• Local Celebrity
    We Love လေးတွေကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရတဲ့ မို့မို့မြင့်အောင်
Sabal Thwin
[Unicode Version]

မို့မို့မြင့်အောင်က ပုဂံမှာရိုက်နေတဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှာ We Love လေးတွေရဲ့ Surprise လုပ်တာ ခံခဲ့ရတယ် လို့ ဆိုပါတယ်။ မကြာခဏဆိုသလိုလည်း We Love လေးတွေနဲ့အတူ အလှူတွေ လုပ်ဖြစ်နေကြပါ။

47388831_1812444058881594_805759173517115392_n.jpg

Photo: မို့မို့မြင့်အောင်

 

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်က ဦးကျော်သူကိုယ်တိုင် ရိုက်ကူးတဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှာ ပရိသတ်တွေရဲ့ Surprise လုပ်ခြင်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ပုဂံအထိ လာပြီး Surprise လုပ်ကြတဲ့ ပရိသတ်တွေကြောင့်လည်း ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

''လေးစားရိုသေချစ်ခင်မြတ်နိုးရပါသောပရိသတ်ကြီးနှင့်  We love mmma ချစ်သူ တို့ရှင့်။ ဒီနေ့ ပုဂံမှာရောက်နေတဲ့ ၁၀၁၄ရုပ်ရှင် ရိက်ကွင်း မှာ မို့ရဲ့ we we အသဲလေးတွေက မို့ကိုsuprise လုပ်ချလိုက်ပြန်ပြီ ၁၀၁၄ရုပ်ရှင်ဇတ်ကားရဲ့ ဒါရိုက်တာသရုပ်ဆောင် ကိုကျော်သူကိုတွေ့ချင် လို့ ဆိုပြီးတောင်းဆိုလာလို့ မို့သူကားရိုက်နေတယ်မအားဘူးထင်တယ်ဆိုတာ အတင်းခေါ်ခိုင်းလို့ ကိုယ်လဲအားနာပါးနာနဲ့ခေါ်ပေးမှ နာရေး ကူညီမူ့ အသင်းအတွက် ငွေခ၃၆၀၀၀၀/ိ ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက် အလှု လက်ခံယူပေးပါ ဆိုမှ ကိုယ်လည်း သိရတော့တယ်။ ချစ် ပရိသတ် ကြီး နှင့်we we ချစ်သူအပေါင်း သာဓုခေါ်နိုင်ပါစေ စီစဉ်ဦးဆောင်ပေးတဲ့ ကိုကျော်စွာမြင့်မို Mayrose sandiတို့ကိုကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

46787274_1799246103534723_9207794319321202688_n.jpg

Photo: မို့မို့မြင့်အောင်

အလုပ်မအားတဲ့ကြားက ကထိန်အလှူကုသိုလ်ပြုခဲ့တဲ့ မို့မို့မြင့်အောင် 

မို့မို့မြင့်အောင်က ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ အတွင်းမှာကတည်းက ပုဂံမြို့မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဦးကျော်သူရဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

45943132_1778525105606823_3186263974354092032_n.jpg

Photo: မို့မို့မြင့်အောင်

 

ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အကယ်ဒမီများရှင်လည်းဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မို့မို့မြင့်အောင်ဟာ မေလ ၂၆ ရက်နေ့ က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့တုန်းကလည်း We Love လေးတွေနဲ့ အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

''ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့်We love mmma ချစ်သူအပေါင်းတို့ရှင့်။ ဒီနေ့ နယုန်လဆန်း၁၂ ရက် ကမို့ရဲ့မြန်မာ မွေးရက် ပါ။ မေ၂၅ ကတော့we Love mmma တွေကို ဦးစားပေးရတယ်လေ။ ဒီနေ့မို့ရဲ့မြန်မာမွေး ရက်ကလေးရဲ့လှုပ်ရှားမှုလေးတွေ တင်ပေးပါမယ်နော်'' ဆိုပြီးတော့ ပြောပြခဲ့တာပါ။

47510197_1812443982214935_8072476017349885952_n.jpg

Photo: မို့မို့မြင့်အောင်

 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။

[Zawgyi Version]



 







 

ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ အကယ်ဒမီများရှင်လည်းဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မို့မို့မြင့်အောင်ဟာ မေလ ၂၆ ရက်နေ့ က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့တုန်းကလည်း We Love လေးတွေနဲ့ အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။



 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs