• International Celebrity
    ရှာဖွေနေတဲ့ ဇနီးကို တွေ့ပြီဆိုတဲ့ ဂျက်စတင်ဘီဘာ
Ei Ei Mar
[Unicode Version]

ဂျက်စတင်ဘီဘာက အမေရိကန်မော်ဒယ် ဟေလီဘောဝင်းနဲ့ စေ့စပ်လိုက်ပြီလို့ သတင်းတွေ ထွက်လာခဲ့ပြီး ၂ ရက်အကြာမှာတော့ သူ့ဇနီးလောင်းအပေါ် ဘယ်လောက်ထိ ချစ်ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ သူရေးသားထားပုံအရ ဒီနှစ်ထဲမှာ လက်ထပ်တော့မယ်လို့လည်း ယူဆရပါတယ်။

hailey-baldwin-justin-bieber-engaged-ftr.jpg

Photo : Metro

 

စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းက အမှန်ဖြစ်ကြောင်း ဂျက်စတင်ဘီဘာက အတည်ပြုလိုက်ပါပြီ။ ဂျေဘီက မြန်မာစံတော်ချိန် ဇူလိုင်လ ၁၀ ရက်နေ့မနက်ပိုင်း (လွန်ခဲ့တဲ့ ၈ နာရီခန့်) က သူ့ရဲ့ဖေ့စ်ဘွတ်မှာ အောက်ပါအတိုင်း ရေးသားအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

"ဒီစကားတွေပြောဖို့ ခဏစောင့်ဦးမလို့ပါပဲ၊ ဒါပေမဲ့ ကမ္ဘာကြီးက ခရီးသွားတာအရမ်းမြန်တယ် (သတင်းတွေပြန့်တာ အရမ်းမြန်တယ်)။ အရိုးရှင်းဆုံးပြောရရင် ဟေလီ..မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို အရမ်းချစ်တယ်။ ဒါကြောင့် မင်းရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို သိရှိဖို့အတွက် စိတ်ရှည်စွာ ကြင်နာစွာနဲ့ ငါ့ဘဝတစ်ခုလုံးကို ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့" လို့ ဂျေဘီက အစချီထားပါတယ်။

JB.JPG 

ဂျေဘီက ချစ်သူတွေ များပြားခဲ့ပေမဲ့ အခုလိုမျိုး စာတွေ တရှည်တလျားကြီးရေးပြီး ဘယ်သူ့ကိုမှ ချစ်ခင်ကြောင်း မပြောခဲ့ဖူးပါဘူး။ သူရေးသားထားပုံအရ လက်ထပ်ဖို့လည်း သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။ သူရေးထားတာတွေကို ဆက်ဖတ်ကြည့်ရအောင်။

"ငါတို့လုပ်သမျှ အရာအားလုံးနဲ့ ငါတို့ချမှတ်တဲ့ဆုံးဖြတ်ချက်အားလုံးမှာ ဘုရားသခင်ရဲ့ လမ်းပြကူညီမှုနဲ့ ငါ့မိသားစုကို ဂုဏ်သိက္ခာနဲ့ ဦးဆောင်မယ်လို့ ကတိပေးပါတယ်။ ငါ့ရဲ့နှလုံးသားတစ်ခုလုံးက လုံးဝမင်းအပိုင်ပါ။ မင်းကို အမြဲတမ်း ဦးစားပေးမှာပါ။ မင်းက ငါ့ဘဝရဲ့အချစ်ဆုံးပါ ဟေလီဘောဝင်း။ ငါ့ဘဝကို တခြားသူတွေအတွက် မကုန်ဆုံးချင်တော့ဘူး" တဲ့။

Justin-Bieber-and-Hailey-Baldwin-in-Bahamas-engaged-2.jpg 

နောက်ထပ် ဆက်ရေးထားတာက.. မင်းက ငါ့ကို အများကြီးပိုကောင်းလာအောင် လုပ်ပေးတယ်၊ ငါတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ပြည့်စုံစေတယ်တဲ့။ ဘဝရဲ့အကောင်းဆုံးအချိန်အခါကို မစောင့်နိုင်တော့ဘူး၊ အခု မင်းနဲ့အတူ ဆိုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားတာ ရယ်စရာတော့ ကောင်းတယ်နော်လို့ ဆိုထားပါတယ်။

သူ့ရဲ့ညီလေးနဲ့ ညီမလေးက တည်ငြိမ်သာယာတဲ့ အိမ်ထောင်ရေးကို မြင်ရတော့မှာက သူ့ရဲ့စိတ်အလှုပ်ရှားဆုံးပါလို့ ဂျေဘီကဆိုရင်း သူတို့က ၇ လပိုင်း ၇ ရက်နေ့က စေ့စပ်လိုက်တာဖြစ်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။

"အသက် ၇၀ အရွယ်ပိုပြီးတော့ အဆင်ပြေလာကြမယ်။ ဘေဘီ..ငါတို့တွေ စတင်လိုက်ရအောင်။ 'ဇနီးကို ရှာတွေ့သူက ကောင်းမွန်တဲ့အရာတစ်ခုကို ရှာတွေ့ပြီး ဘုရားသခင်ဆီက အကူအညီကို ရရှိလိမ့်မယ်'။ ဒီနှစ်က ဘုရားသခင်ရဲ့ အကူအညီကို ရရှိတဲ့နှစ်ပါပဲ" လို့ ဂျေဘီက သူ့စာကို အဆုံးသတ်ထားပါတယ်။

[Zawgyi Version]

ဂ်က္စတင္ဘီဘာက အေမရိကန္ေမာ္ဒယ္ ေဟလီေဘာဝင္းနဲ႔ ေစ့စပ္လိုက္ၿပီလို႔ သတင္းေတြ ထြက္လာခဲ့ၿပီး ၂ ရက္အၾကာမွာေတာ့ သူ႔ဇနီးေလာင္းအေပၚ ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္။ သူေရးသားထားပံုအရ ဒီႏွစ္ထဲမွာ လက္ထပ္ေတာ့မယ္လို႔လည္း ယူဆရပါတယ္။

Photo : Metro

 

ေစ့စပ္လိုက္ၿပီဆုိတဲ့ သတင္းက အမွန္ျဖစ္ေၾကာင္း ဂ်က္စတင္ဘီဘာက အတည္ျပဳလုိက္ပါၿပီ။ ေဂ်ဘီက ျမန္မာစံေတာ္ခ်ိန္ ဇူလိုင္လ ၁၀ ရက္ေန႔မနက္ပိုင္း (လြန္ခဲ့တဲ့ ၈ နာရီခန္႔) က သူ႔ရဲ႕ေဖ့စ္ဘြတ္မွာ ေအာက္ပါအတုိင္း ေရးသားအတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

"ဒီစကားေတြေျပာဖို႔ ခဏေစာင့္ဦးမလို႔ပါပဲ၊ ဒါေပမဲ့ ကမာၻႀကီးက ခရီးသြားတာအရမ္းျမန္တယ္ (သတင္းေတြျပန္႔တာ အရမ္းျမန္တယ္)။ အ႐ိုးရွင္းဆံုးေျပာရရင္ ေဟလီ..မင္းနဲ႔ပတ္သက္တဲ့ အရာအားလံုးကို အရမ္းခ်စ္တယ္။ ဒါေၾကာင့္ မင္းရဲ႕အစိတ္အပိုင္းတစ္ခုခ်င္းစီကို သိရွိဖို႔အတြက္ စိတ္ရွည္စြာ ၾကင္နာစြာနဲ႔ ငါ့ဘဝတစ္ခုလံုးကို ေပးအပ္ဖို႔ ဆံုးျဖတ္လိုက္တာေပါ့" လို႔ ေဂ်ဘီက အစခ်ီထားပါတယ္။

ေဂ်ဘီက ခ်စ္သူေတြ မ်ားျပားခဲ့ေပမဲ့ အခုလိုမ်ဳိး စာေတြ တရွည္တလ်ားႀကီးေရးၿပီး ဘယ္သူ႔ကိုမွ ခ်စ္ခင္ေၾကာင္း မေျပာခဲ့ဖူးပါဘူး။ သူေရးသားထားပံုအရ လက္ထပ္ဖို႔လည္း သိပ္မၾကာေတာ့ဘူးလို႔ ယူဆရပါတယ္။ သူေရးထားတာေတြကို ဆက္ဖတ္ၾကည့္ရေအာင္။

"ငါတို႔လုပ္သမွ် အရာအားလံုးနဲ႔ ငါတို႔ခ်မွတ္တဲ့ဆံုးျဖတ္ခ်က္အားလံုးမွာ ဘုရားသခင္ရဲ႕ လမ္းျပကူညီမႈနဲ႔ ငါ့မိသားစုကို ဂုဏ္သိကၡာနဲ႔ ဦးေဆာင္မယ္လို႔ ကတိေပးပါတယ္။ ငါ့ရဲ႕ႏွလံုးသားတစ္ခုလံုးက လံုးဝမင္းအပိုင္ပါ။ မင္းကို အျမဲတမ္း ဦးစားေပးမွာပါ။ မင္းက ငါ့ဘဝရဲ႕အခ်စ္ဆံုးပါ ေဟလီေဘာဝင္း။ ငါ့ဘဝကို တျခားသူေတြအတြက္ မကုန္ဆံုးခ်င္ေတာ့ဘူး" တဲ့။

ေနာက္ထပ္ ဆက္ေရးထားတာက.. မင္းက ငါ့ကို အမ်ားႀကီးပိုေကာင္းလာေအာင္ လုပ္ေပးတယ္၊ ငါတုိ႔ႏွစ္ဦးက တစ္ဦးကိုတစ္ဦး ျပည့္စံုေစတယ္တဲ့။ ဘဝရဲ႕အေကာင္းဆံုးအခ်ိန္အခါကို မေစာင့္ႏုိင္ေတာ့ဘူး၊ အခု မင္းနဲ႔အတူ ဆုိေတာ့ အရာအားလံုးက အဓိပၸာယ္ရွိသြားတာ ရယ္စရာေတာ့ ေကာင္းတယ္ေနာ္လို႔ ဆုိထားပါတယ္။

သူ႔ရဲ႕ညီေလးနဲ႔ ညီမေလးက တည္ၿငိမ္သာယာတဲ့ အိမ္ေထာင္ေရးကို ျမင္ရေတာ့မွာက သူ႔ရဲ႕စိတ္အလႈပ္ရွားဆံုးပါလို႔ ေဂ်ဘီကဆုိရင္း သူတုိ႔က ၇ လပိုင္း ၇ ရက္ေန႔က ေစ့စပ္လိုက္တာျဖစ္ေၾကာင္း စာထဲမွာ ေရးသားထားပါတယ္။

"အသက္ ၇၀ အရြယ္ပိုၿပီးေတာ့ အဆင္ေျပလာၾကမယ္။ ေဘဘီ..ငါတို႔ေတြ စတင္လိုက္ရေအာင္။ 'ဇနီးကို ရွာေတြ႕သူက ေကာင္းမြန္တဲ့အရာတစ္ခုကို ရွာေတြ႕ၿပီး ဘုရားသခင္ဆီက အကူအညီကို ရရွိလိမ့္မယ္'။ ဒီႏွစ္က ဘုရားသခင္ရဲ႕ အကူအညီကို ရရွိတဲ့ႏွစ္ပါပဲ" လို႔ ေဂ်ဘီက သူ႔စာကို အဆံုးသတ္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs