သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Emergency: Quantum Leap ဆိုတဲ့ အယ်လ်ဘမ်ဟာ ကိုရီးယားရဲ့ လူကြိုက်အများဆုံး စာရင်းမှာ နံပါတ်တစ် ရရှိခဲ့ပါတယ်။
Ei Ei Mar

X1 အဖွဲ့ဟာ Produce X 101 ပြိုင်ပွဲမှာ ‌အနိုင်ရရှိခဲ့တဲ့ လူငယ်တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ Produce 101 ပြိုင်ပွဲတွေကို 2016 ခုနှစ်တည်းက ကျင်းပခဲ့ပြီး ‌ I.O.I, Wanna One, IZ* One စတဲ့ အဖွဲ့တွေကို ‌‌မွေးထုတ်ပေးခဲ့ပါတယ်။

K Pop group တစ်ခုဖြစ်တဲ့ X1 အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ‌‌အေဂျင်စီတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။

X1 အဖွဲ့ဝင်တွေရဲ့‌ ‌အေဂျင်စီ‌တွေဟာ အဖွဲ့ကို ဆက်လက်ထားရှိသင့်မသင့်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၆ ရက် ( မနေ့) က တိုင်ပင်ခဲ့ကြပြီးတဲ့နောက် ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်လို့ သိရပါတယ်။

X1 အဖွဲ့ဟာ Mnet က ပြုလုပ်ကျင်းပတဲ့ Produce X 101 ပြိုင်ပွဲမှာ ‌အနိုင်ရရှိခဲ့တဲ့ လူငယ် ၁၁ ဦးနဲ့ စုစည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ X1 အဖွဲ့ဟာ ‌‌‌အဖွဲ့လိုက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ‌‌‌ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ‌သြဂုတ်လမှာ ပွဲဦးထွက်ခဲ့ပါတယ်။ .


Photo - Koreaboo

သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် Emergency: Quantum Leap ဟာ ကိုရီးယားရဲ့ လူကြိုက်အများဆုံး စာရင်းမှာ နံပါတ်တစ် ရရှိခဲ့ပြီး ပွဲဦးထွက်သီချင်းဖြစ်တဲ့ Flash ဟာ စုစုပေါင်း ဆု ၁၁ဆု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲအတွင်း မဲလိမ်လည်မှုတွေရှိတယ်ဆိုတဲ့ ပြဿနာ‌ဖြစ်ပေါ်ပြီး ၂၀၁၉ နိုဝင်ဘာလမှာ‌တေ့ာProduce 101 ပြိုင်ပွဲရဲ့ ထုတ်လုပ်သူဟာ မဲလိမ်လည်မှုနဲ့အဖမ်းခံခဲ့ရတယ်လို့ Metro သတင်းမှာ ‌‌ဖော်ပြထားပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ ‌အေဂျင်စီတွေက အဖွဲ့ကို ဆက်လက်ထားရှိသင့်မရှိသင့် ကိစ္စနဲ့ ပတ်သက်လို့ ကာလအတော်ကြာ ဆွေး‌နွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး အခုလို ဖျက်သိမ်းဖို့ အတည်ပြုလိုက်ကြတာဖြစ်ပါတယ်။ X1 အဖွဲ့ဝင်တွေဟာ အခြားအဖွဲ့တွေမှာ ပါဝင်လာမလား၊ တစ်ကိုယ်‌တော်လှုပ်ရှားမှုတွေ ပြုလုပ်မလားဆိုတာ‌တော့ သေချာ‌မသိရသေးဘူးလို့ Metro မှာ ‌‌ဖော်ပြထားပါတယ်။

Photo - Kpop Hits

Produce X 101 အစီအစဥ်ဟာ ကိုရီးယားရုပ်သံ Mnet ကနေထုတ်လွှင့်ပြသတဲ့ အစီအစဥ်တစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင် ၁၀၁ ဦးထဲကမှ ၁၁ ဦးကို ‌‌‌‌ရွေးချယ်ပြီး ‌ကေပေါ့ပ်အဖွဲ့ ဖွဲ့စည်းကာ ပွဲထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ အာရှမှာတဖြည်းဖြည်း နာမည်ကြီးလာပြီးတရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာပါ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

Produce 101 ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်က စတင်ကာ နှစ်စဥ်ကျင်းပခဲ့ပြီး I.O.I, Wanna One, IZ* One စတဲ့ ‌ကေပေါ့ အဖွဲ့တွေကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျင်းပတဲ့ Produce X 101 ပြိုင်ပွဲမှာ‌တော့ Kim Yo Han, Kim Woo Seok, Han Seung Woo, Song Hyeong Jun, Cho Seung Youn, Son Dong Pyo, Lee Han Gyul, Nam Do Hyon, Cha Jun Ho, Kang Min Hee and Lee Eun Sang တို့က အနိုင်ရရှိခဲ့ပြီး X1 အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။


က္က