တကယ်ကို ကြည်နူးစရာ မင်္ဂလာပွဲလေးဖြစ်ခဲ့ပါတယ်။

မြနှင်းရည်လွင်နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း မြနှင်းရည် လွင် တစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေရတာကိုလည်း တွေ့ရပါတယ်။

Photo: မြနှင်းရည်လွင်ဖေ့စ်ဘွတ်


သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်တို့ဟာ နိုဝင်ဘာလ ၃ ရက်နေ့ (ဒီနေ့)မှာပဲ မင်္ဂလာသက်တမ်း ၄ နှစ်ပြည့်ခဲ့ပြီလို့ သိရ ပါ တယ်။ မြနှင်းရည်လွင် ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆောင်ရွက်နေရတာဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်း ဇနီးချောလေးအတွက် ပံ့ပိုးကူညီတာတွေ များတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' ၃.၁၁.၂၀၁၈ M & M မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တာ ၄နှစ်ပြည့်ပါပြီ '' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၁ နာရီခွဲက မြနှင်းရည်လွင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့ မင်္ဂလာပွဲနေ့က အမှတ်တရ ဓာတ်ပုံလေးတွေ စုစည်းပြီး တင်ခဲ့ တာကို တွေ့ရပါတယ်။

Photo: မြနှင်းရည်လွင်ဖေ့စ်ဘွတ်


အိမ်ထောင်သက်တမ်း ၄ နှစ်ရှိပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံက ကလေးယူဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဒါကလည်း ဇနီးမောင်နှံ နှစ်ယောက်မှာရှိတဲ့ သွေးအမျိုးအစားကြောင့် ကလေး မယူဖြစ်ကြတာပါလို့လည်း Duwun Media ကနေ အခုလို ပြောပြခဲ့ပါတယ်။

'' အိမ်ထောင်သက်ကတော့ အခုဆို ၃ နှစ်ပြည့်ပါပြီ။ ကလေးမယူဖြစ်တဲ့အကြောင်းကလည်း ဆရာဝန်တွေပဲ နားလည်မယ် အစ်မရဲ့ သွေးက AB , သူကကျတော့ O သွေး Negative အဲ့ဒီနှစ်ခုပေါင်းရင် နည်းနည်းလေး ဂယက်ရှိတယ်လို့ ကြားဖူးတယ်။ အဲ့ဒါကြောင့် အစ်မကလည်း အဲ့ဒါကြီးကို မယူချင်တော့တဲ့ အခါကျတော့ကလေး မယူဖြစ်တော့တာပါ'' လို့ သူကဆိုပါတယ်။

Photo: မြနှင်းရည်လွင်ဖေ့စ်ဘွတ်

ကလေးမယူဖြစ်တဲ့ အကြောင်းရင်းကို ပြောပြတဲ့ မြနှင်းရည်လွင် 

သူငယ်ချင်းဆက်ဆံရေးကနေ အိမ်ထောင်ဖက်တစ်ဦးဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်ဟာ မြနှင်းရည်လွင်အတွက်တော့ တကယ်ကို အိမ်ထောင်ဖက်ကောင်း ပီသတဲ့ ခင်ပွန်းတစ်ဦးပါလို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' သူနဲ့ကိုယ်က သူငယ်ချင်းလိုစခဲ့ပြီးမှ ဒီလိုမျိုးရောက်လာတဲ့အခါကျတော့ ပြောမနာဆိုမနာလည်းဖြစ်တယ်၊ အားလုံး ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင်လည်း ရှိကြတော့ ကိုယ်ကလည်း တစ်ခါတလေကျရင် မင်းသားတွေလည်း ပါးစပ်ထဲကနေ လျှောက်နောက်နေလည်း သူက ဘာမှ မဖြစ်ဘူးဆိုတော့ တော်တော်လေးကို တစ်ခါမှမမြင်ဖူးတဲ့ ယောကျ်ားကောင်းတစ်ယောက်ပါ'' လို့ ဆိုပါတယ်။

Photo: မြနှင်းရည်လွင်ဖေ့စ်ဘွတ်


သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က