အခုလည်း ကျောက်ပန်းတောင်းမှာ အလှူလုပ်ခဲ့ပါသေးတယ်။
Sabal Thwin

ကြာစိနဲ့ ဇနီးချော ဆုဟန်နီဖြိုးတို့က ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ နှစ်ကျပ်ခွဲကျေးရွာက သိမ်တော်တောင်ကျောင်း မှာ အလှူ အတန်း တွေလုပ်ခဲ့ကြပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် တကယ်လက်မနှေးတဲ့ သူတွေဖြစ်ပါတယ်။

Photo: ဆုဟန်နီဖြိုးဖေ့စ်ဘွတ်

 

ဟာသ သရုပ်ဆောင် လူရွှင်တော် ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးတို့ဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်နေကြသူတွေပါ။ အခုလည်း ဆုဟန်နီဖြိုးရဲ့ အဘိုး မွေးရပ်ဇာတိမှာလည်း လိုအပ်တဲ့ နေရာတွေမှာ အလှူလုပ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

'' ကျေးဇူးရှင်အဘိုး မွေးရပ်ဇာတိ၌ ပြုခဲ့သော ကုသိုလ်ကောင်းမှုတစ်ခု နတ်လူသာဓုခေါ်စေသော်။ မိမိပြုသောအလှုကုသိုလ် ၇ရက်သားသမီး အားလုံး ထပ်တူထပ်မျှ ရရှိပါစေ'' ဆိုပြီးတော့ ဟာသသရုပ်ဆောင် လူရွှင်တော် ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီက တင်ခဲ့တာဖြစ်ပါတယ်။

 

ကြာစိ နဲ့ ဆုဟန်နီဖြိုးတို့ဟာ ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ နှစ်ကျပ်ခွဲကျေးရွာက သိမ်တော်တောင်ကျောင်းလို့ အမည်ပေးထားတဲ့ ရှေး ဟောင်းကျောင်းတော်ကြီး ရဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည်ပြုပြင်ဖို့အတွက် ငွေကျပ် ၂ သိန်းလှူခဲ့တယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင် နှံကတော့ အလှူအတန်းကို အမြဲမပြတ် ဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်။

Photo: ဆုဟန်နီဖြိုးဖေ့စ်ဘွတ်

သမီးလေးက ကျွန်တော်နဲ့တူတယ်လို့ပြောလာတဲ့ ကြာစိ 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

Photo: ဆုဟန်နီဖြိုးဖေ့စ်ဘွတ်

 

ကြာစိဟာ သူဝါသနာပါတဲ့ အနုပညာအလုပ် တွေ လုပ်ရင်းနဲ့ ရတဲ့ ကြေးငွေးတွေနဲ့ အလှူအတန်းတွေကိုလည်း အဆက်မပြတ်ပြု လုပ်နေ သူဖြစ်ပါတယ်။  လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သားလေးနဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။


Author


က္က