သေဆုံးရတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

နာမည်ကြီး တောင်ကိုရီးယား K-pop စတား အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး ဂိုးဟာရာကို သူမရဲ့နေအိမ်မှာ သေဆုံးလျက်သား တွေ့ရတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

(Photo: AsianJunkie)

နေအိမ်မှာ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) သေဆုံးလျက်တွေ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ဟာရာဟာ တောင်ကိုရီးယား K-pop အမျိုးသမီးအဆိုတော်အဖွဲ့ Kara ရဲ့ အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။ ဟာရာက ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ K-pop အဖွဲ့ Kara ရဲ့ အဆိုတော်အဖြစ် ပါဝင်ခဲ့ပါတယ်။



ဟာရာကို ဆိုးလ်မြို့အနီး Neighborhood အရပ်ရှိ သူမရဲ့နေအိမ်မှာ ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က သေဆုံးနေတာတွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ယခုနှစ် မေလအတွင်းကည်း ဟာရာကို သူမရဲ့နေအိမ်မှာပင် သတိမေ့နေတာ တွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

(Photo: Studio Mine)

ဟာရာကို K-pop အဆိုတော်အဖြစ်သာမက ၂၀၁၁ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့ပြီး မြန်မာနိုင်ငံမှာလည်း လူကြိုက်များခဲ့တဲ့ နာမည်ကြီး တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ City Hunter မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်အဖြစ်လည်း လူသိများပါတယ်။

တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း နောက်ထပ် နာမည်ကြီး K-pop စတားနဲ့ မင်းသမီးတစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် ဆူလီကို သူမရဲ့နေအိမ်မှာ သေဆုံးနေတာ တွေ့ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။





Share

Loading Next Article...
က္က