ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာနေခဲ့တဲ့ကြားက ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟောလိဝုဒ်မင်းသား ဒွိန်းဂျွန်ဆင်နဲ့ သူ့ရဲ့မိသားစုဟာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်ခံခဲ့ရတယ်လို့ နပန်းသမားဟောင်း The Rock အဖြစ်လည်း လူသိများကြတဲ့ မင်းသားက ပြောပါတယ်။

(ဂျွန်ဆင်နှင့် သမီးနှစ်ဦး) (Photo: The Rock/IG)

တစ်ချိန်က The Rock အမည်ဖြင့် နပန်းသမားဖြစ်ခဲ့ဖူးသူ ဂျွန်ဆင်ဟာ လက်ရှိမှာ သရုပ်ဆောင်ကြေး ဝင်ငွေအမြင့်ဆုံး ဟောလိဝုဒ်မင်းသားလည်း ဖြစ်ပါတယ်။ ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာနေခဲ့တဲ့ကြားက သူကိုယ်တိုင်၊ ဇနီးဖြစ်သူနဲ့ သမီးနှစ်ဦးတို့ COVID-19 ကူးစက်ခံခဲ့ရတယ်လို့ မင်းသားဂျွန်ဆင်က ပြောခဲ့ပါတယ်။



ဒါပေမဲ့ အခုအခါမှာတော့ တစ်မိသားစုလုံး COVID-19 ပျောက်ကင်းသွားပြီး ကျန်းမာနေပြီလို့လည်း ဂျွန်ဆင်က ဆိုပါတယ်။ အသက် ၄၈ နှစ်အရွယ် ဂျွန်ဆင်၊ သူ့ရဲ့ဇနီး အသက် ၃၅ နှစ်အရွယ် လောရင်နဲ့ သမီးနှစ်ဦးဖြစ်ကြတဲ့ အသက်လေးနှစ်နဲ့ နှစ်နှစ်အရွယ် ဂျက်စမင်နနဲ့ တီယာနာတို့ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်မှာ ရောဂါကူးစက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။

(ဂျွန်ဆင်နှင့် ဇနီးဖြစ်သူ လော်ရင်) (Photo: Kevin Winter/AFP)

ဂျွန်ဆင်မိသားစုဟာ အလွန်နီးကပ်တဲ့ မိသားစု မိတ်တွေများထံမှ COVID-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူတို့ကတော မည်သို့ ကူးစက်ခံခဲ့ကြရကြောင်း မသိဘူးလို့ ဆိုပါတယ်။ "ဒီဟာက မိသားစုအနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့သမျှ စိန်ခေါ်မှုအဖြစ်ဆုံးနဲ့ အခက်ခဲဆုံး ကြံ့ကြံ့ခံရတာပါပဲ" လို့ မင်းသားဂျွန်ဆင်က Instagram ဗီဒီယိုမှာ ပြောထားပါတယ်။

"ကျွန်တော့်ရဲ့ နံပါတ်တစ် ဦးစားပေးက ကျွန်တော့်မိသားစုကို ကာကွယ်ဖို့ပါ၊ အခုအချိန်မှာ ကျွန်တော်တို့ ကံကောင်းတယ်လို့ အောက်မေ့ပါတယ်၊ ဘာလို့လဲဆိုတော့ COVID-19 ဖြစ်ပြီးရင် အမြဲတမ်း ပိုမိုသန်းစွမ်းကျန်းမာလာ မဟုတ်ဘူးလေ" လို့ ဂျွန်ဆင်က ဆိုပါတယ်။ COVID-19 ကူးစက်ခံရပြီး နေပြန်ကောင်းလာတဲ့ မင်းသားဂျွန်ဆင်က mask တပ်ကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။

(Jumanji: The Next Level ဇာတ်ကားမှ ဂျွန်ဆင်) (Photo: ScreenRant)

မင်းသားဂျွန်ဆင်ဟာ သူ့ရဲ့ဖခင် Rocky ရဲ့ ခြေရာကိုလိုက်ပြီး ပရောဖက်ရှင်နယ် နပန်းသမားတစ်ဦးနဲ့ World Wrestling Entertainment (WWE) စတားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂျွန်ဆင်ဟာ သရုပ်ဆောင်နယ်ပယ်ကို ခြေမချမီ အားကစားမှာ ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်။ သူဟာ The Scorpion King, Fas & Furious 6 နဲ့ Jumanji ဇာတ်ကားများနဲ့အတူ ဟောလိဝုဒ်ရုပ်ရှင်နယ်ပယ်မှာလည်း အောင်မြင်မှုများစွာ ရရှိထားသူပါ။

မင်းသားဂျွန်ဆင်ဟာ ယခုနှစ် ဇွန်လအထိ သရုပ်ဆောင်ကြေး ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၇.၅ သန်းရရှိခဲ့ပြီး ဝင်ငွေအမြင့်ဆုံး မင်းသားအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။ ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာမှာလည်း သရုပ်ဆောင်ကြေး ဝင်ငွေအမြင့်ဆုံးဖြစ်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် ဝင်ငွေအမြင့်ဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က