ရဲလေးကတော့ ဆရာဖြစ်သူကို ဂါရဝပြုခဲ့ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က သူ့ကိုလာရောက်ဂါရဝပြုခဲ့တဲ့ ရဲလေးအတွက် ဆုတောင်းစကားတွေပြောပြခဲ့ပါတယ်။ သူကိုယ်တိုင် ကလည်း အောင်မြင်တဲ့ ဒါရိုက်တာဖြစ်သလို တပည့်တစ်ဦးဖြစ်တဲ့ ရဲလေးကလည်း အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

Photo: မောင်မျိုးမင်း ဖေ့စ်ဘွတ်

 

အဆိုတော် ရဲလေး က သူ့ရဲ့ ဆရာတစ်ယောက်ဖြစ်သူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကို အောက်တိုဘာလ ၃၁ ရက်နေ့က သွား ရောက်ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။ သိတတ်လိမ္မာတဲ့ တပည့်တစ်ဦးဖြစ်သူ ရဲလေးအတွက် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က အခု လို ဆုတောင်းစကားပြောလိုက်ပါတယ်။

'' အောင်မြင်မှုအတွဋ်အထိပ်သို့ရောက်ရှိပြီး အောင်မြင်မှုရေရှည်တည်တန့်နိုင်ပါစေသား။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်း သူတပါးထက်

အလျင်အမြန်သိလွယ်တတ်လွယ်နိုင်ပါစေ သားရဲလေးရေ'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၂ နာရီက ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာတွေ့ရပါတယ်။

Photo: မောင်မျိုးမင်း ဖေ့စ်ဘွတ်

 

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့ အဆိုတော်ရဲလေး တို့ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အတူတူ ရိုက်ကူးလျှက်ရှိပါတယ်။ အဲ့ဒီ နောက် နှင်းဆီ အငြိမ့် အဖွဲ့ဝင်တွေအဖြစ် ဖျော်ဖြေရေးတွေလည်း လုပ်ဖြစ်နေတာ ရှိသလို ပရဟိတ လုပ်ငန်းတွေမှာလည်း အတူ ပါဝင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ နှင်းဆီ အငြိမ့် အဖွဲ့မှာတော့ နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း နဲ့ မင်းမော်ကွန်းတို့ ပါဝင်ကြ ပါတယ်။

Photo: မောင်မျိုးမင်း ဖေ့စ်ဘွတ်

မကြာခင်ရက်ပိုင်း နားဆင်ရတော့မယ့် ရဲလေးရဲ့ သီချင်းသစ် 

ဒါရိုက်တာ မောင်မျိုးမင်းဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူး ပုံဖော် လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

Photo: မောင်မျိုးမင်း ဖေ့စ်ဘွတ်

 

ရဲလေးကတော့ အခုလက်ရှိမှာ YLJK Entertainment ကို ညီဖြစ်သူ ဂျိုကာနဲ့ အတူတွဲပြီး ဦးစီးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးဖြစ်သလို သီချင်းတွေလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုဖြစ်နေပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ ''လေးလုံး'' သီချင်းကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က