ချက်ကရာဘော်တီ အဖမ်းခံခဲ့ရတာ တစ်လနီးပါးကြာပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးအမှုဖြင့် တစ်လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရတဲ့ ဘောလိဝုဒ်မင်းသမီး ရီအာချက်ကရာဘော်တီ အာမခံရခဲ့ကြောင်း သိရပါတယ်။ ချက်ကရာဘော်တီဟာ ယခုနှစ်အတွင်း သေဆုံးသွားခဲ့တဲ့ ၎င်းရဲ့ချစ်သူ မင်းသားဆူရှန်ဆင်းရာ့ဂျ်ပွတ်အတွက် မူးယစ်ဆေးဝါး ဝယ်ယူခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

(Photo: Getty Images)

အသက် ၃၄ နှစ်အရွယ် မင်းသားဆူရှန်ကို ဇွန်လ ၁၄ ရက်နေ့က မွမ်ဘိုင်းမြို့ရှိ ၎င်းရဲ့တိုက်ခန်းမှာ သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဆူရှန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာဖြစ်ကြောင်း ထိုစဥ်က ပြောခဲ့ပါတယ်။ သို့သော် ၎င်းရဲ့မိသားစုက ချက်ကရာဘော်တီဟာ ဆူရှန် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးကူညီခဲ့ကြောင်း စွပ်စွဲခဲ့ရာ ဆူရှန်သေဆုံးမှုဟာ မထင်မှတ်တဲ့ အလှည့်အပြောင်းဖြစ်လာပြီး မီဒီယာတွေမှာ အသားပေးဖော်ပြမှုနဲ့ ခန့်မှန်းချက်တွေ လနဲ့ချီကြာ ဖော်ပြနေခဲ့ပါတယ်။



အသက် ၂၈ နှစ်အရွယ် မင်းသမီးချက်ကရာဘော်တီကတော့ မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ သူမကို မူးယစ်ဆေးဝါးအမှုဖြင့် အိန္ဒိယနိုင်ငံရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (Narcotics Control Bureau-NCB) က စက်တင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ခဲ့တာ ဖြစ်ပါတယ်။

(Photo: TribuneIndia)

NCB က ချက်ကရာဘော်တီကို သုံးရက်ဆက်တိုက် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။။ ယခုအမှုဟာ မင်သားဆူရှန် သေဆုံးမှုကို စုံစမ်းစစ်ဆေးနေမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ယခုအခါ မင်းသမီးချက်ကရာဘော်တီဟာ အာမခံရရှိခဲ့ပြီး ယနေ့ (အောက်တိုဘာ ၇ ရက်) နှောင်းပိုင်းမှာ ပြန်လွတ်မြောက်မယ်လို့ သူမရဲ့ရှေ့နေက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

အလားတူ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရတဲ့ ချက်ကရာဘော်တီရဲ့ မောင်ဖြစ်သူကိုတော့ အာမခံ မပေးခဲ့ပါဘူး။ ၎င်းကလည်း မူးယစ်ဆေးဝါးအမှုဖြင့် စွပ်စွဲထားခြင်းကို ငြင်းဆိုထားပါတယ်။ မင်းသားဆူရှန်ရဲ့ ယခင် နေအိမ်စီမံခန့်ခွဲမှု မန်နေဂျာ Samul Miranda ကိုလည်း မူးယစ်ဆေးဝါးမှုဖြင့်ပင် ဖမ်းဆီးထားခဲ့ပါတယ်။

(Photo: Rhea Chakraborty)

ဆူရှန်နဲ့ ချက်ကရာဘော်တီတို့ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ထိုနှစ် ဒီဇင်ဘာလမှာ အတူနေခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆူရှန် မသေဆုံးမီ တစ်ပတ်အလို ဇွန် ၈ ရက်နေ့မှာ ချက်ကရာဘော်တီက သူမရဲ့ မိဘများထံ ပြန်သွားခဲ့တာဖြစ်ပြီး မင်းသား သေဆုံးချိန်က နေအိမ်မှာ ရှိမနေခဲ့ပါဘူး။

မင်းသမီးချက်ကရာဘော်တီဟာ ဆိုရှယ်မီဒီယာဟာ လှောင်ပြောင်သရော်မှုတွေ လနဲ့ချီ တွေ့ကြုံခဲ့ရပြီး သူမကို သိုက်တူးသမားလို့ သုံးနှုန်းခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ ချက်ကရာဘော်တီက သူမဟာ မမျှတတဲ့ မီဒီယာတွေရဲ့ စီရင်မှုကြုံနေရကြောင်း တရားရုံးချုပ်ထံ အကြောင်းကြားခဲ့ပြီး ထုတ်ပြန်ချက်များနဲ့ ရုပ်သံအင်တာဗျူးများပြုလုပ်ကာ သူမအပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က