• Local Celebrity
    ရည်ရွယ်ထားခဲ့တဲ့ ပရိသတ် ၈ သိန်းပြည့်သွားပြီဆိုတဲ့ နေခြည်ဦး
Sabal Thwin
[Unicode Version]

နေခြည်ဦးက ဒီနေ့မှာပဲ သူ့ကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်သွားပြီလို့ ဆိုပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့ မယ့် '' ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း စိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

46239290_1948029141985013_2922743197891297280_n.jpg

Photo: နေခြည်ဦး

 

နေခြည်ဦး တစ်ယောက် ဒီဇင်ဘာလ ၇ ရက်နေ့မှာပဲ သူ့ကို အားပေးတဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်ခဲ့ရပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင် ကလည်း follower ၈သိန်း ပြည့်ရမယ်ဆိုတာကို အစကတည်းက ရည်ရွယ်ချက် ရှိခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ဒီနေ့ နေခြည့် personal account လေး Follower ၈ သိန်းပြည့်သွားပါပြီ။ နေခြည့် ၂၀၁၈ planner စာအုပ်လေးက မကုန်သေးတော့ ဒီနှစ် အတွင်း follower ၈သိန်း ပြည့်ရမယ်လို့ နေခြည် plan ခဲ့ဖူးတာ မှတ်မိနေတယ်။ ကိုယ့်ဟာကိုယ် စာအုပ်ဗြောင်မှာလုပ်ထားရတဲ့ Planner စာအုပ် လေးဆိုတော့ date တွေပြန်ရှာရတာ သိပ်ခက်တာဘဲ။ feb တစ်ရက်နေ့ တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ရေးခဲ့တာလေး အခု ပြန်ရှာတွေ့မိတော့ မျက်ရည်တောင်ဝဲတယ်။ နေခြည်လုပ်နိုင်ခဲ့ပြီလေ'' လို့ ဆိုပါတယ်။

47494684_1979527718835155_3961960760506056704_n.jpg

Photo: နေခြည်ဦး

 

နေခြည်ဦးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ သူကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ အရာတွေက ပရိသတ်အသိအမှတ်ပြုတာ ခံရလို့ ဝမ်းသာပီတိဖြစ်လို့ နေပါ တယ်။ ဒါကြောင့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားဦးမယ့်အကြောင်း ပြောပြခဲ့ပါသေးတယ်။

''လောကမှာ ကြောက်တာဆိုလို့ သရဲကားနဲ့ ပင့်ကူဘဲရှိတယ်။ ယုံကြည်မှုရှိရင် ဘာမဆိုရင်ဆိုင်နိုင်တယ်။အောင်မြင်မှုအတွက် chillies တွေရဲ့ပံ့ပိုးမှုနဲ့ ၂၀၁၉ တစ်နှစ်ပတ်လုံးကို ရဲရဲကြီးသွားနေဦးမှာဘဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ် မှာရေးသားခဲ့ပါတယ်။

47358313_1979526502168610_7257833429830467584_n.jpg

Photo: နေခြည်ဦး

အသက် ၂၇ နှစ်အရွယ် နေခြည်ဦးရဲ့ အိမ်ထောင်ရေးခံယူချက် 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

44358954_1909582409163020_8515425499348992000_n.jpg

Photo: နေခြည်ဦး

 

မကြာခင် ရုံတင်ပြသတော့မယ့် ''ရန်သူ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း နေခြည်ဦးက ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီရုပ်ရှင်ဇာတ် ကားကြီးဟာ သူ့အတွက် ပထမဆုံးအနုပညာခြေလှမ်းဖြစ်တာကြောင့်လည်း စိတ်လှုပ်ရှားနေရတယ်လို့ ဆိုပါတယ်။ ''ရန်သူ'' ရုပ်ရှင် ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသပြီဖြစ်ပါတယ်။

[Zawgyi Version]

ေနျခည္ဦးက ဒီေန႔မွာပဲ သူ႔ကုိခ်စ္တ့ဲ ပရိသတ္ေပါင္း ၈ သိန္းကုိ ပုိင္ဆုိင္သြားၿပီလုိ႔ ဆုိပါတယ္။ မၾကာခင္မွာ ရုံတင္ျပသေတာ့ မယ့္ '' ရန္သူ'' ရုပ္ရွင္ဇာတ္ကားႀကီးအတြက္လည္း စိတ္လႈပ္ရွားေနတယ္လုိ႔ဆုိပါတယ္။

Photo: ေနျခည္ဦး

 

ေနျခည္ဦး တစ္ေယာက္ ဒီဇင္ဘာလ ၇ ရက္ေန႔မွာပဲ သူ႔ကုိ အားေပးတဲ့ ပရိသတ္ေပါင္း ၈ သိန္းကုိ ပုိင္ဆုိင္ခဲ့ရၿပီလုိ႔ ဆုိပါတယ္။ သူကုိယ္တုိင္ ကလည္း follower ၈သိန္း ျပည့္ရမယ္ဆုိတာကုိ အစကတည္းက ရည္ရြယ္ခ်က္ ရွိခဲ့ဖူးတ့ဲ အေၾကာင္းကုိ ေျပာျပလာပါတယ္။

'' ဒီေန႔ ေနျခည့္ personal account ေလး Follower ၈ သိန္းျပည့္သြားပါၿပီ။ ေနျခည့္ ၂၀၁၈ planner စာအုပ္ေလးက မကုန္ေသးေတာ့ ဒီႏွစ္ အတြင္း follower ၈သိန္း ျပည့္ရမယ္လို႕ ေနျခည္ plan ခဲ့ဖူးတာ မွတ္မိေနတယ္။ ကိုယ့္ဟာကိုယ္ စာအုပ္ေျဗာင္မွာလုပ္ထားရတဲ့ Planner စာအုပ္ ေလးဆိုေတာ့ date ေတြျပန္ရွာရတာ သိပ္ခက္တာဘဲ။ feb တစ္ရက္ေန႔ တုန္းက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္နဲ႔ ေရးခဲ့တာေလး အခု ျပန္ရွာေတြ႕မိေတာ့ မ်က္ရည္ေတာင္ဝဲတယ္။ ေနျခည္လုပ္ႏိုင္ခဲ့ၿပီေလ'' လုိ႔ ဆုိပါတယ္။

Photo: ေနျခည္ဦး

 

ေနျခည္ဦးဟာ ၂၀၁၈ ခုႏွစ္အတြင္းမွာ သူကုိယ္တုိင္ ႀကိဳးစားခဲ့ရတဲ့ အရာေတြက ပရိသတ္အသိအမွတ္ျပဳတာ ခံရလုိ႔ ဝမ္းသာပီတိျဖစ္လုိ႔ ေနပါ တယ္။ ဒါေၾကာင့္လည္း သူ႔ကုိ ခ်စ္တဲ့ ပရိသတ္ေတြအတြက္ ေရွ႕ဆက္ၿပီးေတာ့လည္း ႀကိဳးစားသြားဦးမယ့္အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

''ေလာကမွာ ေၾကာက္တာဆိုလို႔ သရဲကားနဲ႕ ပင့္ကူဘဲရွိတယ္။ ယံုၾကည္မႈရွိရင္ ဘာမဆိုရင္ဆိုင္ႏိုင္တယ္။ေအာင္ျမင္မႈအတြက္ chillies ေတြရဲ႕ပ့ံပိုးမႈနဲ႕ ၂၀၁၉ တစ္ႏွစ္ပတ္လံုးကို ရဲရဲႀကီးသြားေနဦးမွာဘဲ'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၇ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္ မွာေရးသားခဲ့ပါတယ္။

Photo: ေနျခည္ဦး

အသက္ ၂၇ ႏွစ္အရြယ္ ေနျခည္ဦးရဲ႕ အိမ္ေထာင္ေရးခံယူခ်က္ 

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။

Photo: ေနျခည္ဦး

 

မၾကာခင္ ရုံတင္ျပသေတာ့မယ့္ ''ရန္သူ'' ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ေနျခည္ဦးက ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။ ဒီရုပ္ရွင္ဇာတ္ ကားႀကီးဟာ သူ႔အတြက္ ပထမဆုံးအႏုပညာေျခလွမ္းျဖစ္တာေၾကာင့္လည္း စိတ္လႈပ္ရွားေနရတယ္လုိ႔ ဆုိပါတယ္။ ''ရန္သူ'' ရုပ္ရွင္ ဇာတ္ကားႀကီးကုိ ဒီဇင္ဘာလ ၁၄ ရက္ေန႔ဆုိရင္ အဆင့္ျမွင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသၿပီျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs