မွေးနေ့မှာ အတူတူ ရှိမပေးနိုင်ခဲ့ဘူး။

တိုင်ရွန်ကတော့ သူ့ရဲ့ မိခင်အတွက် မွေးနေ့ဆုတောင်းစကားကို ရိုက်ကွင်းပေါ်ကနေတဆင့် ပြောပြလိုက်တာဖြစ်ပါတယ်။ သူ့ အနေနဲ့ ဝါသနာ ပါတဲ့ အနုပညာအလုပ်တွေနဲ့ပဲ မိဘတွေကို စိတ်ချမ်းသာအောင် လုပ်ကျွေးချင်တယ်လို့ ဆိုပါတယ်။



Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

မိန်းကလေးပရိသတ်တွေ အများကြီး အားပေးမှုရရှိထားတဲ့ တိုင်ရွန်ဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မိခင်အတွက် မွေးနေ့ ဆုတောင်းစကားကို အခုလို ပြောပြထားပါတယ်။ သူဟာ အနုပညာအလုပ်တွေ လုပ်နေရသူဖြစ်တာကြောင့် မိခင်ရဲ့ မွေးနေ့မှာ အတူတူရှိမနေ ပေးနိုင်ခဲ့တဲ့အတွက် ရိုက်ကွင်းပေါ်ကနေပဲ ဆုတောင်းစကားပြောခဲ့တာဖြစ်ပါတယ်။

'' ပျော်ရွှင်သော မွေးနေ့လေးပါ မာမားရေ ကျန်းမာရေးလည်း ဂရုစိုက်ပါ။ သီတင်းကျွတ်လည်းမကန်တော့နိုင် မွေးနေ့လည်း အတူမရှိနိုင် တာ ခွင့်လွှတ်ပါ သား အိမ်ကိုသတိရပါတယ်။ အလုပ်လည်းကြိုးစားနေပါတယ် တူတူကောင်းကောင်းနေနိုင်ဖို့ ချစ်တယ် မားရေ'' ဆိုပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့  ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

ဖေ့စ်ဘွတ် အကောင့်အတုတွေကို သတိထားဖို့ပြောလိုက်တဲ့ တိုင်ရွန်  

မိခင်အတွက် မွေးနေ့ဆုတောင်းပေးရင်း သူချစ်ရတဲ့ မေမေ နဲ့ ဓာတ်ပုံကိုလည်း အမှတ်တရ တွဲတင်ထားတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို သြဂုတ်လ ၃၀ ရက်နေ့က Oppo F9 Launch Event ပွဲကို တက်ရောက်လာရင်း ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေ ချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော် ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ဟာ မကြာခဏဝေဖန်တိုက်ခိုက် ခံရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ တချို့ အကြောင်းအရာတွေ မှာ ဆိုရင် ပြန်လည်ဖြေရှင်းခဲ့တာမျိုးတွေ ရှိတဲ့အတွက်  မရင့်ကျက်ခဲ့မိဘူးလို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' အနေအထိုင်မတတ်ဘူးဆိုတာကလည်း ကျွန်တော်ကိုယ်တိုင် မရင့်ကျက်တာပေါ့၊ တချို့ကိစ္စတွေကို ပြန်ရှင်းပြမိတယ်၊ တချို့ကိစ္စတွေမှာ လည်း ရိုင်းရိုင်းစိုင်းစိုင်းလေး ပြန်ပြောမိတာမျိုးရှိတယ်။ ဒါက အနေအထိုင်မတတ်တာလို့လည်း ပြောလို့ရတယ်။ သွားပြီးတော့ အဖတ်လုပ်မိ နေတာက ကျွန်တော်အနေအထိုင်မတတ်တာပါ'' လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်ဖေ့စ်ဘွတ်

 

တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာ တ်ကားဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ရတဲ့ ဇာတ်ကားဖြစ်တာကြောင့် စိတ်လှုပ်ရှား နေရတယ်လို့ သိရပါတယ်။



က္က