုိပါတယ္။

'' ကြၽန္ေတာ္ ေရအရမ္းေၾကာက္တယ္ ဒါေပမယ့္ လူစားမထိုးဘူး ေပါကားလို႔ေတာ့မေျပာပါနဲ႔ ကြၽန္ေတာ့္အသက္နဲ႔ ရင္းထားရတာပါဗ်ာ။ အားလံုး ကို ေလးစားပါတယ္ တပ္ၾကပ္ႀကီးေအာင္မိုး'' ဆုိၿပီးေတာ့ ဒီဇင္ဘာလ ၅ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ ပါတယ္။ အဲ့ဒီေနာက္ ရုိက္ကြင္းေပၚက အမွတ္တရေတြကုိလည္း တင္ခဲ့ပါေသးတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

မင္းရာဇာက လက္ရွိမွာ ''၁၁၀ နာရီ'' ဆုိတဲ့ ဇာတ္ကားရုိက္ကူးေရး လုပ္ေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ သရုပ္ေဆာင္ မင္းရာဇာ နဲ႔ အတူ ေနမ်ဳိးေအာင္၊ ရဲေအာင္၊ ေမသၪၨာဦး တုိ႔က ပါဝင္သရုပ္ေဆာင္ေနၾကတာပါ။ ရုိက္ကူးေရးကုိလည္း တနသာၤရီ တုိင္းအတြင္းက ၿမိတ္ ကၽြန္းစု မွာ သြားေရာက္ ရုိက္ကူးေနၾကတာျဖစ္ပါတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

ေနာက္ထပ္ မိသားစုဝင္အသစ္ေလးနဲ႔ မိတ္ဆက္ေပးလုိက္တဲ့ မင္းရာဇာ 

အက္ရွင္ဇာတ္ကားေတြ နဲ႔ ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခ့ဲတဲ့ မင္းရာဇာဟာ အႏုပညာသက္တမ္း ၁၀ ႏွစ္ေက်ာ္ ၾကာခဲ့ၿပီျဖစ္ပါတယ္။ သူ႔ အေနနဲ႔ အခုခ်ိန္ထိလည္း ပရိသတ္အခုိင္အမာရရွိၿပီးသား အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ မင္းရာဇာကုိေတာ့ ရန္ကုန္ပရိသတ္ ေတြထက္ နယ္ပရိသတ္က ပုိၿပီး ခ်စ္ခင္အားေပးတာကုိလည္း ေတြ႔ရပါတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

အခုလက္ရွိမွာေတာ့ မင္းရာဇာဟာ မိသားစုကုိ အခ်ိန္ေပးရင္း ျပည္တြင္း၊ ျပည္ပ ခရီးစဥ္ေတြလည္း ထြက္ျဖစ္ေနသလုိ၊ လက္ခံထားတဲ့ ရုပ္ရွင္ ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရတာျဖစ္ပါတယ္။ ဗီဒီယုိဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တဲ့ သရုပ္ေဆာင္ မင္းရာဇာကေတာ့ အခုခ်ိန္မွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs