ဘယ်လောက်တောင် စားကောင်းလိုက်မလဲ။

သမီးလေးတွေအတွက်ဆိုရင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရမှ ကျေနပ်တဲ့ မေမေချစ်သုဝေက အခုလည်း လက်စွမ်းပြ ထားတာ တွေ့ရပါတယ်။ ပေါင်မုန့်ဆိုရင် သိပ်ကြိုက်တဲ့ ခေတ်နဲ့သစ်တို့အတွက် သူမကိုယ်တိုင် အပင်ပန်းခံပီး ပေါင်မုန့်တွေ ဖုတ်ပေးနေ တာတွေ့ရပါတယ်။



Photo : ချစ်သုဝေ FB

 

သမီးလေးတွေအတွက်ဆိုရင် ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရမှ ကျေနပ်တဲ့ မေမေချစ်သုဝေက အခုလည်း လက်စွမ်းပြ ထားတာ တွေ့ရပါတယ်။ ပေါင်မုန့်ဆိုရင် သိပ်ကြိုက်တဲ့ ခေတ်နဲ့သစ်တို့အတွက် သူမကိုယ်တိုင် အပင်ပန်းခံပီး ပေါင်မုန့်တွေ ဖုတ်ပေးနေတာတွေ့ရပါတယ်။ သမီးလေး တွေအတွက် ချက်ပြုတ်ပေးရင်းနဲ့ မိခင်မေတ္တာကိုလည်း နားလည်လာတယ်ဆိုတဲ့အကြောင်းလေးလည်း ပြောထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ FB

 

"ငယ်ငယ်က ကိုယ် အလွယ်ဝယ်စားလို့ရတာတွေ မေကြီးအပင်ပမ်းခံလုပ်ကျွေးရင် ဘာလို့အဲ့လို တွေအပင်ပန်း ခံနေလဲမသိပါဘူး ဆိုပြီး တစ်ခါတစ်ခါ အပြင်စာ စားချင်စိတ်နဲ့ငြိုငြင်မိသေး..ခုတော့ treza ဆိုတဲ့ကျွန်မ "သားသမီးအတွက်ဆိုအရာရာ safe ဖြစ်အောင် ကိုယ်တိုင် လုပ်ရမှ" ဆိုတဲ့ အမေတစ်ယောက်ရဲ့ ဇောလောဘတွေဖြစ်နေရပါပြီ.ခေတ်လေး နဲ့သစ်လေးက ပေါင်မုန့်သိပ်ကြိုက်လေတော့.ကိုယ်တိုင်လုပ် ပေးချင်လာတယ်လေ.မေကြီးကလည်းပေါင်မုန့်ဆိုချေးပေါလေတော့ ကိုယ့်လက်ရာလေးတစ်လှည့်ကျွေးချင်တယ်လေ" ဆိုပြီး အောက်တိုဘာ (၁၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ FB

 

သမီးလေးတွေအတွက် ပေါင်မုန့်လေးတွေ ကိုယ်တိုင် ဖုတ်ပေးနေတဲ့ မေမေချစ်သုဝေရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ထည့်ပေးလိုက်တယ်နော်။ လက်ရှိမှာ ချစ်သုဝေတို့ မိသားစုလေး အင်းလေးဘက်သို့ အပျော်ခရီးသွားနေတယ်လို့ သိရပါတယ်။ ခေတ်နဲ့ သစ်လေးတို့နဲ့အတူ လေဆိပ်မှာ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၁၅) ရက်နေ့ တင်ထား တာတွေ့ရပါတယ်။

ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာ အသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။

Photo : ချစ်သုဝေ FB

နာမည်တူ ဖေ့စ်ဘွတ်ပေ့ချ် အတုတွေကြောင့် စိတ်ညစ်နေရတဲ့ ချစ်သုဝေ 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

Photo : ချစ်သုဝေ FB

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က