• Local Celebrity
    နုပျိုနေရတဲ့ လျှို့ဝှက်ချက်ကိုပြောလာတဲ့ နန်းဆုရတီစိုး
Sabal Thwin
[Unicode Version]

နန်းဆုရတီစိုးက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူ တစ်ယောက်ပါ။ ဒါကလည်း သူမ အတွက် နုပျိုရခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်တဲ့ အကြောင်းပြောပြလာပါတယ်။

47429187_2249445785300668_3719710538993762304_n.jpg

Photo: နန်းဆုရတီစိုး

 

နန်းဆုရတီစိုးက သူ့ရဲ့ နုပျိုနေခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ပရိသတ်တွေသိအောင် ပွင့်ပွင့်လင်းလင်းပြောပြလာပါပြီ။ ပျော်ပျော်ရွှင်ရွှင်နေ တတ်တာက သူမရဲ့ အားသာချက်တစ်ခုပါပဲ လို့ ဆိုပါတယ်။

'' နုပျိုရခြင်းလျို့ဝှက်ချက် လာမမေးနဲ့ တွေ့ရာအရပ်မှာပျော်ပျော်နေတယ်။ တွေ့တဲ့သူတွေအားလုံးကို စိတ်ချမ်းသာအောင်ထားတယ်။ ပေါ စရာရှိပေါ ပျော်စရာရှိပျော် လုပ်စရာရှိလုပ် ငိုစရာရှိငို အော်စရာရှိအော် အရာအားလုံးက ခဏပဲ။ အဲ့တော့ ပျော်စရာကောင်းတဲ့ ခနလေးတွေ အများကြီးဖန်းတီးကြည့် အခုတင်စရာရှိလို့တင်'' ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၂နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါ တယ်။

44422862_2221505964761317_5909164272402825216_n.jpg

Photo: နန်းဆုရတီစိုး

ဝါသနာတူ၊ အကြိုက်တူတဲ့ ချစ်သူလေးအကြောင်းပြောလာတဲ့ G-Fatt  

နန်းဆုရတီစိုးက အသက် ၃၀ ကျော်အရွယ်လို့ မထင်ထားရလောက်အောင်ကို နုပျိုလွန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လှပတဲ့ ခန္ဓာကိုယ် လေး ရယ်၊ ဖြူဖွေးနူးညံ့တဲ့ အသားအရေ ရယ်၊ ပျော့ပျောင်းလွန်းတဲ့ ဆံကေသာ အလှတွေကလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေ ပါပဲ။

47447971_2249445691967344_7785307842445049856_n.jpg

Photo: နန်းဆုရတီစိုး

 

လက်ရှိမှာတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်နေရတဲ့ ကြားက မိသားစုကိုလည်း အချိန်ပေးဖြစ်နေတာကို တွေ့ရပါတယ်။ သူမအနေနဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် G-Fatt နဲ့အတူ ဂီတအလုပ်တွေ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

40602995_2195164184062162_3973937693422780416_n.jpg

Photo: နန်းဆုရတီစိုး

 

နန်းဆုရတီစိုး ဟာ မိသားစုနဲ့ အတူ မကြာခင်က ပျော်ပျော်ပါးပါးခရီးတွေလည်း ထွက်ဖြစ်နေတယ်လို့ သိရပါတယ်။ မကြာခဏ ဆိုသလို လည်း အလှူအတန်းလေးတွေ လုပ်ဖြစ်နေပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုက ဖျော်ဖြေပွဲတွေသီဆိုနေရတာပဲဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေ ထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီနေ့ အချိန်ထိ အနုပညာလောကမှာ ရပ်တည်နေနိုင်တာ ကလည်းပရိသတ်ကြောင့် ပါလို့ ဆိုပါတယ်။

[Zawgyi Version]


Photo: နန်းဆုရတီစိုး

 



Photo: နန်းဆုရတီစိုး



Photo: နန်းဆုရတီစိုး

 


Photo: နန်းဆုရတီစိုး

 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs